သေဆုံးခြင်းနှင့် မမြဲခြင်းအကြောင်း တွေးတောရန်အတွက် အဆိုလေးရပ်
တရားရှုမှတ်ခြင်းသည် တရားတော်များကို နာယူခြင်း၊ တွေးတောခြင်းနှင့် ယင်းတို့အပေါ် တရားရှုမှတ်ခြင်း စသည့် အဆင့်သုံးဆင့်ပါသော လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ဤတတိယအဆင့် တရားရှုမှတ်ခြင်းသည် တကယ်တော့ တရားတော်များကို ဘဝတွင် ပေါင်းစည်းပုံအကြောင်း ဖြစ်သည်။ အထပ်ထပ်...