COVID-19 ကို တစ်ကမ္ဘာလုံးက စုစည်းညီညွတ်စွာ တုံ့ပြန်သင့်ကြောင်း။

World in hands

အလေးအနက်ထားရမည့် ယခုလို အကျပ်အတည်းကာလတွင် ကျွန်ုပ်တို့သည် မိမိကိုယ်တိုင်၏ ကျန်းမာရေးအပေါ် ခြိမ်းခြောက်မှုရော၊ ဆုံးရှုံးသွားသော မိသားစု၊ မိတ်ဆွေများအတွက် ဝမ်းနည်းမှုတို့ကိုပါ ရင်ဆိုင်နေရပါသည်။ စီးပွားရေး ယိုယွင်းမှုမှာ အစိုးရများအတွက် အဓိကစိန်ခေါ်မှု ဖြစ်နေသလို လူပေါင်းများစွာ၏ စားဝတ်နေရေးရပ်တည်နိုင်စွမ်းကို ထိပါးနေပါသည်။

ယခုကဲ့သို့ အချိန်မျိုးတွင် ကျွန်ုပ်တို့သည် လူသားထုမိသားစုဝင်များအဖြစ် စုစည်းညီညွတ်ရန် အာရုံစိုက်ကြရပါမည်။ သို့ဖြစ်ရာ အချင်းချင်း ကရုဏာတရားဖြင့် ဆက်သွယ်ကြရန် လိုပါသည်။ ကျွန်ုပ်တို့သည် လူသားများအနေနှင့် အားလုံးအတူတူဖြစ်ပါသည်။ ကြောက်ရွံ့မှု၊ မျှော်လင့်မှု၊ မရေရာမှုတို့ကို အတူတူကြုံတွေ့ကြရပါသည်။ ထို့အတူ ပျော်ရွှင်လိုသည့် စိတ်ဆန္ဒရှိရာတွင်လည်း တူညီနေပါသည်။ ကျွန်ုပ်တို့၏ လူသားစွမ်းရည်သည် ကျိုးကြောင်းဆီလျော်မှုနှင့် အရာရာကို လက်တွေ့ကျစွာ မြင်နိုင်မှုတို့ ရှိပါသည်။ ထို့ကြောင့် အခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိလာပါသည်။

ယခုအကျပ်အတည်းနှင့် ၎င်း၏အကျိုးဆက်များသည် တစ်ကမ္ဘာလုံး စုစုစည်းစည်းနှင့် အတူတကွ တုံ့ပြန်မှသာလျှင် ကျွန်ုပ်တို့ ကြုံနေရသည့် အစဉ်အလာမရှိခဲ့ဖူးသော စိန်ခေါ်မှုကြီးကို ရင်ဆိုင်နိုင်မည်ဆိုသည့် သတိပေးစကားသံလိုပင် ဖြစ်နေပါသည်။ ‘The Call to Unite’ (စုစည်းညီညွတ်ရန်ခေါ်သံ) ကို အလေးထားကြရန် ဆုတောင်းလိုက်ရပါသည်။

ဒလိုင်းလားမား မေလ ၃ ရက်၊ ၂၀၂၀

Top