စတုတ္ထသစ္စာ- မှန်ကန်သောလမ်းကြောင်း

မှန်ကန်သော ဆင်းရဲဒုက္ခများဖြစ်စေသည့် မှန်ကန်သော အကြောင်းရင်းများကို အမှန်တကယ် ရပ်တန့်စေနိုင်သည့် မှန်ကန်သောလမ်းသည် ဘာမှမရှိခြင်းကို အယူအဆမပါဝင်သော သိမြင်မှုဖြစ်ပါသည်။ ဘာမှမရှိခြင်း (အနတ္တ) သည် မိမိ၊ အခြားသူများနှင့် ဖြစ်စဉ်များအားလုံးတို့၏ တည်ရှိမှုအပေါ် မှန်ကန်သည်ဟု မှားယွင်းယူဆထားသလို မည်သည့်အရာမျှ မတည်ရှိခြင်း ဖြစ်ပါသည်။ ဘာမှမရှိခြင်းကို အယူအဆမပါဝင်သော သိမြင်မှုသည် မှန်ကန်သော ချုပ်ငြိမ်းမှု ဖြစ်စေသည့်လမ်းကြောင်းအဖြစ် ဆောင်ရွက်သည့် စိတ်၏ မှန်ကန်သောလမ်းကြောင်း ဖြစ်ပါသည်။

ပထမ၊ ဒုတိယနှင့် တတိယသစ္စာများ

ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ရသည့် မှန်ကန်သော ဆင်းရဲဒုက္ခမှာ မပျော်ရွှင်မှုနှင့် စိတ်မကျေနပ်ဖွယ် ပျော်ရွှင်မှုတို့ကို အတက်အကျဖြင့် ကျွန်ုပ်တို့က ဆက်လက်ဖြစ်ပေါ်စေပြီး ကြုံတွေ့ခြင်းနှင့် ယင်းသို့ကြုံတွေ့ရသည့် အကန့်အသတ် ရှိသော ကိုယ်နှင့်စိတ်ကို အဖန်တလဲလဲ ရရှိထားခြင်း ဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာက ဟောကြားခဲ့ပါသည်။ ထိုအတွက် မှန်ကန်သော အကြောင်းရင်းမှာ ကျွန်ုပ်တို့နှင့် ထိုခံစားချက်များ တည်ရှိပုံတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ သတိမရှိမှု (လျစ်လျူရှုမှု) ဖြစ်သည်။ ယင်းတို့သည် မဖြစ်နိုင်သောနည်းလမ်းများဖြင့် တည်ရှိသည်ဟု ကျွန်ုပ်တို့ကယုံကြည်ပါသည်။ ဥပမာ၊ မိမိကိုယ်တိုင်ကန့်သတ်သော အခိုင်အမာကိုယ်ထည်အဖြစ် ယုံကြည်ကာ ဤသို့လှည့်ဖြားပြီး ထင်မြင် ယုံကြည်မှုသည် ၎င်းတို့အမှန်တကယ် တည်ရှိခြင်းဖြစ်သည်ဟု ထင်မြင်လာပါသည်။ ဤသို့လွဲမှားယုံကြည်မှုကြောင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ဖြစ်စေပြီး တွန်းပို့သည့် ကံစေ့ဆော်မှုများ ဆက်ဖြစ်စေကာ “အတ္တ” ဟုကျွန်ုပ်တို့ယူဆသည့်အရာကို အသားပေးရန် သို့မဟုတ် ကာကွယ်ရန်ဆောင်ရွက်ပါသည်။ သို့သော် ယင်းတို့မှာ ထင်ယောင်မြင်ယောင်ဖြစ်မှုများသာတည်း။ ကွယ်လွန်ခါနီးအချိန်တွင်လည်း ဤလွဲမှားယူဆမှုသည် အကန့်အသတ် ရှိသည့်ကိုယ်နှင့်စိတ်ဖြင့် ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှု (သံသရာ) လည်စေပါတော့သည်။

သို့သော် ဤမှန်ကန်သော အကြောင်းရင်းများကို ဖယ်ရှားခြင်းဖြင့် မှန်ကန်သော ဆင်းရဲဒုက္ခများ နောက်ထပ် မဖြစ်ပေါ်အောင် ဖယ်ရှား၍ရနိုင်ကြောင်း ဗုဒ္ဓမြတ်စွာ သိမြင်တော်မူပါသည်။ စတုတ္ထသစ္စာသည် အဆိုပါ မှန်ကန်သောရပ်တန့်မှုဖြစ်စေသည့် မှန်ကန်သောဖြေဆေးနှင့် သက်ဆိုင်ပါသည်။

မသိနားမလည်မှုကို ထာဝရဖယ်ရှားရန် မှန်မှန်ကန်ကန်နားလည်မှုသည် မှန်ကန်သောလမ်းကြောင်းဖြစ်သည်

ပုံမှန်အားဖြင့် မပျော်ရွှင်မှု၊ စိတ်မကျေနပ်ဖွယ်ပျော်ရွှင်မှု သို့မဟုတ် ဘာမှမခံစားရမှု တစ်ခုခုကြုံတွေ့ရသောအခါ ၎င်းသည်ထာဝရ တည်ရှိလိမ့်မည်ဟု တွေးထင်ပြီး အခိုင်အမာ ရေးကြီးခွင်ကျယ် ပြုလုပ်ပါသည်။ သို့သော် ကျွန်ုပ်တို့ကြုံရသည့် ခံစားမှုတိုင်းတွင် ဘာမှထူးခြားမှု မရှိပါ။ အားလုံးသည် မတည်ငြိမ်သလို မတည်မြဲပါ။ ရှိနေသည့်ကာလတွင် အနည်း၊ အများ အမြဲတမ်း ပြောင်းလဲနေပြီး နောက်ဆုံးတွင် သဘာဝအလျောက် အဆုံးသတ်သွားပါသည်။ ထိုအချက်ကို သတိမရှိဘဲ ဆန့်ကျင်ဘက်တွေးထင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် “ဒီပျော်ရွှင်မှုကနေ ငါ ဘယ်တော့မှ ခွဲခွာမသွားချင်ဘူး။ အရမ်းကောင်းတယ်” သို့မဟုတ် “ဒီပျော်ရွှင်မှုကနေ ငါ  ခွဲခွာသွားချင်တယ်။ အရမ်းဆိုးတယ်။ ငါ သည်းမခံနိုင်တော့ဘူး” သို့မဟုတ် “ဒီလိုဘာမှမခံစားရတာကို ငါ  ဘယ်တော့မှ ယုတ်လျော့မသွားစေချင်ဘူး။ တကယ် သက်သာရာရတယ်” စသည်ဖြင့် ခေါင်းထဲမှ ကျယ်လောင်စွာအော်နေသည့် အသံ၏ လှည့်ဖြားမှုခံရပါသည်။ ထိုသို့ အခိုင်အမာကိုယ်ထည်ရှိသည့် “ငါ” ဟုသတ်မှတ်ခြင်း၊ “ငါ” ဟုချဲ့ကားခြင်းဖြင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် စိတ်လိုက်မာန်ပါ အပြုအမူတို့ဖြစ်စေကာ မှန်ကန်သော ဆင်းရဲဒုက္ခကို ဆက်ဖြစ်စေပါသည်။

“ငါ” ဆိုသည့် ကိုယ်တိုင်ကန့်သတ်ပြီး ကိုယ်နှင့်စိတ်အပေါ် မမှီခိုသည့်အပြင် သင့်ခေါင်းထဲမှ အသံထွက်ပေါ်စေသည့် အခိုင်အမာကိုယ်ထည်တစ်ခုခုအဖြစ် သင်တည်ရှိနေသည်ဟု ဘာကြောင့်တွေးထင်မိသလဲ ပြန်မေးကြည့်ပါ။ “အဲဒီလို ဖြစ်တယ်လို့ ခံစားရတဲ့အတွက် အဲဒီလိုထင်တာပေါ့” ဟုသင်ပြန်ဖြေပါက တစ်ခုခုကို “အဲဒီလိုထင်တာပေါ့” ဆိုသည်မှာ ခိုင်လုံသောအကြောင်းရင်း ဟုတ်ပါသလားဟု သင့်ကိုယ်သင် ပြန်မေးပါ။ အထူးသဖြင့်မိမိနှင့်ပတ်သက်၍ “အဲဒီလိုထင်တာပေါ့” ဆိုသည်မျှကို အခြေခံပြီး စိတ်ကူးယဉ်မှန်းဆမှုတစ်ခုခုကို ယုံကြည်သောအခါ ထိုအတွက် ဘာကြောင့်မလုံခြုံမှု ခံစားရပါသနည်း။ အကြောင်းမှာ ကျွန်ုပ်တို့၏မှားယွင်းယုံကြည်မှုကို ထောက်ခံမည့်အရာ မရှိသောကြောင့်ဖြစ်ပါသည်။ အချက်အလက်ဖြင့်ရော၊ အကြောင်းရင်းဖြင့်ပါ ထောက်ခံပံ့ပိုးခြင်းမရှိပါ။

တကယ်တော့ တစ်ခုခုကို မြင်ခြင်း၊ ကြားခြင်း၊ နမ်းရှူခြင်း၊ မြည်းစမ်းခြင်း၊ ထိတွေ့ခြင်း သို့မဟုတ် တွေးတောခြင်းဖြင့် ကြုံတွေ့ရသည့် ပျော်ရွှင်မှု၊ မပျော်ရွှင်မှု သို့မဟုတ် ဘာမှမခံစားရမှုတစ်ခုခုနှင့် ပတ်သက်၍ ဘာမှထူးခြားခြင်းမရှိပါ။ ယင်းတို့တစ်ခုခုကို တွယ်တာဆုပ်ကိုင်စရာဘာမှမရှိပါ။ ယင်းတို့ကို တွယ်တာဆုပ်ကိုင်ခြင်းမှာ တိမ်တိုက်ကို ဆုပ်ကိုင်သလိုဖြစ်ပြီး လုံးဝအချည်းနှီးဖြစ်ပါသည်။ “ငါ” နှင့်ပတ်သက်၍၊ အခိုက်အတန့်တစ်ခုခု၌ ငါ၏ ခံစားရမှုနှင့် ပတ်သက်၍လည်း ဘာမှမထူးခြားပါ။ ကိုယ့်စိတ်ကြိုက်အမြဲဖြစ်ရမည်ဟု ခေါင်းထဲတွင် ပြောဆိုနေသည့် ကိုယ်တိုင် ကန့်သတ်သော အခိုင်အမာကိုယ်ထည်တစ်ခုခုအနေနှင့် ကျွန်ုပ်တို့ မတည်ရှိပါ။ ကျွန်ုပ်တို့တည်ရှိသည်မှာ မှန်သော်လည်း “အဲဒီလိုထင်တာပေါ့” ဟုခံစားရရုံမျှနှင့် မိမိ လွဲမှားယူဆသည့် ပြုမူယုံကြည်မှုအတိုင်း မဖြစ်နိုင်သော နည်းလမ်းများ အနေနှင့် တည်ရှိခြင်း မဟုတ်ပါ။

မိမိကိုယ်ကို ဤသို့မှားယွင်းယူဆမှုနှင့် ရှုပ်ထွေးသောယုံကြည်မှုတို့ ဖယ်ရှားရန်အတွက် ယင်းတို့ကိုလုံးဝပိတ်ဆို့မည့် ဆန့်ကျင်ဘက်တစ်ခု လိုအပ်ပါသည်။ စိတ်ကိုငြိမ်သက်စေပြီး ထိုသို့မတွေးတော့ခြင်းမှာ ကျွန်ုပ်တို့၏ရှုပ်ထွေးမှုကို ယာဘီ ချိုးနှိမ်လိုက်နိုင်သော်လည်း နောက်ထပ်မဖြစ်ပေါ်အောင် တားဆီးခြင်းမရှိပါ။ ဤမှန်ကန်သောပြဿနာ၏ မှန်ကန်သော အကြောင်းရင်းကို မှန်ကန်သော ချုပ်ငြိမ်းမှုဖြစ်စေရန် မှန်ကန်သော စိတ်၏လမ်းကြောင်းမှာ ကျွန်ုပ်တို့၏ သတိမရှိမှုကို အပြန်အလှန်ဖယ်ရှားဆန့်ကျင်မည့် စိတ်အခြေအနေတစ်ခု ဖြစ်ရပါမည်။ သတိမရှိမှု၏ ဆန့်ကျင်ဘက်ကား သတိရှိမှုပင်ဖြစ်သည်။ ထိုအခါ ဘာကိုသတိရှိရပါမည်နည်း။ ကိုယ်တိုင်ကန့်သတ်သော ကိုယ်ထည်တစ်ခုခုအနေနှင့် တည်ရှိသည်ဟု မှားယွင်းယူဆချက်ကို ပိတ်ဆို့လိုက်သည်မှာ ထိုအရာမျိုးမရှိကြောင်း အယူအဆမပါသည့် သိမြင်မှု ဖြစ်ပါသည်။ ၎င်း၏ဘာမှမရှိခြင်းကို အယူအဆမပါသည့် သိမြင်မှု ဖြစ်ပြီး စိတ်ကူးယူဆချက်ဖြင့် ဘာမှမရှိခြင်းကို အတိအကျအရာတစ်ခုအဖြစ် ယူဆခြင်းမဟုတ်ပါ။ မှန်ကန်သည်ဟု ကျွန်ုပ်တို့မှားယွင်းစွာယုံကြည်ထားသည်မှာ အမှန်တရားနှင့်မသက်ဆိုင်ကြောင်း အကြောင်းတရားတွင် အခြေခံပြီး အယူအဆမပါသည့် အတွေ့အကြုံကို အခြေခံသည့် သတိရှိမှုသည် “အဲဒီလိုထင်တာပေါ့” ဆိုပြီး ယင်းသည်မှားယွင်းကြောင်း သတိမရှိမှုတွင် အခြေခံသည့် မှားယွင်းယုံကြည်မှုကို ပိတ်ဆို့လိုက်ပါသည်။ သတိမရှိသည့် အလေ့အထ၊ အမူအကျင့်များသည် နက်ရှိုင်းသည့်အတွက် ယင်းတို့ကို ပိတ်ဆို့မှုသည် တစ်ခုချင်း၊ တစ်ဆင့်ချင်း တဖြည်းဖြည်းချင်း ဖြစ်ပေါ်ပါသည်။

မှန်ကန်သောလမ်းကြောင်း၏ အစိတ်အပိုင်းလေးရပ်

မှန်ကန်သောလမ်းကြောင်းဆိုသည်မှာ ဘာမှမရှိခြင်းကို အယူအဆမပါသော သိမြင်မှုနှင့်တွဲနေသည့် ခွဲခြားသိရှိသော ပညာ (ဉာဏ်ပညာ) အနေနှင့် နားလည်နိုင်ကြောင်း ဗုဒ္ဓမြတ်စွာက ရှင်းပြထားပါသည်။ ဤသို့သော စိတ်၏ အစိတ်အပိုင်းက အမှားနှင့်အမှန်ကို ခွဲခြားပေးပါသည်။

  • ပထမဦးစွာ ဤခွဲခြားသိရှိသောပညာသည် စိတ်၏လမ်းကြောင်းဖြစ်ပြီး သတိမရှိမှု အဆင့်ဆင့်ကို တဖြည်းဖြည်းချင်း လုံးဝပိတ်ဆို့ပြီးချုပ်ငြိမ်းစေပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏မိဘများနှင့် အသိုင်းအဝိုင်းများထံမှ ဆင်းသက်လာသည့် ခြားနားသော ယုံကြည်မှုနှင့် တန်ဖိုးများ၊ စီးပွားရေး ကြော်ငြာနှင့် လူမှုကွန်ရက်မီဒီယာပေါ်မှ ရရှိသည့်အရာများအပါအဝင် ယင်းတို့ကို သင်ယူ လက်ခံထားမှုတွင် အခြေခံသည့် သတိမရှိမှုနှင့် ရှုပ်ထွေးမှုကို အရင်ဆုံး ကျွန်ုပ်တို့ထံမှ ဖယ်ရှားလိုက်ပါသည်။

    လူမှုကွန်ရက်မီဒီယာပေါ်တွင် လှပပြီး ပျော်ရွှင်နေသူများ၏ ကိုယ်တိုင်ရိုက်ဓာတ်ပုံများမြင်သောအခါ သင့်ရုပ်အဆင်းနှင့် သင့်ဘဝအပေါ် ယူဆချက်ကို မည်သို့သက်ရောက်ပါသနည်း။ သင့်ကိုယ်သင် ကျေနပ်သလား။ စိတ်ပျက်မိသလား။ ထိုပို့စ်များသည် တကယ့်ဘဝကိုမထင်ဟပ်ကြောင်း ခွဲခြားသိရှိခြင်းမှာ ယင်းတို့ကထင်ဟပ်သည်ဟု မှားယွင်းယုံကြည်နေမှုကို ထာဝရ ဖယ်ရှားပေးလိုက်ပါသည်။ အကျိုးဆက်အားဖြင့် ထိုသူတို့နှင့် မိမိကိုယ်ကို နှိုင်းယှဉ်ကာ ထိုသို့ ဖြစ်လိုစိတ်ပေါ်လာသောအခါ အဆိုပါမှားယွင်းယုံကြည်မှုက ဖန်တီးလိုက်သည့် မပျော်ရွှင်မှုနှင့် စိတ်ဓာတ်ကျမှုတို့ကို ထာဝရဖယ်ရှားလိုက်ပါသည်။

    ဤပထမအဆင့်ကို ကျော်လွန်ပြီး “အရိယာ” သို့မဟုတ် အဆင့်မြင့်သိမြင်သူ ဖြစ်လာပါက ခွဲခြားသိရှိသောပညာသည် ကျွန်ုပ်တို့ခေါင်းထဲမှ အမြဲတမ်းနီးပါးပြောနေသည့် ရှာတွေ့နိုင်သော အခိုင်အမာကိုယ်ထည် “ငါ” အဖြစ်စိတ်ကူးယဉ်ပြီး အလိုလို ပေါ်ထွက်လာသည့် သတိမရှိမှုကို အဆင့်လိုက် ဖယ်ရှားပေးပါသည်။ ကျွန်ုပ်တို့သည် လွတ်မြောက်မှုနှင့် နောက်ဆုံးတွင် ဉာဏ်အလင်းရရှိမှုတို့ကို ပိုင်ဆိုင်လာပါသည်။ ဘာမှမရှိခြင်းကို ခွဲခြားသိရှိသောပညာသည် မှန်ကန်သော ဆင်းရဲဒုက္ခ၏ ဤမှန်ကန်သော အကြောင်းရင်းများကို ထာဝရဖယ်ရှားပေးကြောင်း နားလည်လာသောအခါ ယင်းတို့ထံမှမလွတ်မြောက်နိုင်ကြောင်း အယူအဆမှားလည်း မရှိတော့ပါ။
  • ဒုတိယအချက်မှာ ကိုယ်တိုင်ကန့်သတ်သော အခိုင်အမာကိုယ်ထည် “ငါ” ဟူ၍မရှိကြောင်း ခွဲခြားသိရှိသော ပညာသည် ထိုသို့ရှိသည်ဟု သတိမရှိမှုနှင့် လွဲမှားယုံကြည်မှုတို့ကို ထာဝရ ပိတ်ဆို့ရန် သင့်တော်သောနည်းလမ်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အပြန်အလှန် ဆန့်ကျင်ဘက် ဖြစ်နေသောကြောင့်တည်း။ ဤသို့သောအရာတစ်ခုရှိသလို ဤသို့သောအရာတစ်ခု မရှိကြောင်း တစ်ချိန်တည်းတွင် ယုံကြည်၍မရဘူး မဟုတ်ပါလား။ ဤသို့ ခွဲခြားသိရှိသောပညာသည် မှန်ကန်သော ချုပ်ငြိမ်းမှု ရရှိရန် မသင့်တော်သော နည်းလမ်းဖြစ်သည် ဆိုသည့် လွဲမှားယူဆချက်ကို ဤအချက်က ဖယ်ရှားလိုက်ပါသည်။
  • တတိယအချက်မှာ ဘာမှမရှိခြင်းကို ခွဲခြားသိရှိသောပညာသည် လွတ်မြောက်ပြီးသူ အရိယာနှင့် သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓမြတ်စွာအထိ အဆင့်ဆင့် အောင်မြင်မှုများဖြစ်ပေါ်စေသော နည်းလမ်းဖြစ်သည်။ နက်နဲသော စူးစိုက်မှုအဆင့်တစ်ဆင့်ကို ရရှိခြင်းသည် ဤအောင်မြင်မှုများ ဖြစ်ပေါ်စေသော နည်းလမ်းဖြစ်သည်ဆိုသည့် လွဲမှားယူဆချက်ကို ဤအချက်က ဖယ်ရှားလိုက်ပါသည်။
  • နောက်ဆုံးအချက်မှာ ခွဲခြားသိရှိသောပညာသည် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ ကျွန်ုပ်တို့၏ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုကိုတားဆီးသည့် အလေ့အထ၊ အမူအကျင့်များကိုပင်လျှင် ထာဝရ တိတိကျကျဖယ်ရှားပေးသည့်နည်းလမ်း ဖြစ်ပါသည်။ ယင်းတို့သည် စိတ်၏ သဘောသဘာဝများဖြစ်ပြီး လုံးဝဖယ်ရှား၍မရနိုင်ဘူးဆိုသည့် လွဲမှားယူဆချက်ကို ဤအချက်က ဖယ်ရှားလိုက်ပါသည်။

အကျဉ်းချုပ်

ဘာမှမရှိခြင်းကို အယူအဆမပါဘဲ သိမြင်သည့် မှန်ကန်သော စိတ်၏လမ်းကြောင်းသည် မှန်ကန်သော ဆင်းရဲဒုက္ခများ၏ မှန်ကန်သော အကြောင်းရင်းများကို ခွဲခြားသိရှိသောပညာဖြင့် အသေအချာ ပိတ်ဆို့တားဆီးမှု ဖြစ်ပါသည်။ ထိုသို့ အောင်မြင်သည်နှင့် ဤမှန်ကန်သော စိတ်၏လမ်းကြောင်းသည် ယခုဘဝနှင့် နောင်ဘဝတွင် မှန်ကန်သော ဆင်းရဲဒုက္ခများ ထိန်းချုပ်မရစွာ ထပ်မံဖြစ်ပေါ်စေသည့် မှန်ကန်သောအကြောင်းရင်းများ ဖြစ်သော သတိမရှိမှုနှင့် လွဲမှားယူဆမှုများကို အဆင့်လိုက် ထာဝရ ဖယ်ရှားပေးပါသည်။ ထိုစိတ်မျိုး ရရှိအောင် ကျွန်ုပ်တို့အားထုတ်ရသည်မှာ အထိုက်တန်ဆုံး အောင်မြင်မှုပင် မဟုတ်ပါလား။

Top