အဆင့်ဆင့်တက်လှမ်းသည့်လမ်းကြောင်း မိတ်ဆက်

ဗုဒ္ဓမြတ်စွာသည် တရားဒေသနာတော်ပေါင်း ၈၄၀၀၀ ဟောကြားခဲ့သည်ဟု ပြောလေ့ရှိပါသည်။ ဟောကြားခဲ့သည့် တရားများမှာ အကြောင်းအရာ၊ အတိုင်းအတာ အလွန်စုံလင်ကျယ်ပြန့်သောကြောင့် ထိုသို့ပြောကြခြင်းဖြစ်သည်။ သုတ္တန်မျိုးစုံကို ဖတ်ရှုခြင်းဖြင့် များစွာအကျိုးရှိနိုင်သလို မိမိကို အမှန်တကယ် အကျိုးပြုမည့်ပုံစံဖြင့် တရားတော် အနှစ်သာရများ ထုတ်ယူရန်မှာ တစ်ခါတစ်ရံ ခက်ခဲတတ်ပါသည်။ ဤနေရာတွင် အိန္ဒိယနှင့် တိဘက် ဆရာတော်ကြီးများ ကြိုးစားထားသည့်အရာကို လေ့လာကြပါမည်။ ဗုဒ္ဓမြတ်စွာ၏ သတင်းစကားအားလုံးကို တိဘက်ဘာသာဖြင့် ‘‘လမ်-ရင်း’’ ဟုခေါ်သည့် အဆင့်လိုက် အစီအစဉ်ဖြင့် စုစည်းထားရာ ဉာဏ်အလင်းရရှိရေးအတွက် အမြဲတမ်း လိုက်နာသွားနိုင် ပါသည်။
Top