Arrow left နောက်သို့
နည်းလမ်း
ဆောင်းပါး ၁၁ / ၁၁

ရုပ်ဝါဒကို ကိုင်တွယ်ဖြေရှင်းနည်း

How deal with materialism

ရုပ်ဝတ္ထုတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကိုသာပေးပြီး စိတ်သက်သာမှုကို မပေးနိုင်ပါ။ ရုပ်ဝတ္ထု ဉီးစားပေးသူ၏ ဦးနှောက်နှင့် ကျွန်ုပ်တို့ ဦးနှောက်မှာ အတူတူပင် ဖြစ်သည်။ ထို့ကြောင့် စိတ်ဒဏ်ရာ၊ အထီးကျန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ သံသယ၊ မနာလိုမှုတို့ကို ခံစားကြရပါသည်။ ၎င်းတို့သည် တစ်စုံတစ်ယောက်၏ စိတ်ကို နှောင့်ယှက်ပါသည်။ ငွေကြေးဖြင့် ဖယ်ရှား၍လည်း မရပါ။ အနှောင့်အယှက်ပေးသော စိတ်၊ ဖိစီးသောစိတ် ရှိသူအချို့မှာ ဆေးသောက်ရပါသည်။ ဆေးက စိတ်ဖိစီးမှုကို ယာယီ လျှော့ချလိုက်သော်လည်း ဘေးထွက်ဆိုးကျိုးများစွာ ရှိပါသည်။ စိတ်ငြိမ်းချမ်းမှုကို ဝယ်၍မရနိုင်ပါ။ မည်သူမျှလည်း မရောင်းပါ။ သို့သော် လူတိုင်းစိတ်ငြိမ်းချမ်းလိုကြပါသည်။ ထို့ကြောင့် စိတ်ငြိမ်ဆေးများ မှီဝဲကြသည်။ သို့သော် ဖိစီးသောစိတ်အတွက် တကယ့်ဆေးမှာ ကရုဏာ ဖြစ်ပါသည်။ ထို့ကြောင့် ရုပ်ဝတ္ထု ဦးစားပေးသူများသည် ကရုဏာ လိုအပ်ပါသည်။

စိတ်ငြိမ်းချမ်းမှုသည် ကျန်းမာရေးကောင်းရန်အတွက် အကောင်းဆုံးသောဆေးဝါး ဖြစ်ပါသည်။ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာအတွက် ပိုပြီး ဘက်ညီစေပါသည်။ အိပ်ရေးဝဖို့အတွက်လည်း ထို့အတူပင် ဖြစ်ပါသည်။ စိတ်အေးချမ်းစွာ အိပ်စက်ပါက အနှောင့်အယှက် ကင်းဝေးပြီး အိပ်ဆေးသောက်စရာ မလိုတော့ပါ။ မျက်နှာအလှအပအတွက် လူအတော်များများ အလေးထားကြသော်လည်း စိတ်ဆိုးလျှင် မျက်နှာမှာ အရောင်မည်မျှ ခြယ်သထားသည်ဖြစ်စေ မလှတော့ပါ။ ရုပ်ဆိုးနေပါမည်။ သို့သော် ဒေါသမရှိဘဲ ပြုံးနေပါက သင့်မျက်နှာသည် ဆွဲဆောင်မှုရှိပြီး စမတ်ကျနေပါမည်။

ကရုဏာထားရန် အလွန်ကြိုးစားထားပါက ဒေါသရောက်လာသောအခါ ခဏသာ ခံပါမည်။ ကိုယ်ခံအား ကောင်းနေခြင်းနှင့် တူပါသည်။ ဗိုင်းရပ်စ်ပိုး ဝင်လာသောအခါ ဒုက္ခမရောက်တော့ပါ။ ထို့ကြောင့် ဘက်စုံလွှမ်းခြုံသော အမြင်နှင့် ကရုဏာတို့ လိုအပ်ပါသည်။ ထိုအခါ လူတိုင်းနှင့် အပြန်အလှန် ချိတ်ဆက်မှုကို ရင်းနှီးအောင် ပြုလုပ်ပြီး ဆန်းစစ်ရာမှတစ်ဆင့် ခွန်အားပိုမို ရရှိလာပါမည်။

ကြီးကျယ်မြင့်မြတ်ရန် လူတိုင်းမှာ ဖြစ်နိုင်ခြေ ရှိပါသည်။ ထို့ကြောင့် သင့်ကိုယ်သင် ကြည့်ပါ။ အပြုသဘော အလားအလာ အားလုံးကို ကြည့်ပါ။ အခြေခံ လူ့သဘာဝက အပျက်သဘောထက် အပြုသဘော ပိုဆန်ပါသည်။ ကျွန်ုပ်တို့ ဘဝသည် ကရုဏာဖြင့် စတင်ပါသည်။ ထို့ကြောင့် ကရုဏာ၏ မျိုးစေ့သည် ဒေါသ၏ မျိုးစေ့ထက် ပို၍သန်မာပါသည်။ ထို့ကြောင့် သင့်ကိုယ်သင် ပိုပြီးအပြုသဘောဖြင့် ကြည့်ပါ။ ထိုအခါ ပို၍ တည်ငြိမ်သော စိတ်အခြေအနေ ရရှိလာပါမည်။ ထို့နောက် ပြဿနာများ ပေါ်လာလျှင်လည်း ပိုမိုလွယ်ကူလာပါသည်။

အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာ ဆရာတော်ကြီး ရှန်တီဒေဝက ကျွန်ုပ်တို့ ပြဿနာတစ်ခု ရင်ဆိုင်ရသောအခါ ယင်းကို ရှောင်ရှားရန် သို့မဟုတ် ကျော်လွှားရန် နည်းလမ်းကို ဆန်းစစ် ကြည့်ရှုပါက စိုးရိမ်စရာ မလိုတော့ပါ။ ထိုပြဿနာကို ကျော်လွှားနိုင်ပါက စိုးရိမ်နေလည်း အထောက်အကူ မပြုပါ။ အမှန်တရားကို လက်ခံလိုက်ပါ။

Top