လမ်းညွှန်တရားရှုမှတ်ခြင်းကို အသုံးပြုနည်း

အဆိုပါ လမ်းညွှန်တရားရှုမှတ်ခြင်းများအတိုင်း လိုက်နာရင်း အကျိုးပြု အလေ့အထများ စုစည်းလာနိုင်ပါသည်။
Meditatation how to use the guided meditations

ရည်မှန်းချက် တိဘက်ဗုဒ္ဓဘာသာအစဉ်အလာတွင် ပါဝင်သည့် တရားရှုမှတ်ခြင်းအကြောင်း လေ့လာရန်။ မည်သို့တရားရှုမှတ်သည်ကို သင်ယူရန်နှင့် ကျင့်ကြံရာတွင် လမ်းညွှန်မှုရရှိစေရန်

ပရိသတ အဆင့်အားလုံး၊ အသက်အရွယ်အားလုံး

အစီအစဉ်

  • ရှင်းလင်းချက် (ပြဿနာ၊ အကြောင်းရင်း၊ နမူနာ၊ နည်းလမ်း)
  • တရားရှုမှတ်ခြင်း (အဓိကစကားလုံးများဖြင့် လမ်းညွှန်ခြင်း) 
  • အကျဉ်းချုပ်

ကျင့်ကြံမည့်နေရာ တိတ်ဆိတ်၊ သန့်ရှင်းပြီး ရှုပ်ပွနေခြင်း မရှိသော မည်သည့်နေရာမဆို

ကျင့်ကြံမည့်အချိန် တစ်နေ့တာလုပ်ငန်းများ မဆောင်ရွက်မီ မနက်ခင်း။ ထိုသို့မဖြစ်နိုင်လျှင် ညအိပ်ရာမဝင်မီ တစ်နေ့တာကုန်ဆုံးချိန်။

ထိုင်ပုံထိုင်နည်း မမြင့်လွန်း၊ မနိမ့်လွန်း၊ မပျော့လွန်း၊ မမာလွန်းသော အောက်ခံထိုင်ခုံပေါ်တွင် ခါးကိုမတ်မတ်ထားတာ ခြေထောက်ချိတ်ထားပါ။ ထိုသို့မဖြစ်နိုင်လျှင် နောက်မှီတည့်မတ်သော ထိုင်ခုံကိုသုံးပါ။ ထိုနှစ်မျိုးစလုံးတွင် ခါးကိုမတ်မတ်ထားကာ လက်များကို ပေါင်ပေါ်တွင်ထပ်ထားပါ။ အကောင်းဆုံးမှာ မျက်စိအနည်းငယ်ဖွင့်ပြီး အနည်းငယ် အာရုံစိုက်ကာ ကြမ်းပြင်ကိုစိုက်ကြည့်ပါ။

တရားရှုမှတ်ရန် အကြိမ်ရေ အနည်းဆုံး တစ်နေ့တစ်ကြိမ်။ ဖြစ်နိုင်လျှင် နှစ်ကြိမ် (မနက်ခင်း အလုပ်မသွားခင်နှင့် ညဘက်အိပ်ရာမဝင်ခင်)။ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အစီအစဉ်အတိုင်း လိုက်နာကာ လမ်းညွှန်တရားရှုမှတ်ခြင်း တစ်ခုစီအတွက် အနည်းဆုံး တစ်ပတ်လျှင် နေ့စဉ်နေ့တိုင်း။ မည်သည့်အချိန်တွင်မဆို လိုအပ်မည်ထင်ပါက ယခင် တရားရှုမှတ်ခြင်းတစ်ခုကို ပြန်လည်ကျင့်ကြံနိုင်ပါသည်။

နောက်ထပ်ညွှန်ကြားချက်များ ရယူလိုပါက – 

[တရားရှုမှတ်နည်း] တွင်ကြည့်ပါ]

Top