မမြဲခြင်းဆိုတာဘာလဲ။

မမြဲခြင်း သို့မဟုတ် ဘာမှမရှိခြင်းသည် “ဆိတ်သုဉ်းခြင်း” မဟုတ်ပါ။ မည်သည့်အရာမှ မတည်ရှိသောကြောင့် သင့်ပြဿနာအားလုံးသည်လည်း မတည်ရှိသည့်အတွက် ယင်းတို့ကို မေ့ပစ်ရမည်ဟု မဆိုလိုပါ။ ဘာမှမရှိခြင်း ဆိုသည်မှာ မဖြစ်နိုင်သောနည်းဖြင့် တည်ရှိမှုများ အလုံးစုံမရှိခြင်း ဖြစ်ပါသည်။ အရာရာ တည်ရှိနေပုံနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ မှန်းဆစိတ်ကူးယဉ်မှုများက အမှန်တရားနှင့် မကိုက်ညီပါ။ ကျွန်ုပ်တို့၏ ပြဿနာများ အပါအဝင် အရာရာဘက်မှကြည့်လျှင် ၎င်းတို့ကိုယ်ပိုင်အစွမ်းဖြင့် ပြဿနာကို မပြုလုပ်ပါ။ အစဉ်အလာအရ ၎င်းတို့သည် ဂရုစိုက်ရမည့် ပြဿနာ ဖြစ်ချင်ဖြစ်နိုင်သော်လည်း ယူဆချက်က သတ်မှတ်ထားသည့်အတိုင်း “ပြဿနာ” ဆိုသည့် အယူအဆနှင့် စကားလုံးအနေနှင့်သာ ပြဿနာဖြစ်သည်ဟု တွက်ဆနိုင်ပါသည်။

ဘာမှမရှိခြင်း (သက္ကတဘာသာဖြင့် သုညတ)၊ အင်္ဂလိပ်ဘာသာတွင် “မမြဲခြင်း” ဟု ပိုပြီးလူသိများသော အရာသည် ဗုဒ္ဓမြတ်စွာ၏ အဓိကသိမြင်မှုတစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာသည် ဘဝတွင် လူတိုင်းလူတိုင်း၏ ပြဿနာများတွင် အနက်ရှိုင်းဆုံး အရင်းအမြစ်သည် သူတို့ရော၊ အခြားသူများရော၊ အရာအားလုံး တည်ရှိနေပုံနှင့် ပတ်သက်ပြီး သူတို့၏ ရှုပ်ထွေးနေမှုကြောင့် ဖြစ်သည်ကို သိမြင်တော်မူပါသည်။ သူတို့စိတ်သည် အရာရာအပေါ် မဖြစ်နိုင်သော နည်းလမ်းများဖြင့် တည်ရှိနေပုံဖြင့် မှန်းဆပါသည်။ သူတို့မှန်းဆသောအရာက အမှန်တရားနှင့် မသက်ဆိုင်သည်ကို သတိမပြုမိသည့်အတွက် လူတို့သည် မသိမှုမှတစ်ဆင့် မိမိကိုယ်တိုင်အတွက် ပြဿနာနှင့် ဆင်းရဲဒုက္ခများ ဖန်တီးမိပါသည်။ ဥပမာ၊ မိမိသည် အရှုံးသမားဖြစ်ပြီး ဘာပဲလုပ်လုပ် ဘဝတွင် မအောင်မြင်နိုင်ကြောင်း မှန်းဆထားပါက မိမိကိုယ်ကို တန်ဖိုးထားမှု လျော့နည်းသည့် စိတ်ဓာတ်ကျမှု ဖြစ်လာရုံသာမက ယုံကြည်မှုပါ ပျောက်ဆုံးပြီး ဘဝတိုးတက်ရေးအတွက် မကြိုးစားဘဲ လက်လျှော့မိနိုင်ပါသည်။ ဘဝတွင် အဆင့်နိမ့်သူကဲ့သို့ အရှုံးပေးမိပါသည်။

ဘာမှမရှိခြင်း ဆိုသည်မှာ အလုံးစုံမရှိခြင်း၊ ကျွန်ုပ်တို့ပင်ကိုသိစိတ်အရ မှန်းဆသောအရာနှင့် ပတ်သက်ပြီး အမှန်တကယ် တည်ရှိမှု မရှိခြင်းကို ဆိုလိုပါသည်။ ကျွန်ုပ်တို့သည် မိမိ၏ စိတ်ကူးယဉ်မှုများ မှန်ကန်သည်ဟု စွဲမြဲယုံကြည်သည့် အလေ့အထကြောင့် ယင်းသို့စိတ်လိုက်မာန်ပါ မှန်းဆပါသည်။ ဥပမာ၊ “အရှုံးသမား” သည် စကားလုံးနှင့် အယူအဆသာ ဖြစ်ပါသည်။ မိမိကိုယ်ကို “အရှုံးသမား” ဆိုသည့်အယူအဆဖြင့် နာမည်တပ်ကာ “အရှုံးသမား” စကားလုံး သို့မဟုတ် အမည်ဖြင့် မိမိကိုယ်ကို သတ်မှတ်လိုက်သောအခါ ဤသည်မှာ ယူဆချက်များသာ ဖြစ်သည်ကို သဘောပေါက်ဖို့ လိုပါသည်။ ကျွန်ုပ်တို့သည် ဘဝတွင် အကြိမ်များစွာ ကျရှုံးခြင်း သို့မဟုတ် လုံးဝမကျရှုံးခြင်းတို့ ရှိချင်ရှိနိုင်သော်လည်း ကျွန်ုပ်တို့သည် လုံလောက်အောင် မတော်သည့်အတွက် အရှုံးသမားများဆိုပြီး ပြီးပြည့်စုံလိုစိတ်ဖြင့် ခံစားရပါသည်။ ထိုကိစ္စ နှစ်ခုစလုံးတွင် ကျွန်ုပ်တို့၏ အောင်မြင်မှု၊ ရှုံးနိမ့်မှုများအပြင် ဘဝတွင် ဖြစ်ပျက်နေသောအရာများစွာ ရှိပါသည်။ သို့သော် မိမိကိုယ်ကို အရှုံးသမားဟု အမည်တပ်ခြင်းဖြင့် “အရှုံးသမား” ဆိုသည့်အကန့်ထဲသို့ စိတ်ဖြင့် မိမိကိုယ်ကို ထည့်လိုက်ပါသည်။ ဤအကန့်ထဲမှ လူတစ်ယောက်အဖြစ် အမှန်တကယ် တည်ရှိနေသည်ဟုလည်း ယုံကြည်လာပါသည်။ တကယ်တော့ ဤအကန့်ထဲတွင် ကျွန်ုပ်တို့ ကျိန်းသေ ရှိနေသည်ဟု ဆိုခြင်းမှာ ပင်ကိုအရ တစ်ခုခု မှားနေသော သို့မဟုတ် ဆိုးရွားနေသော အရာတစ်ခုရှိသည်ဟု ကျွန်ုပ်တို့စိတ်ကူးပါသည်။ ၎င်းသည် ကျွန်ုပ်တို့ကို ဤအကန့်ထဲတွင် ၎င်းကိုယ်ပိုင်အစွမ်းဖြင့် ဘဝတွင် အခြားဆောင်ရွက်ချက်များ သို့မဟုတ် အခြားသူများ တွေးတောပုံအပေါ် တည်မှီခြင်း မရှိဘဲ တည်ရှိနေသည်ဟု သတ်မှတ်လိုက်ပါသည်။

ဤသို့ တစ်စုံတစ်ယောက်သည် အရှုံးသမားဆိုသော အကန့်ထဲတွင် ပိတ်မိကာ ထိုသို့ရှိနေထိုက်သည်ဆိုသော တည်ရှိမှု နည်းလမ်းမှာ လုံးဝစိတ်ကူးယဉ်မှု ဖြစ်ပါသည်။ ၎င်းသည် အစစ်အမှန် တစ်ခုခုနှင့် မဆက်စပ်ပါ။ မည်သူမျှ အကန့်ထဲတွင် ပိတ်မိပြီး မတည်ရှိပါ။ အရှုံးသမားကဲ့သို့ ကျွန်ုပ်တို့ တည်ရှိမှုသည် မိမိကိုယ်ကို သတ်မှတ်သော အယူအဆနှင့် အမည်အပေါ်တွင်သာ မှီခိုပြီး ပေါ်ထွက်လာပါသည်။ ယင်းတို့သည် တစ်ယောက်ယောက်ကို သင့်တော်စွာ သက်ဆိုင်မှု ရှိနိုင်ပါသည်။ ဥပမာ၊ ဖဲကစားပြီး ရှုံးသောအခါ ထိုအခြေအနေသည် အစဉ်အလာအရ သူတို့က အရှုံးသမား ဖြစ်ပါသည်။ သို့သော် မည်သူမျှ တကယ့် အရှုံးသမား ဖြစ်သည့်အတွက် ဘယ်တော့မှ အောင်မြင်နိုင်ခြေ မရှိတော့ပါဆိုပြီး ပင်ကိုအရ အရှုံးသမားကဲ့သို့ မတည်ရှိကြပါ။

ကျွန်ုပ်တို့ အရှုံးသမားကဲ့သို့ တည်ရှိမှုမျိုး မရှိခြင်းကို သဘောပေါက်သောအခါ ဤနည်းဖြင့် တည်ရှိသောအရာမျိုး မရှိကြောင်း နားလည်လာပါသည်။ ၎င်းသည် အမှန်တရားနှင့် မသက်ဆိုင်ပါ။ ကျွန်ုပ်တို့သည် တကယ်ပင် အရှုံးသမားဖြစ်သည်ဟု ခံစားရသည်မှာ တစ်ခုခုကို တစ်ခါတစ်ရံ ရှုံးနိမ့်ခဲ့နိုင်သောကြောင့် မိမိကိုယ်ကို သတ်မှတ်သော “အရှုံးသမား” အယူအဆနှင့် စကားလုံးအတွက်သာ သက်ဆိုင်နိုင်ပါသည်။ သို့သော် ၎င်း၏ကိုယ်ပိုင်အစွမ်းဖြင့် ကျွန်ုပ်တို့ကို အမြဲတမ်း အရှုံးသမားမှလွဲ၍ တခြားမဖြစ်နိုင်အောင် ပြုလုပ်သည်မှာ ပင်ကိုအရ ကျွန်ုပ်တို့မှာ တစ်ခုခုမှားနေခြင်း မရှိပါ။ ထို့ကြောင့် ဘာမှမရှိခြင်း ဆိုသည်မှာ ဤသို့မဖြစ်နိုင်သော နည်းလမ်းဖြင့် တည်ရှိမှုမျိုး အလုံးစုံမရှိခြင်း ဖြစ်ပါသည်။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် မည်သူမျှ ထိုနည်းဖြင့် မတည်ရှိနိုင်ပါ။

ကျွန်ုပ်တို့၏ စိတ်ကူးယဉ်မှုများကို ပြန်ဖြိုဖျက်ကာ ယင်းတို့ကို မယုံကြည်တော့ရန်အတွက် ဘာမှမရှိခြင်းနှင့် အတော်ရင်းနှီးရပါမည်။ သို့သော် ဘာမှမရှိခြင်းအပေါ် ဇွဲလုံ့လဖြင့် တရားရှုမှတ်ပါက မိမိကိုယ်ကို အရှုံးသမားဟု အမည်တပ်သည့် အလေ့အထ ဖြစ်လာသောအခါ ဤသည်မှာ အဓိပ္ပာယ် မရှိကြောင်း တဖြည်းဖြည်း သဘောပေါက်လာပြီး ကျွန်ုပ်တို့၏ စိတ်ကူးယဉ်မှုကို ဖယ်ရှားနိုင်ပါမည်။ နောက်ဆုံးတွင် ထိုအလေ့အထကို ချိုးဖျက်ကာ မိမိကိုယ်ကို အရှုံးသမားဟု လုံးဝပြန်မတွေးမိတော့ပါ။


အကျဉ်းချုပ်

မည်သည့်အရာမှ မဖြစ်နိုင်သော နည်းလမ်းများဖြင့် မတည်ရှိခြင်းမှာ မည်သည့်အရာမှ မတည်ရှိခြင်းကို မဆိုလိုပါ။ ဘာမှမရှိခြင်းသည် မိမိကိုယ်ကို သတ်မှတ်သော ပင်ကိုတည်ရှိမှုကဲ့သို့ မဖြစ်နိုင်သော နည်းလမ်းများဖြင့် တည်ရှိမှုကိုသာ ငြင်းဆိုပါသည်။ စကားလုံးနှင့် အယူအဆများ၏ ယူဆချက်နှင့်အညီ “ဤအရာ” သို့မဟုတ် “ထိုအရာ” စသည်တို့ တည်ရှိခြင်းကို ငြင်းဆိုသည် မဟုတ်ပါ။

Top