ဒလိုင်းလားမား ဆရာတော်ကြီးထံမှ သတင်းစကား

နှစ်ဆယ့်တစ်ရာစုအတွင်းသို့ ရောက်လာသည်နှင့်အမျှ အင်တာနက်သည် ကမ္ဘာ့သတင်းအချက်အလက်များ မျှဝေသည့် မီဒီယာတစ်ခုအဖြစ် ပိုမိုကျယ်ပြန့်လာပြီး ပို၍အရေးပါလာပါသည်။ ဗုဒ္ဓဘာသာ တရားတော်များ၊ ဗုဒ္ဓဘာသာ၏ သမိုင်းကြောင်း၊ တိဘက်ယဉ်ကျေးမှုနှင့်ဆိုင်သည့် အခြားခေါင်းစဉ်အမျိုးမျိုးတို့နှင့် ပတ်သက်သော သတင်းအချက် အလက်များသည်လည်း ထိုနည်း၎င်း ဖြစ်ပါသည်။ အထူးသဖြင့် စာအုပ်စာတမ်းများ၊ တတ်ကျွမ်းသောဆရာတော်များ ရှားပါးသည့် နေရာများတွင် အင်တာနက်သည် မရေမတွက်နိုင်သော လူပုဂ္ဂိုလ်တို့အတွက် သတင်းအချက်အလက် ပေးအပ်သည့် ပင်မရင်းမြစ်တစ်ခု ဖြစ်လာပါသည်။

နားလည်မှု လွဲမှားခြင်း၊ လူတန်းစားခွဲခြားခြင်းတို့ ရှိနေသည့် ကမ္ဘာပေါ်တွင် မညီညွတ်မှုဖြစ်စေသော မသိနားမလည်မှုကို ဖယ်ရှားရာ၌ ပညာရေးသည် အားအကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ဒေါက်တာ အလက်ဇင်းဒါး ဘာဇင်း၏ ဘာသာစကားပေါင်းစုံ ပါဝင်သော ဝက်ဘ်ဆိုက်ဖြစ်သည့် berzinarchives.com ကို မိမိကြိုဆိုပါသည်။ အဖိုးတန် ပညာရပ်ဆိုင်ရာ နည်းစနစ်တစ်ခု ဖြစ်သလို ဗုဒ္ဓဘာသာနှင့် တိဘက်ယဉ်ကျေးမှုတို့၏ ဂိုဏ်းဂဏအမျိုးမျိုး၊ ရှုထောင့် အမျိုးမျိုးတို့ကို လွှမ်းခြုံထားသော ဆောင်းပါးပေါင်းများစွာကို အွန်လိုင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးမှနေ၍ ရရှိနိုင်ပါသည်။

ဇန်နဝါရီ ၂၆၊ ၂၀၀၇
ဒလိုင်းလားမား ဆရာတော်ကြီး

Top