နည်းလမ်း
ဆောင်းပါး ၁ / ၁၁
ရှေ့သို့ Arrow right

ပျော်ရွှင်ခြင်းအတွက် ဗုဒ္ဓဘာသာ၏ လမ်းညွှန်ချက် ၈ ချက်

How to 8 tips for happiness?sha=2419aed6778a7d5b

ပျော်ရွှင်ခြင်းသည် ဘာပဲဖြစ်ဖြစ် ကျွန်ုပ်တို့ အားလုံး ခံစားချင်ကြသည့်အရာ ဖြစ်ပါသည်။ သို့သော် အခြေခံကျကျ ပျော်ရွှင်ရန်၊ ဘဝတွင် ဘာပဲဖြစ်ဖြစ် ဖြေရှင်းနိုင်ရန် မည်ကဲ့သို့ ပြုမည်နည်း။ ထိုအတွက် ဗုဒ္ဓဘာသာ လမ်းညွှန်ချက် အချို့မှာ-

  1. တည်ငြိမ်သော အချိန်အချို့ နေ့တိုင်းထားရှိပါ။ သင့်ဝင်လေထွက်လေကို အာရုံစိုက်ကာ တည်ငြိမ်အောင် ထားပါ။
  2. အခြားသူများနှင့် ရှိနေသောအခါ သင်၏ပြုမူ၊ ပြောဆိုပုံကို သတိရှိပါ။ တစ်ကိုယ်တည်း ရှိနေသောအခါ သင်၏စိတ်ထဲတွင် ဖြစ်ပျက်နေသည်များကို သတိရှိပါ။
  3. တစ်စုံတစ်ယောက်အတွက် ကောင်းတာတစ်ခုခု နေ့တိုင်း ပြုလုပ်ပါ။ သူတို့ ပျော်ရွှင်မှုအတွက် ရိုးရိုးသားသား အလေးထားပါ။
  4. အခြားသူများကို ရက်ရောပါ။ မိမိကိုယ်ကို တန်ဖိုးထားသည့် ခံစားချက်ကို မြှင့်တင်ပါ။
  5. သင်နှင့် အခြားသူများ၏ အားသာချက်များကို အာရုံစိုက်ပါ။ ပြဿနာ ဖြစ်လာသောအခါ အကူအညီဖြစ်စေမည့် အကြံဉာဏ်များ ပေးပါ။
  6. အခြားသူများ အမှားလုပ်မိလျှင် မေ့ပစ်ပါ။ ခွင့်လွှတ်ခြင်းကို ကျင့်သုံးပါ
  7. သင့်အမှားများကို မေ့ပစ်ပါ။ သင့်ကိုယ်သင် ခွင့်လွှတ်ပါ
  8. အမှန်တရားကို လက်ခံပါ။ ဘဝတွင် အတက်၊ အကျများ အပြည့်ရှိပါသည်။ သို့သော် အဆိုးများ မည်မျှ ဖြစ်နေပါစေ အရာရာ ကျော်လွန်သွားမည်သာ ဖြစ်ပါသည်။

ပျော်ရွှင်ခြင်းသည် အလိုလို ဖြစ်မလာပါ။ ကြိုးစားရှာဖွေရပါသည်။ သို့သော် အလေ့အကျင့် ရှိပါက လူတိုင်း ပျော်ရွှင်သောဘဝကို ရရှိနိုင်ကြပါသည်။

Top