ရာဇဝင်နှင့် ယဉ်ကျေးမှု

ဗုဒ္ဓဘာသာက အရာရာသည် အကြောင်းတရားများနှင့် အခြေအနေများကြောင့် ပေါ်ထွက်လာသည်ဟု သွန်သင်ဆုံးမထားသလို ဓမ္မသည်လည်း ထိုနည်း၎င်းပင် ဖြစ်သည်။ ဗုဒ္ဓဘာသာ ပြန့်ပွားရာ နိုင်ငံတစ်ခု၏ ရာဇဝင်နှင့် ယဉ်ကျေးမှုသည် ၎င်း၏တိုးတက်မှုကို သက်ရောက်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ဗုဒ္ဓဘာသာဝင်တို့သည် အဘက်ဘက်မှ ပြည့်စုံစေရေးအတွက် မတူညီသော ယုံကြည်မှုရှိသူများအား စိတ်ကူးစိတ်သန်းများ ဖလှယ်လာကြပါသည်။ ယခုဆိုလျှင် ဗုဒ္ဓဘာသာ စိတ်ကူးစိတ်သန်းနှင့် နည်းလမ်းများသည် ကမ္ဘာတစ်ဝန်းတွင် ပြန့်နှံ့နေပြီး လူတို့သည်လည်း ဘဝ၏နယ်ပယ်စုံတွင် ဗုဒ္ဓဘာသာစည်းမျဉ်းများအတိုင်း ပြုပြင်လိုက်နာလာကြပါသည်။
Top