ဗုဒ္ဓဘာသာလမ်းကြောင်းနှင့် ရည်မှန်းချက်များအတွက် အခြေခံဖြစ်သော သရုပ်မှန်ဝါဒ

စကြမုနိ ဗုဒ္ဓမြတ်စွာသည် သဗ္ဗညုတဉာဏ်တော် ရရှိပြီးသည်နှင့် သစ္စာလေးပါးတရားကို တရားဦးအဖြစ် ဟောကြားခဲ့ပါသည်။ ဘုရားရှင်၏ လက်ကျန်ဘဝတွင် သစ္စာလေးပါးကို ဘာသာရေး ဖွံ့ဖြိုးမှုအတွက် အသုံးချရန် အမှန်တရား (သစ္စာနှစ်ချက်) ကို ဗုဒ္ဓဘာသာ ရှုထောင့်မှ အသိပညာနှင့် ဆန်းစစ်မှု၊ နောက်ဆုံး ပန်းတိုင်ကို ရှင်းလင်းစွာ နားလည်မှု၊ ထိုရည်မှန်းချက်သို့ ရောက်ရှိစေမည့်နည်းလမ်း (ရတနာသုံးပါး) တို့ လိုအပ်ကြောင်း ဖော်ပြခဲ့ပါသည်။ ထိုသို့ မရှိမဖြစ် အစိတ်အပိုင်းများအကြား နက်ရှိုင်းသော ဆက်စပ်မှုကို ဒလိုင်းလားမား ဆရာတော်ကြီးက အကျဉ်းချုပ် ဆုတောင်းစာသား တစ်ပိုဒ်ဖြင့် ဖော်ပြခဲ့ပါသည်။ ထိုစာသားကို လေ့လာဆန်းစစ်ပါက ဗုဒ္ဓဘာသာ၏ တရားတော်များ၏ အဓိကအချက်များကို ပေါင်းစပ်ခြင်းအားဖြင့် ဝေဖန်ဆန်းစစ်ပုံနှင့် သိသာထင်ရှားစွာ ကောက်ချက်ချပုံတို့ကို တွေ့ရှိရပါသည်။

Top