တရားရှုမှတ်ခြင်း။ အဓိကအချက်များ

တရားရှုမှတ်နည်း အမျိုးအစားများစွာ ရှိပါသည်။ ယင်းတို့ထဲမှ တစ်နည်းနည်းနှင့် ထိရောက်စွာ လေ့ကျင့်နိုင်ရန် ကျွန်ုပ်တို့ ရရှိလိုသော တိကျသည့် စိတ်အခြေအနေကို တိကျမှု၊ ပြတ်သားမှုတို့ဖြင့် သိရှိရန် လိုပါသည်။ အသေးစိတ်အချက်များထဲတွင် အာရုံစိုက်ရမည့်အရာ၊ ထိုအရာရုံစိုက်သောအရာ၏ အသေးစိတ်အချက်များ၊ ယင်းကို ကျွန်ုပ်တို့စိတ်က ဆက်စပ်ပုံ၊ ဤအခြေအနေ ရရှိအောင် အထောက်အကူပြုသော အရာ၊ အနှောင့်အယှက် ပေးသောအရာ၊ ဤစိတ်အခြေအနေ ရရှိသည်နှင့် ယင်းကိုအသုံးချမည့်အရာနှင့် ယင်းကိုဖယ်ရှားသောအရာတို့ ပါဝင်ပါသည်။ တရားရှုမှတ်ရန်အတွက် သင့်တော်သော အခြေအနေများ၊ သင့်တော်သော ကိုယ်နေဟန်ထားနှင့် ထိုင်ပုံထိုင်နည်း၊ ရှုမှတ်မှု စတင်နည်းနှင့် အပြီးသတ်နည်း တို့ကို ပြင်ဆင်ရန်လည်း လိုပါသည်။

Top