ကိုးကွယ်အားထားရာ။ ဘဝအတွက် လုံခြုံစိတ်ချရပြီး အဓိပ္ပာယ်ရှိသောလမ်းကြောင်း

19:04
ကိုးကွယ်အားထားမှုသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ကျင့်ကြံမှုအားလုံးအတွက် အခြေခံအုတ်မြစ် ဖြစ်ပါသည်။ ‘‘ဗုဒ္ဓဘာသာ လမ်းကြောင်းအတိုင်း လျှောက်လှမ်းရန်ဝင်ပေါက်’’ ဟု ခေါ်ပါသည်။ ကိုးကွယ်အားထားမှုသည် မိမိကိုယ်တိုင် အားထုတ်မှုဖြစ်ကြောင်း နားလည်လာသောအခါ ဘဝတွင် လုံခြုံစိတ်ချပြီး အဓိပ္ပာယ်ရှိသော ဦးတည်ရာ သတ်မှတ်သည့် တက်ကြွသော လုပ်ငန်းစဉ်ဖြစ်သည်ကို မြင်လာပါသည်။ ရှုပ်ထွေးမှု၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ စိတ်လိုက်မာန်ပါ ပြုမူမှုတို့ ဖယ်ရှားရန်နှင့် အရည်အသွေးကောင်းအားလုံး ရရှိရန် ဗုဒ္ဓမြတ်စွာ သင်ကြားထားသော နည်းစနစ်များအတိုင်း လိုက်နာခြင်းဖြင့် ကိုယ်တိုင်ကြိုးစားရပါသည်။ ဤအတိုင်းပင် ဘုရားရှင် ဆောင်ရွက်ခဲ့သလို တရားပေါက်သွားသော ဆရာတော်ကြီးများကလည်း ဆောင်ရွက်နေပါသည်။ ထိုခြေလှမ်းများအတိုင်းပင် ကျွန်ုပ်တို့က လိုက်နာကြိုးစားရပါသည်။

ဘဝတွင် ဗုဒ္ဓဘာသာဝင်အဖြစ် ကျင့်ကြံမှု၏ ရည်ရွယ်ချက်နှင့်ပတ်သက်သော ရှုပ်ထွေးမှုကို ဖယ်ရှားခြင်း

နေ့စဉ်ဘဝ၌ ကိုးကွယ်အားထားမှု၏ ဆီလျော်ပုံအကြောင်း အမေးခံရဖူးပါသည်။ ထိုအခါ ဆယ်ရာစုနှစ် အကုန်တွင် တိဘက်သို့ သွားရောက်ခဲ့သော အိန္ဒိယဆရာတော်ကြီး အတိဿ၏ နမူနာကို သတိရမိပါသည်။ ဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံမှ တိဘက်သို့ ရောက်ရှိလာပြီး မှေးမှိန်သွားပြီးသည့်နောက် တိဘက်တွင် ပြန်လည်ထွန်းကားလာအောင် အကူအညီပေးခဲ့သော ဆရာတော်ကြီးတစ်ပါးလည်း ဖြစ်ပါသည်။ ထိုကာလတွင် တိဘက်မှ အခြေအနေသည် အလွန် နားလည်မှုလွဲမှားနေပါသည်။ အထူးသဖြင့် မန္တရားနှင့် ပို၍အဆင့်မြင့်သော တရားတော်အချို့နှင့် ပတ်သက်ပါသည်။ အမှန်တကယ် ကျွမ်းကျင်သော ဆရာတော်များ မရှိခဲ့ပါ။ တကယ်တော့ ပိုမိုရှင်းလင်းစွာ ဟောကြားနိုင်သော ဆရာတစ်ဦးတစ်လေမျှ မရှိခဲ့ပါ။ ဘာသာပြန်ထားသော ကျမ်းစာအများအပြား ရှိသော်လည်း လူအတော်များများက မဖတ်ရှုနိုင်သလို အုပ်ရေလည်း များများစားစား မရှိပါ။ ဖတ်ရှုနိုင်လျှင်လည်း ဖတ်နေသောစာသား၏ ရှင်းလင်းချက်များကို ရှာတွေ့ရန် အလွန်ခက်ခဲပါသည်။

ဤအခြေအနေကို ကူညီရန်အတွက် တိဘက်အနောက်ပိုင်းမှ ဘုရင်တစ်ပါးက ရဲရင့်သော စာသင်သားအချို့ကို အိန္ဒိယနိုင်ငံသို့ စေလွှတ်ကာ သူတို့နှင့်အတူ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတစ်ပါးကို တိဘက်သို့ ပင့်ဖိတ်လာခိုင်းပါသည်။ သူတို့သည် ခြေလျင် သွားပြီး ဘာသာစကားများ သင်ယူကာ ရာသီဥတုဒဏ်လည်း ရင်ဆိုင်ဖြေရှင်းရပါသည်။ အများအပြားမှာ လမ်းခရီးတွင်ဖြစ်စေ၊ အိန္ဒိယနိုင်ငံသို့ ရောက်သောအခါတွင်ဖြစ်စေ သေဆုံးကုန်ပါသည်။ သို့သော် မည်သို့ဆိုစေ အိန္ဒိယဆရာတော်ကြီး အတိဿကို တိဘက်သို့ ဖိတ်ခေါ်လာနိုင်ပါသည်။ တိဘက်တွင်ရှိနေစဉ် နှစ်ပေါင်းများစွာ သူသင်ကြားခဲ့သမျှတွင် အဓိကအားဖြင့် ကိုးကွယ်အားထားမှုနှင့် ကံအကြောင်း ဖြစ်ပါသည်။ တကယ်တော့ သူ့ကို ‘‘ကိုးကွယ်အားထားမှုနှင့် ကံ လားမား’’ ဟု လူသိများပါသည်။ တိဘက်လူမျိုးများက သူ့ကိုပေးထားသည့်အမည် ဖြစ်ပါသည်။

အတိဿ၏ နမူနာက ယနေ့အချိန်တွင် အတော်ဆီလျော်မှုရှိပါသည်။ ယခုအခါတွင်လည်း ဗုဒ္ဓဘာသာနှင့် နေ့စဉ်ဘဝတွင် ကျင့်ကြံမှု၏ အဓိပ္ပာယ်နှင့် ပတ်သက်ပြီး ရှုပ်ထွေးမှုများစွာ ရှိပါသည်။ ထို့ပြင် တန္တရနှင့် အခြား အဆင့်မြင့် တရားတော်များတွင်လည်း အလွန်နားလည်မှုလွဲနေပါသည်။ လူတို့သည် အခြေခံ ဗုဒ္ဓဘာသာ တရားတော်များကို မလေ့လာဘဲ သို့မဟုတ် အနည်းငယ်သာ လေ့လာပြီး ထိုကျင့်ကြံမှုများကို ခုန်ကူးကြပါသည်။ မှော်ဆန်သော အစဉ်အလာတစ်ခုခု ဆောင်ရွက်ခြင်းသည် ဗုဒ္ဓဘာသာနည်းဖြင့် ကျင့်ကြံခြင်းဖြစ်သည်ဟု သူတို့က ယူဆပါသည်။ ကိုးကွယ်အားထားမှု၏ ဆီလျော်အရေးပါမှုနှင့် နေ့စဉ်ဘဝတွင် ခြားနားမှုများ ဖြစ်စေနိုင်မှုတို့ကို ပေါ့လျော့စေခြင်းဖြင့် သူတို့သည် အဓိကအချက်ကို လွတ်ကုန်ပါသည်။

ဘဝတွင် ကျွန်ုပ်တို့ အခြေအနေ မည်သို့ရှိစေကာမူ ဗုဒ္ဓဘာသာ ကျင့်ကြံမှုသည် မိမိကိုယ်တိုင် ပိုကောင်းသော လူတစ်ယောက် ဖြစ်လာအောင် ကြိုးစားရင်း ကိုယ်တိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ နေ့တိုင်း နာရီဝက် သို့မဟုတ် အလွန်ပင်ပန်းသောအခါ ခဏတဖြုတ် ကျင့်ကြံနိုင်အောင် အလုပ်ပြီးချိန်တွင် တစ်ပတ်တစ်ခါ ဆောင်ရွက်သည့် ဝါသနာ သို့မဟုတ် အားကစားတစ်ခုလို အပိုကိစ္စတစ်ခုခု မဟုတ်ပါ။ ကိုယ်တိုင် အမြဲတမ်း အားထုတ်နေသည့် အချိန်တိုင်း ဆောင်ရွက်နေသည့် လက်တွေ့ကိစ္စတစ်ခု ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ အားနည်းချက်များနှင့် အရည်အသွေး ကောင်းများကို အသိအမှတ်ပြုကာ ပထမတစ်ခုကို အားနည်းပြီး ဒုတိယတစ်ခုကို အားကောင်းစေမည့် နည်းစနစ်များ လေ့လာရန် ဖြစ်ပါသည်။ အန္တိမ ရည်မှန်းချက်မှာ အားနည်းချက်အားလုံး ဖယ်ရှားပြီး အရည်အသွေးကောင်း အားလုံး အပြည့်အဝ ပေါ်ထွက်လာစေရန် ဖြစ်ပါသည်။ ဤသည်မှာ ကိုယ့်အကျိုးအတွက်သာ မဟုတ်ပါ။ ဘဝတွင် ပိုပြီး ပျော်ရွှင်မှုနှင့် ပတ်သက်လျှင် အကျိုးကျေးဇူးများ ကျိန်းသေရရှိမှာ ဖြစ်ပါသည်။ ထို့ပြင် အခြားသူများကို ကူညီရာတွင် ပိုပြီး ထိရောက်ရန်၊ အခြားသူများ အကျိုးဖြစ်စေရန် အတွက်လည်း ဖြစ်ပါသည်။ ဤသည်မှာ တကယ့် ဗုဒ္ဓဘာသာ ကျင့်ကြံမှုပင် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်အဖြစ် ထူးခြားသောအချက်မှာ ဤရည်မှန်းချက်များ ရရှိစေနိုင်သည့် နည်းစနစ်များ ဖြစ်ပြီး ကိုးကွယ်အားထားရာ ဆိုသည်မှာ ထိုနည်းစနစ်များကို ဘဝတွင် လက်ခံကျင့်သုံးခြင်း ဖြစ်ပါသည်။


ကိုးကွယ်အားထားမှုသည် အလိုလိုဖြစ်မလာပါ

ဘုရား၊ တရား၊ သံဃာဆိုသည့် ရတနာသုံးပါးကို ကိုးကွယ်အားထားမှုသည် ဗုဒ္ဓဘာသာ တရားတော်အားလုံး၏ အဓိကအချက် ဖြစ်ပါသည်။ တကယ်တော့ ကိုးကွယ်အားထားမှုသည် ဗုဒ္ဓဘာသာဟုတ်၊ မဟုတ်ဆိုသည့် ခြားနားချက် စည်းတစ်ခုအဖြစ် ထင်ရှားနေပါသည်။ အကျဉ်းဆိုရလျှင် တရားဓမ္မဆိုသည်မှာ ကိုယ်တိုင် အားထုတ်မှု နည်းစနစ်များနှင့် ကျွန်ုပ်တို့အားလုံး ရရှိနိုင်သော ရည်မှန်းချက်ကို ဖော်ပြထားပါသည်။ ဘုရားရှင်များမှာ ထိုနည်းစနစ်များ ဟောကြားပြီး ထိုရည်မှန်းချက်ကို အပြည့်အဝ ရရှိထားသူများ ဖြစ်ပါသည်။ သံဃာဆိုသည်မှာ ထိုရည်မှန်းချက်ကို တစ်စိတ်တစ်ပိုင်း ရရှိထားသူများ ဖြစ်ပါသည်။ ‘‘ဓမ္မ’’ ဆိုသည့်စကားမှာ အမှန်တော့ ‘‘ကာကွယ်သော နည်းလမ်းများ’’ ဖြစ်ပြီး ကိုယ်တိုင်ရော ဖြစ်နိုင်လျှင် အခြားသူများအတွက်ပါ ပြဿနာများ မဖန်တီးမိအောင် ကာကွယ်သည့် အဆင့်များ ဖြစ်ပါသည်။ မိမိကိုယ်ကို ကာကွယ်သော နည်းလမ်းများ ဖြစ်ပါသည်။

မူလသက္ကတ ဘာသာစကားတွင် သရဏ ဆိုသည်မှာ ‘‘ကိုးကွယ်အားထားရာ’’ ဟု ဘာသာပြန်ထားပြီး ‘‘ကာကွယ်ခြင်း’’ ဟု ဆိုလိုပါသည်။ ‘‘ခိုလှုံရာ’’ အတွက်လည်း အသုံးပြုနိုင်ပါသည်။ ထိုစကားကို သေချာနားလည်ရန် လိုပါသည်။ အဓိပ္ပာယ်မှာ ဓမ္မ၏ အဓိပ္ပာယ်နှင့် ကွက်တိဖြစ်ပါသည်။ ကျွန်ုပ်တို့အား အကာအကွယ်ပေးမည့် ပြင်ပအရာတစ်ခုခုထံတွင် မိမိကိုယ်ကို မလှုပ်မယှက် ပုံအပ်ထားခြင်းမျိုး မဟုတ်ပါ။ ဗုဒ္ဓဘာသာ၏ ဆိုလိုရင်းမှာ ‘‘ကိုးကွယ်အားထားခြင်း’’ သည် ကိုယ်တိုင်တက်ကြွစွာ ဆောင်ရွက်ပြီး ကိုယ်တိုင်ကာကွယ်ရန် တစ်ခုခုဆောင်ရွက်ဖို့ လိုပါသည်။

ဆရာတော်အများစု အသုံးပြုသော အောက်ပါနမူနာကို စဉ်းစားကြည့်ပါ။ မိုးရွာနေချိန်တွင် အနီးအနားမှာ ဂူတစ်ခု ရှိသည်ဆိုပါစို့။ ‘‘ဒီဂူထဲမှာ အောင်းနေလိုက်မယ်။ ခိုလှုံရာအနေနဲ့ ဂူထဲဝင်နေလိုက်မယ်။’’ ဟု ပြောပြီး မိုးရေထဲတွင် ရပ်နေကာ ထိုစကားကိုပင် ထပ်ပြောနေပါက အထောက်အကူပြုမည် မဟုတ်ပါ။ ဂူထဲသို့ တကယ်ဝင်သွားရပါမည်။ ထို့အတူ ‘‘ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပြီး ခိုလှုံရာအနေနဲ့ လက်ခံမယ်’’ ဟု ပြောနေပြီး ထိုလမ်းကြောင်းအတိုင်း တကယ်မလျှောက်လှမ်းဘဲ ဘဝတွင် မကျင့်သုံးပါက အထောက်အကူ မဖြစ်တော့ပါ။ ယင်းတို့က ကိုယ်စားပြုသည့်အချက်ကို အကောင်အထည်ဖော်ရန် လိုပါသည်။ သို့မှသာ ပြဿနာများမှနေ၍ မိမိကိုယ်ကို ခိုလှုံနိုင်ပါမည်။ ထို့ကြောင့်လည်း ‘‘စိတ်ချရသော လမ်းကြောင်း’’ နှင့် ‘‘ဘဝတွင် စိတ်ချရသော လမ်းကြောင်းဖြင့် လျှောက်လှမ်းခြင်း’’ ဆိုသော စကားရပ်ကို အသုံးပြုလိုက်ခြင်း ဖြစ်ပါသည်။

ဂူအကြောင်း ဆက်ရမည်ဆိုလျှင် ဂူထဲသို့ ဝင်ကြည့်ပြီး အထဲဝင်လိုက်ပါက မိုးမစိုအောင် ကယ်တင်ရုံသာမက ဘဝပြဿနာအားလုံးမှ တစ်နည်းနည်းဖြင့် ကယ်တင်မည်ဟု မျှော်လင့် ရုံမျှနှင့် မလုံလောက်ပါ။ အဓိကအချက်မှာ ဘုရား၊ တရား၊ သံဃာ၏ စံပြသင်္ကေတများအတိုင်း ကြိုးစားချဉ်းကပ်နိုင်အောင် မိမိကိုယ်တိုင် အဆက်မပြတ် အားထုတ်နေရန် လိုပါသည်။ ဘုရား၊ တရား၊ သံဃာ အရိပ်တွင် ခိုလှုံရုံမျှနှင့် လုံလောက်သည်ဟု ထင်ပါက တစ်ဦးချင်း ကယ်တင်ရှင်ဆိုသည့် ခရစ်ယာန် အယူအဆအတိုင်း ဗုဒ္ဓမြတ်စွာက ကျွန်ုပ်တို့ကို တစ်နည်းနည်းဖြင့် ကယ်တင်မည်ဆိုပြီး ရောနှောသွားရန် လွယ်ကူလှပါသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာက ဘုရားသခင်နှင့်တူပြီး သံဃာက သူတော်စင်များနှင့် တူပါမည်။ နောက်ဆုံးတွင် အနောက်တိုင်း အသိုင်းအဝိုင်း အများစုတွင် ခရစ်ယာန်လွှမ်းမိုးမှု နောက်ခံရေစီးကြောင်းအချို့ ရှိပါသည်။ ထိုသို့တွေးခေါ်ကာ ကောင်းကင်မှလာသော ခွန်အားတစ်ခုခုက ကျွန်ုပ်တို့ကို မှော်ဆန်စွာ ကယ်တင်ပါစေဟု ဆုတောင်းပါသည်။ ဗုဒ္ဓဘာသာ စကားရပ်များ အသုံးပြုရပါက ကျွန်ုပ်တို့၏ ပြဿနာများ၊ ဆင်းရဲဒုက္ခများမှနေ၍ အားလုံးကို ဆန်းကြယ်စွာ လွတ်မြောက်စေပါလိမ့်မည်။

ထိုအတိုင်းသာဆိုပါက ကျွန်ုပ်တို့သည် တိဘက်ဘာသာဖြင့် ဗုဒ္ဓဘာသာအမည်တစ်ခု ရယူပြီး အနီရောင်ကြိုးတစ်ချောင်း ပတ်ထားကာ မှော်ဆန်သော ဂါထာအချို့ ရွတ်ခြင်း၊ ကြိုးစားပြီး ဆုတောင်းခြင်းတို့ ပြုလုပ်ပါက တစ်နည်းနည်းဖြင့် ကယ်တင်ခံရပါမည်။ တိဘက်ဘာသာဖြင့် ဆုတောင်းခြင်း၊ ကျင့်ကြံခြင်းများ ပြုလုပ်ပါက တစ်လုံးမှ နားမလည် သော်လည်း ဆန်းပြားသော စွမ်းအားကြီးရှိလာမည်ဟုပင် ထင်နိုင်ပါသည်။ လားမားဆရာတော်ကြီးဖြစ်သော ဇုန်ဆာခီယန်စီ ယင်းပိုချီသည် ကျွန်ုပ်နေထိုင်ရာ ဘာလင်ကို မကြာသေးမီက ရောက်ရှိလာပါသည်။ သူက အလွန်ပင် လေးနက်စွာ ပြောခဲ့ပါသည်။ တိဘက်လူမျိုးများသည် သူတို့ ကျင့်ကြံမှုများကို ဂျာမန်စကားလုံးများဖြင့် အသံထွက်ရေးထားသော ဂျာမန်ဘာသာဖြင့် ရွတ်ဆိုရမည်ဖြစ်ကြောင်း၊ သူတို့ဘာပြောနေသည်ကို လုံးဝ နားမလည်ကြောင်း၊ တိဘက်လူမျိုး မည်မျှသည် ဗုဒ္ဓဘာသာကို အမှန်တကယ် ကျင့်ကြံနေသည်ကို သူမခန့်မှန်း နိုင်ကြောင်း သူကပြောသည်။ အားလုံး ရယ်မောကုန်ပါသည်။ သို့သော် ထိုကဲ့သို့ စဉ်းစားပါက အတော်ပင် လေးနက်သည် မဟုတ်ပါလား။ ကျွန်ုပ်တို့ ပြဿနာများအားလုံးအတွက် ကျွန်ုပ်တို့အား မှော်ဆန်သော တန်ခိုးရှင် နည်းလမ်းတစ်ခုခု ပေးလာမည် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ လုပ်ရမည်မှာ ကြီးကျယ်သောခွန်အားရှင်ထံ ပုံအပ်ထားရမည်ဖြစ်ကြောင်း၊ ကိုးကွယ်အားထားရာကို ရှုမြင်တတ်ခြင်းကို ကျော်လွှားရန် အလွန်အရေးကြီးပါသည်။

ဤနေရာတွင် သက်ဆိုင်နေသော တကယ့်ပြဿနာမှာ ‘‘ဘဝမှာ ငါဘာလုပ်မလဲ။’’ ‘‘ငါ့ဘဝဟာ တစ်နေရာရာကို သွားနေသလား။’’ ဟုမေးရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အများစုသည် ဘဝက ဘယ်မှ မရောက်ဘူးဟု သိမြင်လာတတ်ပြီး သံသရာလည်နေသည်ဟု ထင်ရပါသည်။ ပြန်လည်မွေးဖွားမှုနှင့် ပတ်သက်သော ပိုမိုလေးနက်သည့် သံသရာကို ပြောနေခြင်း မဟုတ်ပါ။ နေ့စဉ်ဘဝက ဘာမှ ဖြစ်မလာသလို ထင်ရပြီး အဓိပ္ပာယ်မဲ့နေခြင်းကို ဆိုလိုပါသည်။ ကျွန်ုပ်တို့ ဘာကြောင့် ရှင်သန်နေပါသလဲ။ ထိုသို့ တွေးမိသည်မှာ ဝမ်းနည်ဖွယ်ကောင်းသည် မဟုတ်ပါလား။ ပျော်စရာကောင်းသည့် အခြေအနေတော့ မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘဝတွင် အဓိပ္ပာယ်ရှိသော လမ်းကြောင်းအချို့ ရှိရန်၊ ရည်ရွယ်ချက် သို့မဟုတ် ရည်မှန်းချက် တစ်ခုခုရှိရန် လိုပါသည်။ ထို့ပြင် ဘဝတွင် ကိုယ်တိုင် ချမှတ်ဖို့လည်း လိုပါသည်။ တက်ကြွစွာ ဆောင်ရွက်ရသည့်အလုပ် ဖြစ်ပါသည်။ ဘဝတွင် အဓိပ္ပာယ်ရှိသော ရည်ရွယ်ချက် သို့မဟုတ် ရည်မှန်းချက် တစ်ခုခုရှိပါက ကိုယ်ဘာလုပ်နေသည်ကို တစ်နည်းနည်းဖြင့် သိလာပါသည်။ သို့မှသာ ပိုပြီးလုံခြုံကာ၊ ပိုပြီး စိတ်ချရသည်ဟု ခံစားလာရသည် မဟုတ်ပါလား။

ကိုးကွယ်အားထားမှုသည် အလိုလိုဖြစ်မလာပါ

ဘုရား၊ တရား၊ သံဃာဆိုသည့် ရတနာသုံးပါးကို ကိုးကွယ်အားထားမှုသည် ဗုဒ္ဓဘာသာ တရားတော်အားလုံး၏ အဓိကအချက် ဖြစ်ပါသည်။ တကယ်တော့ ကိုးကွယ်အားထားမှုသည် ဗုဒ္ဓဘာသာဟုတ်၊ မဟုတ်ဆိုသည့် ခြားနားချက် စည်းတစ်ခုအဖြစ် ထင်ရှားနေပါသည်။ အကျဉ်းဆိုရလျှင် တရားဓမ္မဆိုသည်မှာ ကိုယ်တိုင် အားထုတ်မှု နည်းစနစ်များနှင့် ကျွန်ုပ်တို့အားလုံး ရရှိနိုင်သော ရည်မှန်းချက်ကို ဖော်ပြထားပါသည်။ ဘုရားရှင်များမှာ ထိုနည်းစနစ်များ ဟောကြားပြီး ထိုရည်မှန်းချက်ကို အပြည့်အဝ ရရှိထားသူများ ဖြစ်ပါသည်။ သံဃာဆိုသည်မှာ ထိုရည်မှန်းချက်ကို တစ်စိတ်တစ်ပိုင်း ရရှိထားသူများ ဖြစ်ပါသည်။ ‘‘ဓမ္မ’’ ဆိုသည့်စကားမှာ အမှန်တော့ ‘‘ကာကွယ်သော နည်းလမ်းများ’’ ဖြစ်ပြီး ကိုယ်တိုင်ရော ဖြစ်နိုင်လျှင် အခြားသူများအတွက်ပါ ပြဿနာများ မဖန်တီးမိအောင် ကာကွယ်သည့် အဆင့်များ ဖြစ်ပါသည်။ မိမိကိုယ်ကို ကာကွယ်သော နည်းလမ်းများ ဖြစ်ပါသည်။

မူလသက္ကတ ဘာသာစကားတွင် သရဏ ဆိုသည်မှာ ‘‘ကိုးကွယ်အားထားရာ’’ ဟု ဘာသာပြန်ထားပြီး ‘‘ကာကွယ်ခြင်း’’ ဟု ဆိုလိုပါသည်။ ‘‘ခိုလှုံရာ’’ အတွက်လည်း အသုံးပြုနိုင်ပါသည်။ ထိုစကားကို သေချာနားလည်ရန် လိုပါသည်။ အဓိပ္ပာယ်မှာ ဓမ္မ၏ အဓိပ္ပာယ်နှင့် ကွက်တိဖြစ်ပါသည်။ ကျွန်ုပ်တို့အား အကာအကွယ်ပေးမည့် ပြင်ပအရာတစ်ခုခုထံတွင် မိမိကိုယ်ကို မလှုပ်မယှက် ပုံအပ်ထားခြင်းမျိုး မဟုတ်ပါ။ ဗုဒ္ဓဘာသာ၏ ဆိုလိုရင်းမှာ ‘‘ကိုးကွယ်အားထားခြင်း’’ သည် ကိုယ်တိုင်တက်ကြွစွာ ဆောင်ရွက်ပြီး ကိုယ်တိုင်ကာကွယ်ရန် တစ်ခုခုဆောင်ရွက်ဖို့ လိုပါသည်။

ဆရာတော်အများစု အသုံးပြုသော အောက်ပါနမူနာကို စဉ်းစားကြည့်ပါ။ မိုးရွာနေချိန်တွင် အနီးအနားမှာ ဂူတစ်ခု ရှိသည်ဆိုပါစို့။ ‘‘ဒီဂူထဲမှာ အောင်းနေလိုက်မယ်။ ခိုလှုံရာအနေနဲ့ ဂူထဲဝင်နေလိုက်မယ်။’’ ဟု ပြောပြီး မိုးရေထဲတွင် ရပ်နေကာ ထိုစကားကိုပင် ထပ်ပြောနေပါက အထောက်အကူပြုမည် မဟုတ်ပါ။ ဂူထဲသို့ တကယ်ဝင်သွားရပါမည်။ ထို့အတူ ‘‘ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပြီး ခိုလှုံရာအနေနဲ့ လက်ခံမယ်’’ ဟု ပြောနေပြီး ထိုလမ်းကြောင်းအတိုင်း တကယ်မလျှောက်လှမ်းဘဲ ဘဝတွင် မကျင့်သုံးပါက အထောက်အကူ မဖြစ်တော့ပါ။ ယင်းတို့က ကိုယ်စားပြုသည့်အချက်ကို အကောင်အထည်ဖော်ရန် လိုပါသည်။ သို့မှသာ ပြဿနာများမှနေ၍ မိမိကိုယ်ကို ခိုလှုံနိုင်ပါမည်။ ထို့ကြောင့်လည်း ‘‘စိတ်ချရသော လမ်းကြောင်း’’ နှင့် ‘‘ဘဝတွင် စိတ်ချရသော လမ်းကြောင်းဖြင့် လျှောက်လှမ်းခြင်း’’ ဆိုသော စကားရပ်ကို အသုံးပြုလိုက်ခြင်း ဖြစ်ပါသည်။

ဂူအကြောင်း ဆက်ရမည်ဆိုလျှင် ဂူထဲသို့ ဝင်ကြည့်ပြီး အထဲဝင်လိုက်ပါက မိုးမစိုအောင် ကယ်တင်ရုံသာမက ဘဝပြဿနာအားလုံးမှ တစ်နည်းနည်းဖြင့် ကယ်တင်မည်ဟု မျှော်လင့် ရုံမျှနှင့် မလုံလောက်ပါ။ အဓိကအချက်မှာ ဘုရား၊ တရား၊ သံဃာ၏ စံပြသင်္ကေတများအတိုင်း ကြိုးစားချဉ်းကပ်နိုင်အောင် မိမိကိုယ်တိုင် အဆက်မပြတ် အားထုတ်နေရန် လိုပါသည်။ ဘုရား၊ တရား၊ သံဃာ အရိပ်တွင် ခိုလှုံရုံမျှနှင့် လုံလောက်သည်ဟု ထင်ပါက တစ်ဦးချင်း ကယ်တင်ရှင်ဆိုသည့် ခရစ်ယာန် အယူအဆအတိုင်း ဗုဒ္ဓမြတ်စွာက ကျွန်ုပ်တို့ကို တစ်နည်းနည်းဖြင့် ကယ်တင်မည်ဆိုပြီး ရောနှောသွားရန် လွယ်ကူလှပါသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာက ဘုရားသခင်နှင့်တူပြီး သံဃာက သူတော်စင်များနှင့် တူပါမည်။ နောက်ဆုံးတွင် အနောက်တိုင်း အသိုင်းအဝိုင်း အများစုတွင် ခရစ်ယာန်လွှမ်းမိုးမှု နောက်ခံရေစီးကြောင်းအချို့ ရှိပါသည်။ ထိုသို့တွေးခေါ်ကာ ကောင်းကင်မှလာသော ခွန်အားတစ်ခုခုက ကျွန်ုပ်တို့ကို မှော်ဆန်စွာ ကယ်တင်ပါစေဟု ဆုတောင်းပါသည်။ ဗုဒ္ဓဘာသာ စကားရပ်များ အသုံးပြုရပါက ကျွန်ုပ်တို့၏ ပြဿနာများ၊ ဆင်းရဲဒုက္ခများမှနေ၍ အားလုံးကို ဆန်းကြယ်စွာ လွတ်မြောက်စေပါလိမ့်မည်။

ထိုအတိုင်းသာဆိုပါက ကျွန်ုပ်တို့သည် တိဘက်ဘာသာဖြင့် ဗုဒ္ဓဘာသာအမည်တစ်ခု ရယူပြီး အနီရောင်ကြိုးတစ်ချောင်း ပတ်ထားကာ မှော်ဆန်သော ဂါထာအချို့ ရွတ်ခြင်း၊ ကြိုးစားပြီး ဆုတောင်းခြင်းတို့ ပြုလုပ်ပါက တစ်နည်းနည်းဖြင့် ကယ်တင်ခံရပါမည်။ တိဘက်ဘာသာဖြင့် ဆုတောင်းခြင်း၊ ကျင့်ကြံခြင်းများ ပြုလုပ်ပါက တစ်လုံးမှ နားမလည် သော်လည်း ဆန်းပြားသော စွမ်းအားကြီးရှိလာမည်ဟုပင် ထင်နိုင်ပါသည်။ လားမားဆရာတော်ကြီးဖြစ်သော ဇုန်ဆာခီယန်စီ ယင်းပိုချီသည် ကျွန်ုပ်နေထိုင်ရာ ဘာလင်ကို မကြာသေးမီက ရောက်ရှိလာပါသည်။ သူက အလွန်ပင် လေးနက်စွာ ပြောခဲ့ပါသည်။ တိဘက်လူမျိုးများသည် သူတို့ ကျင့်ကြံမှုများကို ဂျာမန်စကားလုံးများဖြင့် အသံထွက်ရေးထားသော ဂျာမန်ဘာသာဖြင့် ရွတ်ဆိုရမည်ဖြစ်ကြောင်း၊ သူတို့ဘာပြောနေသည်ကို လုံးဝ နားမလည်ကြောင်း၊ တိဘက်လူမျိုး မည်မျှသည် ဗုဒ္ဓဘာသာကို အမှန်တကယ် ကျင့်ကြံနေသည်ကို သူမခန့်မှန်း နိုင်ကြောင်း သူကပြောသည်။ အားလုံး ရယ်မောကုန်ပါသည်။ သို့သော် ထိုကဲ့သို့ စဉ်းစားပါက အတော်ပင် လေးနက်သည် မဟုတ်ပါလား။ ကျွန်ုပ်တို့ ပြဿနာများအားလုံးအတွက် ကျွန်ုပ်တို့အား မှော်ဆန်သော တန်ခိုးရှင် နည်းလမ်းတစ်ခုခု ပေးလာမည် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ လုပ်ရမည်မှာ ကြီးကျယ်သောခွန်အားရှင်ထံ ပုံအပ်ထားရမည်ဖြစ်ကြောင်း၊ ကိုးကွယ်အားထားရာကို ရှုမြင်တတ်ခြင်းကို ကျော်လွှားရန် အလွန်အရေးကြီးပါသည်။

ဤနေရာတွင် သက်ဆိုင်နေသော တကယ့်ပြဿနာမှာ ‘‘ဘဝမှာ ငါဘာလုပ်မလဲ။’’ ‘‘ငါ့ဘဝဟာ တစ်နေရာရာကို သွားနေသလား။’’ ဟုမေးရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အများစုသည် ဘဝက ဘယ်မှ မရောက်ဘူးဟု သိမြင်လာတတ်ပြီး သံသရာလည်နေသည်ဟု ထင်ရပါသည်။ ပြန်လည်မွေးဖွားမှုနှင့် ပတ်သက်သော ပိုမိုလေးနက်သည့် သံသရာကို ပြောနေခြင်း မဟုတ်ပါ။ နေ့စဉ်ဘဝက ဘာမှ ဖြစ်မလာသလို ထင်ရပြီး အဓိပ္ပာယ်မဲ့နေခြင်းကို ဆိုလိုပါသည်။ ကျွန်ုပ်တို့ ဘာကြောင့် ရှင်သန်နေပါသလဲ။ ထိုသို့ တွေးမိသည်မှာ ဝမ်းနည်ဖွယ်ကောင်းသည် မဟုတ်ပါလား။ ပျော်စရာကောင်းသည့် အခြေအနေတော့ မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘဝတွင် အဓိပ္ပာယ်ရှိသော လမ်းကြောင်းအချို့ ရှိရန်၊ ရည်ရွယ်ချက် သို့မဟုတ် ရည်မှန်းချက် တစ်ခုခုရှိရန် လိုပါသည်။ ထို့ပြင် ဘဝတွင် ကိုယ်တိုင် ချမှတ်ဖို့လည်း လိုပါသည်။ တက်ကြွစွာ ဆောင်ရွက်ရသည့်အလုပ် ဖြစ်ပါသည်။ ဘဝတွင် အဓိပ္ပာယ်ရှိသော ရည်ရွယ်ချက် သို့မဟုတ် ရည်မှန်းချက် တစ်ခုခုရှိပါက ကိုယ်ဘာလုပ်နေသည်ကို တစ်နည်းနည်းဖြင့် သိလာပါသည်။ သို့မှသာ ပိုပြီးလုံခြုံကာ၊ ပိုပြီး စိတ်ချရသည်ဟု ခံစားလာရသည် မဟုတ်ပါလား။

ဘဝတွင် အဓိပ္ပာယ်ရှိသော ရည်မှန်းချက် ထားရှိခြင်း

ကျွန်ုပ်တို့ ဘဝတွင် မည်သို့သော ရည်မှန်းချက် ချမှတ်နိုင်ပါသလဲ။ လက်ရှိ ကြုံနေသော မနှစ်မြို့ဖွယ် အခြေအနေနှင့် ဘဝတွင် ဤရည်မှန်းချက် ချမှတ်ကာ တစ်နည်းနည်းဖြင့် ရုန်းထွက်သောအရာနှင့် ဆက်စပ်ကာ ထိုရည်မှန်းချက်ကို သတ်မှတ်လေ့ ရှိပါသည်။ အခြေခံအကျဆုံး အဆင့်တွင် လူတိုင်း ပျော်ရွှင်လိုပြီး မည်သူမျှ ဝမ်းနည်းလိုခြင်းမရှိကြောင်း ပြောနိုင်ပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် ပေးထားသော ဆိုးရိုးတစ်ခုလို ဖြစ်ပြီး ဇီဝဗေဒ အမှန်တရားအချို့ ပါဝင်နေပါသည်။ ကျွန်ုပ်တို့သည် နာကျင်မှုကို ရှောင်ရှားလိုသည်။ ဆင်းရဲဒုက္ခကို ရှောင်ရှားလိုသည်။ အခက်အခဲကို ရှောင်ရှားလိုသည်။ အင်းဆက်ပိုးမွှားများသည်ပင် ထိုကဲ့သို့ အလိုဆန္ဒ ရှိကြသည် မဟုတ်ပါလား။ ထိုအချက်သည်ပင် ကျွန်ုပ်တို့၏ ရည်မှန်းချက် ဖြစ်ပါသည်။

မေးစရာရှိသည်မှာ ဆင်းရဲဒုက္ခ သို့မဟုတ် စိတ်မကျေနပ်မှု မည်မျှကို ကျွန်ုပ်တို့ ပြောနေပါသလဲ။ ကျွန်ုပ်တို့ ရည်မှန်းသော ရည်မှန်းချက်သည် ထိုပြဿနာကို ပြေလည်စေရုံသာမက ကျွန်ုပ်တို့၏ အခြားပြဿနာများအားလုံးကိုလည်း ဂရုစိုက်ပါမည်လား။ ဥပမာ၊ ကျွန်ုပ်တို့ ပြဿနာမှာ ဆင်းရဲပြီး စီးပွားရေး ခက်ခဲသည်။ ထို့ကြောင့် ရည်မှန်းချက်မှာ အလုပ်အကိုင်ကောင်းရှာပြီး ငွေများများရှာရန် ဖြစ်သည်။ အလုပ် မကောင်းပါက လိမ္မာသော ရာဇဝတ်သားဖြစ်ပြီး အလျင်အမြန် ချမ်းသာအောင် လုပ်နိုင်သည်။ မည်သို့ဆိုစေ တစ်နည်းနည်းဖြင့် ငွေအများကြီး ရချင်သည်။ သို့သော် ငွေအများကြီး ရှိသူများကို လေ့လာပြီး သူတို့နှင့် ရိုးသားစွာ စကားပြောကာ သူတို့ကလည်း သူတို့ဘဝအကြောင်း ရိုးသားစွာ ပြောပါက ထိုသူတို့သည် လုံးဝပျော်ရွှင်နေသူများ မဟုတ်ကြောင်း တွေ့လာပါသည်။ သူတို့မှာ ငွေကြေးဘယ်တော့မှ မလုံလောက်ပါ။ သန်းပေါင်းများစွာ ရှိနေလည်း ပိုပြီး ထပ်လိုချင်နေပါသည်။ ဘယ်တော့မှ စိတ်ကျေနပ်ခြင်း မရှိပါ။

ထိုအချက်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ဒေါ်လာ သန်းတစ်ထောင် ရှိသူများဆိုလျှင် လက်ရှိ ကမ္ဘာ့ စီးပွားရေး အခက်အခဲများကြောင့် ဒေါ်လာ သန်းငါးရာမျှသာ ရှိပါတော့သည်။ သူတို့မှာ ယခုအခါ ဒေါ်လာ သန်းငါးရာမျှသာရှိပြီး မလုံခြုံသလို ခံစားရသောကြောင့် ပရဟိတ အလုပ်တစ်ခုခုတွင် လှူဒါန်းခြင်း၊ ပါဝင်ခြင်းတို့ မပြုလုပ်နိုင်တော့ပါ။ ထိုငွေကို စုဆောင်းရမည်ဟု ခံစားလာရသည်။ သူတို့ ကြွယ်ဝမှုကို အခြားသူများနှင့် မျှဝေခြင်းမပြုမီ သန်းတစ်ထောင် တစ်နည်းနည်းဖြင့် ပြန်ရလိုပါသည်။ ထိုအခါ စတော့စျေးကွက် သတင်းများကို အမြဲကြည့်ပြီး သူတို့မှာရှိသော ငွေတစ်စိတ်တစ်ပိုင်း ထပ်ဆုံးရှုံးမည်ကို နေ့စဉ် အမြဲတမ်း ပူပန်နေရပါသည်။ သက်တော်စောင့်များငှားရမ်းခြင်းနှင့် အခြား အလားတူ လုံခြုံရေးနည်းစနစ်များလည်း အသုံးပြုရနိုင်ပါသည်။ အကြောင်းမှာ သူတို့အိမ်မှပစ္စည်းများကို ခိုးယူခံရခြင်း၊ သူတို့ကလေးများ ပြန်ပေးဆွဲခံရခြင်းတို့ ဖြစ်လာမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်ပါသည်။ ဤသည်မှာ လက်တင်အမေရိကမှ လူချမ်းသာများတွင် ဖြစ်လေ့ရှိပါသည်။ ထို့ပြင် လူတို့သည် သူတို့ငွေကြေးကို ရယူရန်ကြိုးစားမှုမှအပ သူတို့နှင့် အခြားအကြောင်းရင်းများကြောင့် မိတ်ဆွေဖွဲ့ခြင်း မဟုတ်ကြောင်း အမြဲသံသယ ဖြစ်နေပါသည်။ ဆင်းရဲသည့် ပြဿနာများ သူတို့မှာ မရှိတာသေချာသော်လည်း ငွေအများကြီးရှိမှုနှင့် ဆိုင်သည့် အခြားပြဿနာများစွာ ကျိန်းသေ ရှိနေပါသည်။

လောကီ ရည်မှန်းချက်များတွင် မတည်ငြိမ်သော အခြေခံ ရှိပါသည်

ငွေအများကြီးအပြင် ဗုဒ္ဓဘာသာတွင် ဖော်ပြထားသည့် အခြား ‘‘လောကီ ရည်မှန်းချက်များ’’ လည်း ရှိပါသည်။ သို့သော် ‘‘လောကီ’’ ဆိုသည်မှာ အင်္ဂလိပ်ဘာသာတွင် အပျက်သဘောအဓိပ္ပာယ် ရှိနေပြီး အကဲဖြတ်မှု ပါဝင်နေသည်ဟု ထင်ရပါသည်။ ဒါက အရေးမကြီးပါ။ ကျွန်ုပ်၏ဆရာတော် ဆခုန်ယင်းပိုချီက ‘‘လောကီ’’ သို့မဟုတ် ကျစ်-ထန် ဟု ဘာသာပြန်ထားသော တိဘက်စကားလုံး နှစ်လုံးတွင် တကယ့် အဓိပ္ပာယ် ရှိနေသည်ဟု ရှင်းပြပါသည်။ ထိုစကားလုံးများမှာ ပြိုကွဲ (ကျစ်) တော့မည့် အခြေခံ (ထန်) တစ်ခုကို ဆိုလိုပါသည်။ ပြိုကျမည့် ရည်မှန်းချက်တစ်ခုကို ရည်မှန်းနေပါက ရေရှည် ပျော်ရွှင်မှုကို ပေးနိုင်မည် မဟုတ်ပါ။ အခြေခံ မခိုင်မာသည့်အတွက် ပြဿနာများ ပို၍ဖြစ်လာစေပါလိမ့်မည်။

ဥပမာ၊ ကျွန်ုပ်တို့၏ ဘဝရည်မှန်းချက်မှာ သာယာသော မိသားစုလေး ရရှိရန် ဆိုပါစို့။ ထိုအခါ သားသမီးများစွာ ပြုစု ပျိုးထောင်ကာ ကျွန်ုပ်တို့ အသက်ကြီးလာပါက သူတို့က ပြန်လည်စောင့်ရှောက်ကာ ထိုအခါ အလွန်ပျော်ရွှင်လုံခြုံမည်ဟု ယူဆပါသည်။ တကယ်တော့ ထိုသို့အမြဲတမ်း စိတ်တိုင်းကျ ဖြစ်လာပါရဲ့လား။ နောက်ထပ် ဥပမာတစ်ခုမှာ နာမည်ကြီးရန် ကြိုးစားခြင်း ဖြစ်သည်။ ပိုပြီး နာမည်ကြီးလာလေ လူတို့က ပိုအနှောင့်အယှက်ပေးပြီး ကျွန်ုပ်တို့အချိန်ကို လုယူရန် ကြိုးစားလေ ဖြစ်ပါသည်။ နာမည်ကြီး သရုပ်ဆောင်များကို ကြည့်ပါက အပြင်ထွက်လျှင် ရုပ်ဖျက်ပြီးမှ ထွက်ရသည်ကို ကြည့်ပါ။ အကြောင်းမှာ လူအများကြီး အုံလာပြီး သူတို့အဝတ်အစားများ တစ်စွန်းတစ်စ ဆုတ်ဖြဲလိုကြခြင်းမျိုး ရှိနေပါသည်။ စူပါစတား ဖြစ်ရသည်မှာ အတော်ပင် စိတ်ပျက်စရာ ကောင်းပါသည်။

ကျွန်ုပ်တို့ဘဝကို အလေးအနက် ပြန်ကြည့်ပါက အနီးအနားတွင် သက်သောင့်သက်သာ ရုပ်ဝတ္ထု အခြေအနေ တစ်ခုခု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အဆင်ပြေသော စီစဉ်ထားမှုတစ်ခုခု ရှိခြင်းသည် ဘဝပြဿနာအားလုံး ကျော်လွှားနိုင်ရေးနှင့်ပတ်သက်လျှင် ဘာမှ လေးနက်မှု မရှိတော့ပါ။ အကြောင်းမှာ ကျွန်ုပ်တို့တွင် လောဘ၊ ဒေါသ၊ တဏှာ၊ ဣဿာမစ္ဆရိယ၊ မောက်မာမှု၊ မသိမှုနှင့် အလားတူအချက်များ ရှိနေပါသေးသည်။ ‘‘လောကီ’’ အဆင့် အောင်မြင်မှု မည်မျှရသည်ဖြစ်စေ ပြဿနာများ ကြုံရပါဦးမည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ

ဗုဒ္ဓဘာသာသည် အနာဂတ်ဘဝအကြောင်းကို ပြောထားပြီး ‘‘အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ’’ ရှိကာ ထိုအခြေခံဖြင့် စိတ်လိုက်မာန်ပါ ပြုမူပြီး အပျက်အစွမ်းအစများ စုစည်းလာပါက အနာဂတ်ဘဝများတွင် ဆင်းရဲဒုက္ခနှင့် ကြောက်မက်ဖွယ်ရာများ ဖြစ်လာနိုင်ပုံကို ဆွေးနွေးထားပါသည်။ အပျက်အစွမ်းအစများက ပြဿနာများနှင့် ဝမ်းနည်းမှုတို့ ဖြစ်စေသည့်အတွက် ဗုဒ္ဓဘာသာ ဖော်ပြချက်က ဆိုးရွားသည်ဟု အတိအလင်း ဆိုထားပြီး ကျွန်ုပ်တို့အတွက် ကောင်းတာကို သိပါက ယင်းတို့ကို ရှောင်ရှားရမည်ဟု ဆိုပါသည်။

သို့သော် အနောက်တိုင်းသား အများစုက နောင်ဘဝကို မယုံသလို ယုံအောင်ပြော၍လည်း မရသဖြင့် ဤအချက်ကို ယခုဘဝအနေနှင့် ဆွေးနွေးနိုင်ပါသည်။ ယခုဘဝကို ကြည့်ပါက သေချာလေ့လာလျှင် ကျွန်ုပ်တို့၏ စိတ်ခံစားချက် ပြဿနာများ၏ တကယ်အကြောင်းရင်းမှာ ကိုယ်တွင်းမှဖြစ်သည်ကို တွေ့ရပါသည်။ ပြင်ပ အချက်များမှာ ယင်းတို့ကို တွန်းအားပေးသည့် အခြေအနေများသာ ဖြစ်ပါသည်။ တကယ်တော့ ကျွန်ုပ်တို့၏ လောဘ၊ ဒေါသ၊ တဏှာစသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များက ကျွန်ုပ်တို့၏ စိတ်ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ကို လုယူနေပါသည်။ ကျွန်ုပ်တို့မှာရှိသမျှ အရည်အသွေးကောင်းများ အသုံးမပြနိုင်အောင် တားဆီးနေပါသည်။ တစ်ယောက်ယောက်ကို ကူညီပါက အရည်အသွေးကောင်း ဖြစ်သော်လည်း မကြာမီ သူတို့ကို ဒေါသထွက်လာပါသည်။ သူတို့ကို အကြံဉာဏ်ကောင်း ပေးကြည့်သော်လည်း သူတို့က လက်မခံပါ။ သို့မဟုတ် ကျွန်ုပ်တို့နှင့် ငြင်းခုန်ကာ ကျွန်ုပ်တို့ စိတ်မရှည်အောင် လုပ်ပါသည်။ ထိုသို့သော  အနှောင့်အယှက်ပေးသည့် စိတ်ခံစားချက်များက တစ်ယောက်ယောက်ကို တကယ်ကူညီ၍ မရအောင် ကျွန်ုပ်တို့ကို တားဆီးပါသည်။

အထူးသဖြင့် အခက်အခဲ ကြုံရသည်မှာ ကျွန်ုပ်တို့ ကလေးများနှင့် ပတ်သက်လျှင်လည်း သူတို့အတွက် အကောင်းဆုံးဟု ထင်သည့်အရာကို ကျွန်ုပ်တို့သိထားပြီး သူတို့က ထိုအတိုင်း လိုက်မလုပ်သောအခါ စိတ်တိုပြီး ဒေါသထွက်လာပါသည်။ ထိုအခါ ကျွန်ုပ်တို့ ကလေးများနှင့် အလွန်ဆက်ဆံရေးခက်ခဲလာသည် မဟုတ်ပါလား။ အရေးကြီးသည်မှာ ထိုအတွက် ကျွန်ုပ်တို့ တစ်ခုခု မပြုလုပ်ပါက အခြေအနေ ပိုဆိုးလာနိုင်ပါသည်။ အသက်ကြီးလာပါက ခွန်အားလည်း သိပ်မရှိတော့သည့်အတွက် အနည်းငယ် နူးညံ့လာနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ ဒေါသနှင့် ထိုသို့သောကိစ္စများက အလိုလို ပျောက်သွားမည်ဟု မဆိုလိုပါ။ ထိုစိတ်များက လုံးပါးပါးသွားခြင်း မဟုတ်ပါ။

ထိုကိစ္စများနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ရှိရမည်ဟု ဗုဒ္ဓဘာသာတွင် ဆိုထားသောစကားရပ်မှာ ‘‘ကြောက်ရွံ့မှု’’ ဖြစ်သည်။ သို့သော် ‘‘ကြောက်ရွံ့မှု’’ သည် ဘာသာစကားအများစုတွင် ပြောရခက်သောစကားလုံး ဖြစ်သည်။ နာမည်ကောင်း မရသည့် စကားလုံး ဖြစ်ပါသည်။ တစ်ခါတစ်ရံ ‘‘ကြောက်လန့်မှု’’ ဆိုသောစကားလုံးကို အသုံးပြုသော်လည်း အခြားဘာသာသို့ ပြန်ဆိုရမလွယ်ပါ။ ‘‘ကြောက်လန့်မှု’’ သည် ‘‘ဒါမျိုးမဖြစ်စေချင်ဘူး’’ ဆိုသည့် အဓိပ္ပာယ် ပိုပါသည်။ ဥပမာ၊ အလုပ်တွင် အလွန်ပျင်းရိဖွယ် အစည်းအဝေးကို သွားရပါသည်။ အစည်းအဝေးကို မကြောက်သော်လည်း သွားရမည်ကို ကြောက်လန့်ပါသည်။ ဒါကို အမှန်တကယ် မပြုလုပ်ချင်ပါ။

သို့သော် ကြောက်ရွံ့ဖွယ် နောင်ဘဝ ပြန်လည်မွေးဖွားမှု သို့မဟုတ် သနားစရာ သက်ကြီးရွယ်အိုဘဝ သို့မဟုတ် တစ်ခုခုအပေါ် ကြောက်ရွံ့မှု စသည်ဖြင့် မည်သို့ပင် ကြောက်ရွံ့စေကာမူ ပို၍တိတိကျကျ ပြောရလျှင် ကြောက်ရွံ့မှု နှစ်မျိုးကို ခွဲခြားရန် လိုပါသည်။ လွတ်လမ်းမမြင်သည့် ကြောက်ရွံ့မှုရှိပြီး ကျွန်ုပ်တို့သည် အကူအညီမဲ့ကာ မျှော်လင့်ချက် မဲ့နေပါသည်။ ထိုအခါ အလွန်ပင် ခြောက်ခြားစေသည် မဟုတ်ပါလား။ ယင်းမှာ မကောင်းသော ကြောက်ရွံ့မှု အမျိုးအစားဟု ထင်ပါသည်။ သို့သော် မကြာခဏ ကြုံတွေ့ရတတ်ပါသည်။ သို့သော် ကိုးကွယ်အားထားရာနှင့် ဆက်စပ်ပြီး ဆွေးနွေးလိုသော ကြောက်ရွံ့မှု အမျိုးအစားသည် အတော်လေး ခြားနားသည့် ကြောက်ရွံ့မှု အရသာ နောက်တစ်မျိုး ဖြစ်ပါသည်။ သို့သော် စောစောက ပြောသလိုပင် ကျွန်ုပ်တို့ကြောက်ရွံ့နေသည့် အခြေအနေမှ ကယ်တင်မည့် တန်ခိုးရှင်ခွန်အား သို့မဟုတ် ကယ်တင်ရှင် ရှိလာမည် မဟုတ်ပါ။ ဖိဖိစီးစီး ဆုတောင်းကာ ကြောက်ရွံ့မှုမှ လွတ်မြောက်ပြီး ကယ်တင်ခံရမည် မဟုတ်ပါ။

အရေးကြီးသည်မှာ ကျွန်ုပ်တို့ကိုယ်တိုင် ကာကွယ်၍ရနိုင်ပါသည်။ ဘဝတွင် ရင်ဆိုင်ရသော ပြဿနာအားလုံးကို ရှောင်ရှားနိုင်မည့် အရာက ဘာလဲ။ ဘာကြောင့် ထိုသိုရှောင်ရှားနိုင်မလဲ။ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ပါက ထိုသို့ ပြဿနာဖြစ်စေသော လောဘ၊ ဒေါသ၊ တဏှာစသည့် အနှောင့်အယှက်ပေးသည့် စိတ်ခံစားချက်များသည် အမှန်တရားကို ရှုပ်ထွေးရာမှ ပေါ်ထွက်လာပါသည်။ ထိုအနှောင့်အယှက်ပေးသည့် စိတ်ခံစားချက်များသည် တကယ်တော့ စိတ်၏ပင်ကို သဘောသဘာဝ မဟုတ်ပါ။ ထာဝရ ပြန်မပေါ်အောင် ဖယ်ရှားနိုင်ပါသည်။ ယင်းတို့ကို ‘‘အမှန်ပင် ရပ်တန့်’’ နိုင်သည်ဟု ဓမ္မရတနာက ဖော်ပြထားပါသည်။

စိတ် သို့မဟုတ် စိတ်၏ဆောင်ရွက်ချက်

ဗုဒ္ဓဘာသာတွင် စိတ်ဆိုသည်မှာ အထူးအသေးစိတ် မကြည့်ပါက စိတ်၏ဆောင်ရွက်ချက်ကို ပြောနေခြင်း ဖြစ်ပါသည်။ အိပ်စက်နေစဉ်မှာပင် ဖြစ်ပျက်နေသော စိတ်၏ အခိုက်အတန့် တစ်ခုချင်းအလိုက် ဆောင်ရွက်ချက် ဖြစ်ပါသည်။ စိတ်ဆိုသည်မှာ စိတ်ဆောင်ရွက်ချက်၏ တစ်ဦးချင်း ကြုံတွေ့ရသောအပိုင်းကို ဆိုလိုပြီး ဦးနှောက်သိပ္ပံပညာက ယင်း၏ စိတ်ပိုင်းဆိုင်ရာ အခြေခံကို ဖော်ပြထားပါသည်။ မည်သို့ဆိုစေ ထိုစိတ်ဆောင်ရွက်ချက်၏ အခြေခံ သဘောသဘာဝသည် ရှုပ်ထွေးမှု၊ ဒေါသ သို့မဟုတ် ထိုအရာတစ်ခုခု ရှိမနေသောအချက် ဖြစ်ပါသည်။ အခြေခံအားဖြင့် အခိုက်အတန့်တိုင်းတွင် ဖြစ်ပျက်နေသည်မှာ စိတ်ရုပ်ပုံလွှာဟုခေါ်နိုင်သည့် တစ်စုံတစ်ခု ပေါ်ထွက်နေပါသည်။ ဥပမာ၊ ရုပ်ပိုင်းဆိုင်ရာ ရှုထောင့်အရ ဖိုတွန်များ မျက်စိထဲဝင်လာပြီး လျှပ်စစ်အချက်ပြမှုများအဖြစ် အသွင်ပြောင်းကာ ဦးနှောက်သို့ အာရုံကြော ဆဲလ်များမှတစ်ဆင့် ရောက်လာပါသည်။ ဦးနှောက်က ယင်းကို ရုပ်ပုံလွှာအဖြစ် တစ်နည်းနည်းဖြင့် ဖော်ပြလိုက်ပါသည်။ ဤသည်မှာ တစ်ခုခု ‘‘မြင်ခြင်း’’ မဟုတ်ပါလား။ ပင့်ကူတစ်ကောင် သို့မဟုတ် ယင်ကောင် တစ်ကောင်၏ မျက်လုံးတွင် ဖြစ်ပျက်သောအရာနှင့် လူ့မျက်လုံးမှ ဆဲလ်များတွင် ဖြစ်ပျက်သောအရာတို့ အလွန်ကွာခြားသည်မှာ မှန်ပါသည်။ ထို့အတူ ‘‘အသံလှိုင်း’’ ဆိုသည့် တုန်ခါမှုများ ပါဝင်သော အလားတူ လုပ်ငန်းစဉ်ဖြင့် ကျွန်ုပ်တို့သည် ကြားရပါသည်။ စိတ်ရုပ်ပုံလွှာများသည် အာရုံသိရှိမှုတစ်ခုခု သို့မဟုတ် အတွေးတစ်ခုခုပင် ဖြစ်နိုင်ပါသည်။

မြင်ခြင်းနှင့် ပတ်သက်၍ ထိုဖြစ်စဉ်သည် ကင်မရာထဲ ဝင်လာပြီး လျှပ်စစ်အချက်ပြမှုများ ဖြစ်ကာ ရုပ်ပုံ ဖော်ပြသော ဖိုတွန်များနှင့် မတူညီပါ။ စိတ်ရုပ်ပုံလွှာ ပေါ်ထွက်မှုသည် ‘‘သိမှုပါဝင်ခြင်း’’ နှင့် ဆက်စပ်နေသောကြောင့် ထိုသို့ မတူညီခြင်း ဖြစ်ပါသည်။ သင်သတိရှိသည်ဖြစ်စေ၊ သတိလစ်နေသည်ဖြစ်စေ၊ တစ်ခုခုကို သတိပြုမိခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စိတ်ရုပ်ပုံလွှာသည် သိမှုဆိုင်ရာ လက္ခဏာရပ်တစ်ခု ဖြစ်နေပါသည်။

စိတ်ဆောင်ရွက်ချက်သည် ကွန်ပျူတာနှင့်လည်း မတူပါ။ ခလုတ်ကလေးများနှိပ်ကာ လျှပ်စစ်အချက်ပြမှုများက စက်ထဲဝင်သွားပြီး စက်က တစ်နည်းနည်းဖြင့် ဘာသာပြန်လျှင် ဖန်သားပြင် ပုံရိပ်အဖြစ် သို့မဟုတ် စပီကာမှ အသံအဖြစ် ထွက်လာပါသည်။ ကွန်ပျူတာတွင် မှတ်ဉာဏ်တုဖြင့် အချက်အလက်များ ဆောင်ရွက်နိုင်သောကြောင့် သိမှုအချို့ ရှိသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ကွန်ပျူတာသည် သက်ရှိနှင့်မတူပါ။ ထို့ပြင် ကျွန်ုပ်တို့နှင့် ကွန်ပျူတာအကြား ကွာခြားချက်မှာ ကျွန်ုပ်တို့သည် စိတ်၏ဆောင်ရွက်ချက်နှင့် ဆက်စပ်ပြီး ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ ခံစားရပါသည်။ ကွန်ပျူတာက မခံစားရပါ။ ကွန်ပျူတာတွင် တစ်ခုခုကို ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း မရှိပါ။ ‘‘စက်ထဲမှာ အမှားဖြစ်နေပြီကွယ်။ ပြန်ဖွင့်လိုက်ရင် အလုပ်လုပ်နေတဲ့ဖိုင်ကို ဖျက်မိသွားတယ်’’ ဟု မတွေးနိုင်ပါ။ ထိုအတွက်လည်း ဝမ်းမနည်းတတ်ဘူး မဟုတ်ပါလား။ တစ်ဖက်တွင်မူ ထိုသို့သောအရာတစ်ခု ဖြစ်လာလျှင် ကျွန်ုပ်တို့အလွန် မပျော်မရွှင် ဖြစ်နိုင်ပါသည်။

ဤသို့ အခိုက်အတန့် တစ်ခုမှတစ်ခုသို့ စိတ်၏ဆောင်ရွက်ချက်သည် ကျွန်ုပ်တို့ဘဝ၏ အချိန်တိုင်းတွင် ဖြစ်ပျက်နေပါသည်။ ၎င်းနှင့်အတူ စိတ်ရုပ်ပုံလွှာ ပေါ်ထွက်မှုအချို့ ၊ စိတ်၏ပါဝင်ပတ်သက်မှုအချို့၊ ပျော်ရွှင်မှု၊ မပျော်ရွှင်မှု ခံစားချက်အချို့ ရှိပါသည်။ အိပ်နေစဉ်မှာပင် ရုပ်ပုံလွှာသည် အမှောင်ထု ဖြစ်နေနိုင်ပြီး ပါဝင်ပတ်သက်မှုကို ကျွန်ုပ်တို့ သတိမပြုမိပါ။ သို့သော် သတိရှိမှု အနည်းငယ် ရှိနေပါသေးသည်။ ထိုသို့မဟုတ်ပါက နှိုးစက်မြည်သံကို ကြားတော့မည် မဟုတ်ပါ။ လုံးဝပိတ်ဆို့သွားခြင်း မဟုတ်ပါ။ အိပ်မက်မက်နေခြင်း မဟုတ်ပါက ပျော်လည်းမပျော်၊ ဝမ်းလည်းမနည်းသည့် မည်သည့်ခံစားချက်မျှ မရှိခြင်းလည်း ဖြစ်နိုင်ပါသည်။ အိပ်မက်မက်နေပါက ပျော်ရွှင်မှု၊ မပျော်ရွှင်မှု တစ်ခုခုခံစားနေရမှန်း သိသာပါသည်။ လောဘ၊ ဒေါသစသည့်အရာများလည်း ပါဝင်နိုင်ပါသည်။ သို့သော် ထိုအနှောင့်အယှက်ပေးသော စိတ်ခံစားချက်များသည် ယခုလိုအခိုက်အတန့် တစ်ခုမှတစ်ခုသို့ ကူးပြောင်းနေသော ဖြစ်စဉ်တစ်ခုလုံးနှင့် ပတ်သက်နေသည် မဟုတ်ပါ။

ကျွန်ုပ်တို့စိတ်ဆောင်ရွက်ချက်၏ အခြေခံ သက်သက်ကို ပို၍ ယုံကြည်လာအောင် လုပ်ဆောင်နိုင်သည့် အလွန်ရှုပ်ထွေးသော အတွေးအမျှင်တန်းများ ရှိနေသည်မှာ ထင်ရှားပါသည်။ ယခုအချိန်တွင် ပြောရန် မဟုတ်သေးပါ။ သို့သော် ထိုအကြောင်း ပိုစဉ်းစားလေ၊ ကျွန်ုပ်တို့စိတ်ဆောင်ရွက်ချက်၏ အနှောင့်အယှက်ပေးသော အကြောင်းရပ် အားလုံးကို ဖယ်ရှားရန် ဖြစ်နိုင်ကြောင်း ပို၍ ယုံကြည်မိလေ ဖြစ်ပါသည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၏ အဓိပ္ပာယ်မှာ တကယ်တော့ ပေါ်ထွက်လာပါက စိတ်ငြိမ်းချမ်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်မှု ပျောက်ဆုံးစေသောအရာ ဖြစ်ပါသည်။ အကျိုးဆက်အားဖြင့် လောဘ၊ ဒေါသစသည်တို့အပေါ် အခြေခံကာ အနှောင့်အယှက်ပေးသော နည်းအားလုံးဖြင့် စိတ်လိုက်မာန်ပါ ပြုမူပါတော့သည်။ ထိုအခါ ပြဿနာပေါင်းစုံ ဖန်တီးမိပါသည်။ ဥပမာ၊ မိမိကိုယ်ကို ထိန်းချုပ်မှု လွတ်သွားပြီး တစ်ယောက်ယောက်ကို မစဉ်းစားမဆင်ခြင်ဘဲ အော်ဟစ်မိကာ နောက်ပိုင်းမှ ပြောမိသမျှကို အမှန်ပင် နောင်တရခြင်းမျိုး ဖြစ်ပါသည်။ မည်သို့ဆိုစေ နောက်ပိုင်းတွင် မပျော်ရွှင်မှု ခံစားရသည့် ‘‘အပျက်သဘောအလားအလာ’’ ကို များလာစေပါသည်။

နောက်နောင် လေးနက်သော ပြဿနာများ မဖြစ်အောင် အမှန်တကယ် ရှောင်ရှားလိုပါက ထိုသို့သော အနှောင့်အယှက်ပေးသည့် စိတ်ခံစားချက်များနှင့် ရှုပ်ထွေးမှုတို့ကို ဖယ်ရှားရန် လိုပါသည်။ ၎င်းတို့သည် စိတ်၏ ပင်ကိုသဘာဝ၊ ဤစိတ်၏ ဆောင်ရွက်ချက် မဟုတ်သည့်အတွက် အမှန်ပင် ဖယ်ရှား၍ရနိုင်ပါသည်။ ထို့ပြင် အချိန်တိုင်း ရှိနေသည့် ဤစိတ်၏ဆောင်ရွက်ချက်အကြောင်း ပိုမိုတွေးကြည့်ပါက ထူးခြားသည့်အချက်တစ်ချက်မှာ ထိုစိတ်ဆောင်ရွက်ချက်ဖြင့် အရာရာကို နားလည်ရန်ဖြစ်နိုင်ခြေရှိခြင်း ဖြစ်ပါသည်။ တစ်ခုခုကို ကျွန်ုပ်တို့ နားလည်သဘောပေါက်နိုင်ပါသည်။ မေတ္တာ၊ ကရုဏာစသည့် အခြား အပြုသဘော အရည်အသွေးများလည်း ရရှိနိုင်ပါသည်။ ထိုအပြုသဘော အရည်အသွေးများမှာ ပိုမို၍ ရရှိနိုင်သည့်အချက်များ ဖြစ်ပါသည်။

ယခုဆိုလျှင် ကွာခြားချက်က အဘယ်နည်း။ အနှောင့်အယှက်ပေးသော အပိုင်းများမှာ ရှုပ်ထွေးမှုပေါ်တွင် အခြေခံပါသည်။ နားလည်မှုကဲ့သို့ အပြုသဘော အပိုင်းများမှာ အမှန်တရားပေါ်တွင် အခြေခံပါသည်။ အလွန်ရိုးရှင်းသောနမူနာ ပေးရမည်ဆိုပါက- ရှုပ်ထွေးမှု ဆိုသည်မှာ ‘‘ငါက စကြဝဠာရဲ့ ဗဟိုပဲ။ ငါက အရေးအကြီးဆုံး။ ကိုယ့်လမ်းကိုယ် သွားရမယ်။ အမြဲတမ်း အားလုံးဂရုစိုက်တာ ရသင့်တယ်။’’ စသည်ဖြင့် တွေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အများအာရုံစိုက်မှု၏ ဗဟိုချက် မဟုတ်သလို ကိုယ့်လမ်းကိုယ် မသွားရသောအခါ ဒေါသထွက်လာပါသည်။ ‘‘ငါလုပ်ခိုင်းသလို မလုပ်ဘူး’’ ဟု ခွေးတစ်ကောင်လိုပင် တစ်ယောက်ယောက်ကို ဟိန်းဟောက် မာန်ဖီပါတော့သည်။ ထိုအချက်အားလုံးက ရှုပ်ထွေးမှုတွင် အခြေခံပါသည်။ အမှန်တရားမှာ ကျွန်ုပ်တို့သည် ဤနေရာတွင် သာတူညီမျှ ရှိနေပါသည်။ လူတိုင်းက ကိုယ့်လမ်းကိုယ် သွားချင်သော်လည်း မဖြစ်နိုင်ပါ။ အမှန်တရားမှာ ကျွန်ုပ်တို့သည် လူတိုင်းနှင့် နေတတ်အောင် တစ်နည်းနည်းဖြင့် သင်ယူရပါသည်။

အမှန်တကယ် ရပ်တန့်ခြင်း

ပိုပြီး စုံစမ်းလေ့လာလေ ကျွန်ုပ်တို့၏ရှုပ်ထွေးမှုသည် မခိုင်မာမှန်း သိလာလေ ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း မှန်ကန်သော နားလည်မှုသည် အထောက်အထား ပြနိုင်သည့်အရာတစ်ခု ဖြစ်ပါသည်။ မှန်ပါသည်။ ထို့ကြောင့်လည်း နားလည်မှုသည် ပိုမိုခိုင်မာကာ ရှုပ်ထွေးမှုကို အနိုင်ယူလိုက်နိုင်ပါသည်။ စူးစိုက်မှု သမာဓိနှင့် ကျင့်ဝတ် သီလတို့ ရှိပါက အမှန်တရားကို အမြဲတမ်း နားလည်နိုင်ပါသည်။ ထိုအခါ ရှုပ်ထွေးမှု လုံးဝထပ်ပေါ်မလာတော့ပါ။ အဆုံးသတ်သွား ပါလိမ့်မည်။

ဤအချက်သည် ကိုးကွယ်အားထားမှု၏ အဓိကအချက် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘဝတွင် မည်သည့်လမ်းကြောင်းမျိုး သွားနေပါသနည်း။ မည်သည့် အဓိပ္ပာယ်နည်း။ မည်သည့် ရည်မှန်းချက်မျိုး ထားရှိမည်နည်း။ ထိုရည်မှန်းချက်သည် ဤရှုပ်ထွေးမှုအားလုံး ‘‘အမှန်တကယ် ရပ်တန့်’’ ရန်၊ နောက်ထပ်တစ်ဖန် မပေါ်ပေါက်အောင် လုံးဝဖယ်ရှားရန် ဖြစ်ပါသည်။ ဤရှုပ်ထွေးမှုသည် ပစ္စုပ္ပန် သို့မဟုတ် အနာဂတ်ဘဝ မည်သည့်အကြောင်းကို ပြောသည်ဖြစ်စေ ကျွန်ုပ်တို့ပြဿနာများ၏ တကယ့် အကြောင်းရင်း ဖြစ်ပါသည်။ ယင်းကို ထာဝရတိုင် လုံးဝဖယ်ရှား၍ ရနိုင်ပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့ စိတ်ဆောင်ရွက်ချက်၏ ပင်ကို လက္ခဏာရပ် မဟုတ်သောကြောင့် ဖြစ်ပါသည်။ မှန်ကန်သော နားလည်မှုဖြင့် အစားထိုးကာ ဖယ်ရှားနိုင်ပါသည်။ ရှုပ်ထွေးမှု မရှိတော့ပါက ကျွန်ုပ်တို့သည် အနှောင့်အယှက်ပေးသော ခံစားချက်များ မရှိတော့ဘဲ မိမိကိုယ်တိုင်အတွက် ပြဿနာများနှင့် ဆင်းရဲဒုက္ခတို့ မဖန်တီးမိတော့ပါ။

ထိုအတွက် အစိတ်အပိုင်းနှစ်ရပ် ပါဝင်ပါသည်။ တစ်ခုမှာ ဤအနှောင့်အယှက်ပေးသောဘက်ကို ကျွန်ုပ်တို့ ထာဝရ ဖယ်ရှားရန်ဖြစ်ပြီး ကျန်တစ်ခုမှာ အပြုသဘောဘက်ကို တိုးမြှင့်ရရှိအောင် ပြုလုပ်ရန် ဖြစ်ပါသည်။ အပြုသဘောဘက်သည် မှန်ကန်သော နားလည်မှုဖြစ်ပါသည်။ ဤအရာကို ‘‘သစ္စာလေးပါး‘‘ သို့မဟုတ် ဘုရားရှင် ဟောကြားထားသည့် ပင်မဖွဲ့စည်းမှုပုံစံ အနေနှင့် ဆက်စပ်ပြောဆိုနိုင်ပါသည်။ ပထမသစ္စာက ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခ ခံစားရပြီး ဤသည်မှာ ကျွန်ုပ်တို့တွင် ရှိနေသော ပြဿနာ အမျိုးမျိုးကို ဆိုလိုပါသည်။ နောက်တစ်ခုမှာ စစ်မှန်သော အကြောင်းရင်းများ ရှိနေပြီး ဤသည်မှာ ကျွန်ုပ်တို့၏ ရှုပ်ထွေးမှု ဖြစ်သည်။ တတိယအချက်မှာ ဤအရာမျိုး နောက်တစ်ဖန် ထပ်မဖြစ်အောင် စစ်မှန်သော ရပ်တန့်မှုကို ရအောင်ပြုလုပ်နိုင်ပါသည်။ နောက်ဆုံးအချက်မှာ ကျွန်ုပ်တို့သည် ‘‘စစ်မှန်သော လမ်းကြောင်း’’ မှတစ်ဆင့် အမှန်တကယ် ရပ်တန့်ပစ်နိုင်ပါသည်။ သို့သော် ‘‘လမ်းကြောင်း’’ ဆိုသည့် စကားလုံးအတွက် ‘‘လမ်းကြောင်းကဲ့သို့ ဆောင်ရွက်သည်ကို နားလည်သည့်ပုံစံ’’ အတိုင်း နားလည်ဖို့ လိုပါသည်။ ဆိုလိုသည်မှာ ဤစစ်မှန်သော ရပ်တန့်မှု ဖြစ်လာစေသော နားလည်မှု ဖြစ်ပြီး အနှောင့်အယှက်ပေးသော အစိတ်အပိုင်းအားလုံး ဖယ်ရှားပေးမည့် နားလည်မှုလည်း ဖြစ်ပါသည်။

ဤသည်မှာ ဘဝတွင် ကျွန်ုပ်တို့ ချမှတ်လိုသော ဦးတည်ရာ သို့မဟုတ် စစ်မှန်သော ရပ်တန့်မှုနှင့် စစ်မှန်သော လမ်းကြောင်း ဆိုသည့်စိတ်ကို ရရှိစေသည့် ဦးတည်ရာ ဖြစ်ပါသည်။ ဓမ္မကိုးကွယ်ရာလည်း ဖြစ်ပါသည်။ မိမိကိုယ်တိုင် အားထုတ်ရမည်ဟု ဆိုသောအခါ ထိုဝေါဟာရသည် ယခုအချက်ကို ဆိုလိုခြင်း ဖြစ်ပါသည်။

ဤအနှောင့်အယှက်ပေးသောဘက်ကို ပို၍ဖယ်ရှားရန်နှင့် ဤအပြုသဘောဘက်တွင် ကျွန်ုပ်တို့၏အစွမ်းအစများ ပို၍ပေါ်ထွက်ရန် ကြိုးစားနေပါသည်။ ဤသို့ ကြိုးစားရသည်မှာ ယခုပုံစံအတိုင်း ဆက်သွားပါက ငွေအများကြီး ရသည့်တိုင်၊ သူငယ်ချင်း များစွာနှင့် အလွန် နာမည်ကြီးသည့်တိုင်၊ ကျွန်ုပ်တို့ထံတွင် ပြဿနာများ ရှိနေမည်ကို ကောင်းသောကြောက်ရွံ့မှု ဖြစ်မိသည့်အတွက် ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့သည် လောဘကြီးနေဦးမည်ဖြစ်ပြီး မလုံခြုံမှု ဖြစ်နေဦးမည်ဖြစ်သည့်အတွက် ဖြစ်ပါသည်။ ဒေါသစသည်တို့လည်း ဆက်ဖြစ်နေပါမည်။ ထို့အချက်ကို ကျွန်ုပ်တို့ ကြောက်သော်လည်း ယင်းကို ရှောင်ရှားရန်နည်းလမ်းကို တွေ့နေပါသည်။ ဒါက မီးလောင်ခံရမည်ကို ကြောက်သလို ဖြစ်ပါသည်။ သို့သော် သတိထားပါက မနာကျင်အောင် ရှောင်ရှားနိုင်ပါသည်။ ကြောက်ရွံ့မှု ရှိသော်လည်း ကောင်းသော ကြောက်ရွံ့မှု ဖြစ်ပါသည်။ အကြောက်လွန်ရောဂါအကြောင်း ပြောနေခြင်း မဟုတ်ပါ။

ဒေါသထွက်ပြီး အထူးသဖြင့် ဆွေးမျိုးနှင့် သူငယ်ချင်းများကို ဆက်လက် အော်ဟစ်နေပါက ကျွန်ုပ်တို့အသက်ကြီးလာလျှင် ဘာဖြစ်မည်ကို လေ့လာနိုင်ပါသည်။ မည်သူမျှ လာမလည်ချင်သည့်၊ မည်သူမျှ မစောင့်ရှောက်လိုသည့် အထီးကျန်သော အဘိုးကြီး၊ အဘွားကြီးများ ဖြစ်လာပါမည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ ကျွန်ုပ်တို့နှင့် အတူရှိနေရသည်မှာ နာကျင်သောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဆောင်ရွက်သမျှမှာ လူတို့ကို အပြစ်တင်အော်ဟစ်နေခြင်းဖြစ်ရာ မည်သူက အနားလာနေချင်ပါမည်နည်း။ မည်သူမျှ မနေချင်ပါ။ ထိုအတွက် အဖြေမှာ ကျွန်ုပ်တို့ကို ပြုစုစောင့်ရှောက်ရန် တာဝန်ယူမည့် သားသမီးများစွာ မွေးထားရန်သာမက ကျွန်ုပ်တို့က သနားစရာ ဖြစ်နေသည့်အတွက် သက်သောင့်သက်သာ ရှိစွာ ပြုစုနိုင်သည့်နေအိမ်ဖြစ်အောင် ဘဏ်ထဲတွင် ငွေအလုံအလောက် ရှိရန်လည်း လိုပါသည်။ လူတိုင်းနားလည်အောင် ပြောရပါက ကျွန်ုပ်တို့ အမှန်တကယ် ဆောင်ရွက်ရမည်မှာ မိမိကိုယ်ရည်ကိုယ်သွေး ပိုကောင်းအောင် ကြိုးစားရန် ဖြစ်ပါသည်။

လူတိုင်း ပြောင်းလဲနိုင်စွမ်း ရှိပါသည်

ကျွန်ုပ်တို့၏ ကိုယ်ရည်ကိုယ်သွေးသည် ပုံသေဖြစ်ပြီး ကိုယ့်ပုံစံအတိုင်း ဖြစ်နေသည်ဟု ကျွန်ုပ်တို့ အကြိမ်မည်မျှ တွေးမိပါသနည်း။ ‘‘ငါက စိတ်တိုတယ်။ ဒီအတိုင်း မင်းက လက်ခံပြီး နေတတ်မှဖြစ်မယ်။’’ ထိုသို့ပြောပါက အလုပ်မဖြစ်ဘူး မဟုတ်လား။ ဤသို့ အနှောင့်အယှက် ပေးသောဘက်ကို ဖယ်ရှားကာ အရည်အသွေးကောင်းများ ပေါ်ထွက်အောင် ပြုလုပ်၍ရနိုင်ပါသည်။ ကိုယ်တိုင် မကြိုးစားပါက ဖြစ်လာမည့်အရာကို ကောင်းမွန်သော ကြောက်စိတ်ရှိခြင်းနှင့်အတူ ထိုအနှောင့်အယှက် အစိတ်အပိုင်းများ ဖယ်ရှား၍ ရသည့်အပြင် အပြုသဘောကို တိုးပွားခိုင်မာစေရန် ဖြစ်နိုင်ဟု ယုံကြည်မှုရှိပါက ဘဝတွင် စိတ်ချရသော ဦးတည်ချက် ချမှတ်လိုက်ပါပြီ။

‘‘မဟာယာန’’ ကျယ်ဝန်းသော ယာဉ် နည်းလမ်းဖြင့် ထိုသို့ဆောင်ရွက်လိုပါက ကရုဏာ ကိုလည်း ပေါင်းထည့်ရပါမည်။ အခြေခံအားဖြင့် မဟာယာန အမြင်မှာ အခြားသူများကို ဒေါသထွက်နေပါက သူတို့ကို မည်သို့ ကူညီနိုင်မလဲဟု မေးရန်ဖြစ်ပါသည်။ အခြားသူများကို အမှန်ပင် ကူညီလိုပြီး သူတို့ကို ဒေါသ၊ တွယ်တာမှု၊ မနာလိုမှု စသည့်အရာများ ဖြစ်မိပါက လုံးဝ ပျက်စီးကုန်တော့မည်ကို ကျွန်ုပ်တို့ အမှန်ပင် ကြောက်ရွံ့မိပါသည်။ ဤအနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် ရှုပ်ထွေးမှုတို့ အားလုံး ဖယ်ရှားလိုက်ပါက အခြားသူများကို အကောင်းဆုံး ကူညီနိုင်ပါသည်။ ဤခံစားချက်ဖြင့် ကျွန်ုပ်တို့ အခြားသူများကို အမှန်ပင် ကူညီချင်ကြပါသည်။ သို့သော် အများကြီး မလုပ်ပေးနိုင်မည်ကိုလည်း ကြောက်နေမိသည်။ ကျွန်ုပ်တို့မှာ သည်းခံမှု အလုံအလောက် မရှိပါ။ သို့မဟုတ် လုံလောက်စွာ နားလည်မှု မရှိပါ။ အကောင်းထက် အဆိုးဖြစ်မည်ကို စိုးရွံ့နေမိသည်။ ကိုယ်တိုင် သားသမီး ပြုစုပျိုးထောင်ရာတွင် မအောင်မြင်မည်ကိုလည်း ကြောက်ရွံ့နေနိုင်ပါသည်။ ထိုအချက်မှာ အတော်လေး ဆိုးရွားသည် မဟုတ်ပါလား။ ထိုကြောက်စိတ်သည် ကျွန်ုပ်တို့ကို ဘဝတွင် ကိုယ်တိုင်ကိုးစားမှုအတွက် စိတ်ချလက်ချ ဦးတည်ရာ သတ်မှတ်နိုင်အောင် တွန်းအားပေးနေပါသည်။

ဤဓမ္မအလုပ်သည် အမှန်ပင် နေ့စဉ်ဘဝနှင့် အလွန်ဆီလျော်မှု ရှိပါသည်။ ကိုးကွယ်အားထားရာနှင့် ပတ်သက်လျှင် ကျွန်ုပ်တို့၏ အခြေအနေနှင့် ပြဿနာများကို အလွန် ရိုးသားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးတွင် ထိုအချက်များ ရှိပါသည်။ ကျွန်ုပ်တို့အားလုံးတွင် ဤအနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ရှိပါသည်။ ထိုအချက်က မထူးခြားပါ။ မတူညီသော အမျိုးအစား အားလုံးတွင် အချို့အမျိုးအစားက အချို့ထက် ပိုပြီးခိုင်မာနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့အားလုံးတွင် ထိုစိတ်ခံစားချက် အခက်အခဲများ ရှိနေပါသည်။ စိတ်ပိုင်းဆိုင်ရာ နက်နက်ရှိုင်းရှိုင်း အနှောင့်အယှက် ဖြစ်နေသူ တစ်ယောက်ယောက် အကြောင်းကို ပြောနေခြင်း မဟုတ်ပါ။ လူအများစုက ပုံမှန်ဟု သတ်မှတ်ထားသောအကြောင်းကို ပြောနေခြင်း ဖြစ်ပါသည်။ သို့သော် အန္တရာယ်မှာ ကျွန်ုပ်တို့သည် ၎င်းကို ပုံမှန်ဟု ယူဆကာ တစ်ခါတစ်ရံ ဒေါသထွက်သည်။ တစ်ခါတစ်ရံ လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်ကာ မနာလိုခြင်း အစရှိသည်တို့ ဖြစ်နေပါမည်။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး အဆင်ပြေသည်ဟု ကျွန်ုပ်တို့ ထင်နေပါသည်။ တကယ်တော့ အဆင်မပြေပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တိုင်အတွက်ရော၊ မိမိကူညီရန် ကြိုးစားနေသည့် အခြားသူများအတွက်ပါ ပြဿနာများ ပေါ်လာသောကြောင့် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ကျွန်ုပ်တို့၏ ဒေါသနှင့် နေထိုင်နည်း သို့မဟုတ် အတွင်းမှာ ဒေါသထွက်သော်လည်း ထိန်းချုပ်ထားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ၎င်းကို အားနည်းအောင် ပြုလုပ်ရုံသာမက ဤအနှောင့်အယှက်ပေးသောအရာအားလုံး အပြီးတိုင် ဖယ်ရှားပစ်ရန် ဖြစ်ပါသည်။ နားလည်မှု အနည်းငယ်မျှကိုသာ မကြာခဏ ရရှိလိုခြင်း မဟုတ်ဘဲ အမှန်တရားကို အပြည့်အဝ နားလည်ရန်၊ ကျွန်ုပ်တို့ တည်ရှိနေပုံကို သိမြင်ရန်၊ လူသားအားလုံး တည်ရှိနေပုံကို သိမြင်ရန်၊ ကမ္ဘာကြီး တည်ရှိနေပုံကို သိမြင်ရန်၊ ထိုအရာအားလုံး အမြဲတမ်း သိမြင်နေရန် ဖြစ်ပါသည်။ စိတ်၏ဆောင်ရွက်ချက် သဘောသဘာဝသည် အခြေခံအားဖြင့် ဖြူစင်ပြီး အရည်အသွေးကောင်း အစွမ်းအစအားလုံး ရှိနေသည့်အတွက် ထိုသို့အမှန်ပင် ဖြစ်နိုင်ပါသည်။

ဘုရားရှင်၏ ထင်ရှားသော အရည်အသွေးကောင်းများ

စိတ်ချရသော ဦးတည်ရာ သို့မဟုတ် ကိုးကွယ်အားထားရာကို ညွှန်ပြသည့်အရာများအကြောင်း ပြောသောအခါ ဘုရား၊ တရား၊ သံဃာကို ပြောခြင်းဖြစ်ပါသည်။ ထိုရတနာသုံးပါးကို နားလည်မှု အဆင့်များစွာ ရှိပြီး တစ်ဆင့်ချင်းတွင် အပေါ်ယံအဆင့်၊ အနက်ရှိုင်းဆုံး အဆင့်နှင့် ယင်းတို့ကို ကိုယ်စားပြုသောအချက်များ ရှိပါသည်။ တစ်ခုချင်း၏ ထင်ရှားသော အရည်အသွေးကောင်းများကို အရင်ကြည့်ကြပါစို့။

ဘုရားရှင်၏ခန္ဓာကိုယ်တွင် သာမန်ထက်ထူးခြားသော ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများနှင့် အလွန်ထူးခြားသော လက္ခဏာရပ်များ ရှိပါသည်။ ဥပမာ၊ ဘုရားရှင်တို့သည် မည်သည့်နေရာမဆို ချက်ချင်း သွားနိုင်သည်။ ခန္ဓာကိုယ်ကို အကန့်အသတ်မဲ့ ပုံစံများစွာ ပွားနိုင်ပါသည်။ နေရာတိုင်းသို့ တစ်ချိန်တည်းမှာ သွားနိုင်သည် စသည်တို့ ဖြစ်ပါသည်။ ဤသည်တို့မှာ အလွန်ထူးခြားပြီး ယုံကြည်ရန် မလွယ်ကူပါ။ ထို့ပြင် ဘုရားရှင် တရားဟောသောအခါ လူတိုင်းက မိမိဘာသာစကားဖြင့် နားလည်ပါသည်။ မည်မျှပင် ဝေးကွာသောနေရာတွင် ရှိနေပါစေ ဘုရားရှင်ပြောသည်ကို ရှင်းလင်းစွာ ကြားနိုင်ပါသည်။ ထိုမျှမကသေးပါ။ ဘုရားရှင်သည် လူတိုင်းကို အညီအမျှ မေတ္တာထားကာ အရာရာကို တစ်ပြိုင်နက် သိရှိနားလည်သော မေတ္တာဖြန့်ကျက်သည့် အရာရာသိရှိသူ ဖြစ်ပါသည်။

ဤအချက်အားလုံးမှာ အံ့အားသင့်ဖွယ် ကောင်းပြီး ယုံရခက်သည်ကို ထပ်ပြောလိုပါသည်။ ထို့ကြောင့် ဘုရားရှင်တို့ကို ဤကဲ့သို့ စဉ်းစားနေရုံအဆင့်တွင်သာ ရှိနေပါက ကျွန်ုပ်တို့သည် အယူအဆမှားမည့် အန္တရာယ် ရှိနေပါသည်။ ဘုရားသခင်ကဲ့သို့ အံ့အားသင့်ဖွယ် တန်ခိုးရှင်တစ်ပါး၏ လမ်းကြောင်းတွင် သွားနေသလို ဖြစ်နေသည် မဟုတ်ပါလား။ သို့သော် အရာရာသိရှိခြင်းကဲ့သို့ ကိစ္စကို ကြည့်ပါက ဗုဒ္ဓမြတ်စွာသည် ကမ္ဘာပေါ်ရှိ လူတိုင်း၏ ဖုန်းနံပါတ်ကို သိနေခြင်း မဟုတ်ပါ။ သို့သော် လူတစ်ယောက်၏ အခြေအနေ အတိတ်အကြောင်းရင်းများနှင့် သူတို့ကို လွှမ်းမိုးသည့် အချက်များအားလုံးကို သိရှိခြင်း ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာက လူတစ်ယောက်ကို တစ်ခုခုဟောကြားသောအခါ အကျိုးဆက်အားလုံးကို သိရှိရာတွင် ထိုသူအပေါ် သက်ရောက်မှုသာမက ထိုသူနှင့် အပြန်အလှန် ဆက်သွယ်သူ အားလုံးအပေါ် သက်ရောက်မှုကိုပါ သိရှိပါသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာသည် မည်သူ့ကိုမဆို အကောင်းဆုံး ဟောကြားရမည့်နည်းလမ်းကို အတိအကျ သိရှိပါသည်။ ထိုအချက်မှာ အလွန်ကောင်းမွန်သည် မဟုတ်ပါလား။ ထိုသို့ဆောင်ရွက်နိုင်သည်မှာ အလွန်ပင် နှစ်သက်စရာ ဖြစ်ပါသည်။

ဘုရားရှင်သည် ကျွန်ုပ်တို့ကို အကောင်းဆုံး ကူညီနိုင်မည့်အရာကို သိရှိနားလည်ကြောင်း ကျွန်ုပ်တို့ယုံကြည်ထားပါသည်။ ဘုရားရှင်သည် ဘာသာစကားများစွာတတ်ပြီး ကျွန်ုပ်တွင်လိုအပ်ချက်ရှိလာတိုင်း ချက်ချင်းကြွလာနိုင်ပါသည်။ ဗုဒ္ဓမြတ်စွာကို ဘုရားသခင်ကဲ့သို့ ဦးတည်ပြီးတွေးမိပါက အနည်းငယ် ကိုယ်ရေးကိုယ်တာ ဆန်လာပါသည်။ ‘‘သူက အကျွန်ုပ်အား ကိုယ်ရေးကိုယ်တာအရ ကူညီနိုင်တယ်။ အကျွန်ုပ်ကို နားလည်တယ်။ ဗုဒ္ဓကလွဲလို့ ဘယ်သူမှ အကျွန်ုပ်ကို နားမလည်ပါဘူး။’’ ဟု တွေးနိုင်သည်။ သို့သော် ဗုဒ္ဓမြတ်စွာသည် လူတိုင်းအတွက် ညီမျှသောမေတ္တာတော် ရှိသည်ကို ကျွန်ုပ်တို့ သိထားပါသည်။ ‘‘ကောင်းပြီ။ သူက အကျွန်ုပ်ကို အခြားသူတွေထက် ပိုပြီး မေတ္တာထားစေချင်တယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။’’ ဟုပြောပါမည်။ ဗုဒ္ဓမြတ်စွာသည် လူတိုင်းအတွက် ညီမျှသောမေတ္တာတော် ရှိပြီး ပိုကောင်းသည့် အချက်မှာ ထိုသို့ထားရှိမှုသည် ကျွန်ုပ်တို့၏ လုပ်ဆောင်သမျှနှင့် မဆိုင်ပါ။ ဘုရားရှင်အား ဆုတောင်းခြင်း၊ အလှူပြုခြင်းတို့ ပြုလုပ်ရန် မလိုပါ။ ဘုရားရှင်က တစ်နည်းနည်းဖြင့် သင့်အားကူညီပါမည်။ ထို့ကြောင့် အလကား ရပါသည်။ တစ်ခုခု ပေးနေစရာ မလိုပါ။ တန်ပါသည်။ ထို့ပြင် ဘုရားရှင်သည် အလွန်သည်းခံနိုင်သောကြောင့် ကျွန်ုပ်တို့က အခြားအစဉ်အလာတစ်ခုမှ အခြားဆရာတစ်ဦးဦးဆီ သွားရောက်ခြင်းကို လုံးဝမနာလို မဖြစ်ပါ။ ကျွန်ုပ်အား ဒေါသထွက်ကာ မိုးကြိုးပစ်ချခြင်းမျိုး လုံးဝမလုပ်ပါ။ တကယ်ပင် စိတ်ချရပါသည်။

သိလျှက်နှင့်ဖြစ်စေ၊ မသိစိတ်ကြောင့်ဖြစ်စေ ဤအတိုင်း အမှားဖြစ်လေ့ရှိပါသည်။ ဘုရားသခင် အစားထိုးသည့် ဘာမှမပေးရဘဲ စိတ်ချရသည့် ပုဂ္ဂိုလ်အဖြစ် ဗုဒ္ဓမြတ်စွာကို ကျွန်ုပ်တို့အားကိုးပါသည်။ တရားတော်များထဲတွင် ဗုဒ္ဓမြတ်စွာသည် သင့်ကိုစိတ်ညစ်အောင်နှင့် စိတ်ညစ်စရာ ကိစ္စများ မပြုလုပ်ပါ။ ဤသို့ကြားရတာ ကောင်းပါသည်။ သို့သော် ခြေထောက်မှ ဆူးကို ဖယ်နုတ်သလို ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခများ အမှန်ပင် ဖယ်နုတ်ပေးနိုင်မည် မဟုတ်ဟု ထင်ချင်ထင်နိုင်ပါသည်။ ဘုရားရှင်တို့မှာ အရာရာ စွမ်းဆောင်နိုင်သူများ မဟုတ်ကြပါ။ သို့သော် ဒါကို ကျွန်ုပ်တို့ အလွန်အလေးအနက် မထားပါ။ ယင်းမှာ ဗုဒ္ဓမြတ်စွာ၏ ထင်ရှားသော အဆင့် ဖြစ်ပါသည်။ အများထင်ကြသည့် နည်းလမ်းနှစ်ခု ဖြစ်ပါသည်။ သို့သော် လေးနက်စွာ နားမလည်ဘဲ ထိုအဆင့်မှာသာ နေနေပါက ဗုဒ္ဓမြတ်စွာသည် ကျွန်ုပ်တို့အား ကယ်တင်မည့် တစ်ဦးချင်းအတွက် ဘုရားသခင်အနေနှင့် အစားထိုးစရာဟု ရှုမြင်နိုင်သည့် အန္တရာယ် ရှိနေပါသည်။

ဘုရားရှင်တို့ကို ရုပ်တုများ၊ ပန်းချီကားများဖြင့် ကိုယ်စားပြုထားပါသည်။ ကြည့်၍တင့်တယ်သော်လည်း ခရစ်ယာန်အစဉ်အလာ သင်္ကေတတစ်ခုနှင့် ရှုပ်ထွေးနိုင်ပါသည်။ ထိုအရာက ဘာလဲ။ မွတ်စလင် ဘာသာဝင်များ ပြောသလို ကျွန်ုပ်တို့သည် ရုပ်တုကိုးကွယ်မှု ဖြစ်နေပါသလား။ ဤနေရာတွင် အမှန်တကယ် ဘာဖြစ်နေပါသနည်း။ ကျွန်ုပ်တို့သည် ဆင်းတုတော်ရှေ့တွင် အမှန်တကယ်ပင် ရှိခိုးကန်တော့နေပါသလား။ ဗုဒ္ဓမြတ်စွာကို ဤအဆင့်တွင်သာ နားလည်နေပါက ပြဿနာများ ရှိနေမည် ထင်ပါသည်။ နားလည်မှု လွဲနိုင်ခြေ ရှိပါသည်။ သို့သော် အချို့လူများအတွက် ဗုဒ္ဓမြတ်စွာကို ထိုနည်းဖြင့် တွေးကြည့်သည်မှာ အထောက်အကူဖြစ်မှန်း ထင်ရှားပါသည်။ သို့သော် ဤသည်မှာ အနက်ရှိုင်းဆုံး နားလည်မှု မဟုတ်ပါ။ ဤအဆင့်တွင် ဘုရားသခင်ကဲ့သို့ ပုဂ္ဂိုလ်မျိုး ရှိနေပြီး ရုပ်တုများ၊ ပန်းချီကားများဖြင့် ကိုယ်စားပြုကာ ကျွန်ုပ်တို့က ယင်းတို့ကို ကိုးကွယ်ပါသည်။

ဓမ္မ၏ ထင်ရှားသော အရည်အသွေးကောင်းများ

ဓမ္မ၏ ထင်ရှားမှုသည် တရားတော်အားလုံး ဖြစ်ပါသည်။ ဘုရားရှင်ကိုယ်တော်တိုင် သိရှိကာ ဟောကြားခဲ့သောတရားများ ဖြစ်သည်။ ယင်းကို လူအများနားလည်ပုံမှာ ကျွန်ုပ်တို့ထံတွင် ဗုဒ္ဓဆိုသည့် ပုဂ္ဂိုလ်ရေး ဘုရားသခင် ရှိပြီး ကိုယ်ပိုင်ကျမ်းစာများ ရှိသည်ဟု ထင်ကြပါမည်။ သမ္မာကျမ်းစာ သို့မဟုတ် ကိုရမ်ကျမ်း မဟုတ်ဘဲ ဗုဒ္ဓကျမ်းစာများ ကျွန်ုပ်မှာရှိပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာ သမ္မာကျမ်းစာလိုဖြစ်ပြီး စကားလုံးတိုင်း မြင့်မြတ်ပါသည်။ ယင်းတို့ကို လေးစားရသည်မှာ မှန်ပါသည်။ သို့သော် ဘုရားရှင်ကိုယ်တော်တိုင်က ‘‘ငါပြောသမျှ လေးစားမှုဖြင့် အရာရာ မယုံကြနှင့်။ ရွှေဝယ်သလိုပင် ကိုယ်တိုင်စမ်းသပ်ကြည့်ကြ။’’ ဟု မိန့်ကြားခဲ့ပါသည်။ ဘုရားရှင်သည် တပည့်သာဝကများကို မိမိသင်ကြားသမျှအပေါ် ဝေဖန်ဆန်းစစ်ရန် အမြဲအားပေးတိုက်တွန်းပါသည်။ သို့သော် ကျွန်ုပ်တို့ ပျင်းရိနေသောအခါ ဝေဖန်ဆန်းစစ်ကာ အရာရာ စစ်ဆေးလိုခြင်း မရှိတော့ပါ။ နေ့စဉ်ဘဝနှင့် ပြောရလျှင် ဤအဆင့်တွင် ဆီလျော်မှုမှာ ဗုဒ္ဓမြတ်စွာက ကျွန်ုပ်တို့အား မေတ္တာထားသည်။ နားလည်သည်။ မြင့်မြတ်သော ကျမ်းစာထဲတွင် စည်းကမ်းအားလုံးရှိပြီး ကျွန်ုပ်တို့က လိုက်နာရုံဖြစ်သည်။ သေချာသည်မှာ ထိုအချက်သည် နေ့စဉ်ဘဝတွင် တစ်စိတ်တစ်ပိုင်း သက်ဆိုင်သော်လည်း တကယ့် ဗုဒ္ဓဘာသာ မဟုတ်ပါ။ ယခုအခါ လူအချို့အတွက် အလုပ်ဖြစ်နိုင်သော်လည်း ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာကို ခရစ်ယာန်ဘာသာမူကွဲနောက်တစ်ခု မပြုလုပ်ရေး ဖြစ်ပါသည်။

သံဃာ၏ ထင်ရှားသော အရည်အသွေးကောင်းများ

သို့ဆိုလျှင် သံဃာနှင့် ပတ်သက်လျှင်ရော။ ကံမကောင်းသည်မှာ အနောက်တိုင်းတွင် ကျွန်ုပ်တို့ သွားရောက်သည့် ဓမ္မစင်တာ အဖွဲ့သားအားလုံးကို ‘‘သံဃာ’’ ဟု ခေါ်ဆိုလေ့ ရှိကြခြင်း ဖြစ်ပါသည်။ ဤသည်မှာ သက္ကတဘာသာ သို့မဟုတ် တိဘက်ဘာသာအရ တကယ့် ဆိုလိုရင်း မဟုတ်ပါ။ သို့သော် လူအများစုအတွက်တော့ ‘‘သံဃာ’’ ဆိုသည်မှာ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာကျောင်းတိုက်၊ စုဝေးသည့် အဖွဲ့ဝင်များကို ဆိုလိုပါသည်။ ထိုအဖွဲ့ဝင်အချို့သည် အလွန် အနှောင့်အယှက် ပေးသူများ ဖြစ်သောအခါ သူတို့ထံတွင် အမှန်ပင် ကိုးကွယ်ပါဦးမည်လား။ ယခုဆိုလျှင် ကျွန်ုပ်တို့အား အထောက်အပံ့၊ ဝေဖန်ချက်စသည်တို့ ပေးနိုင်သည့် ရည်မှန်းချက်မျိုးဖြင့် စိတ်တူကိုယ်တူ ဘာသာရေး ပုဂ္ဂိုလ်အစုအဝေးတစ်ခု ရှိရန် အရေးကြီးသည်ကို လျှော့ပေါ့ပြောနေခြင်း မဟုတ်ပါ။ ဤသည်မှာ အလွန့်အလွန် အရေးကြီးသော်လည်း ကိုးကွယ်အားထားရာ ကိစ္စ မဟုတ်ပါ။

သံဃာ၏ နောက်တစ်ဆင့်တွင် ဘုန်းတော်ကြီးကျောင်း အသိုင်းအဝိုင်းဟု နားလည်နိုင်ပါသည်။ ထိုအခါ ဗုဒ္ဓဘာသာ ရဟန်းနှင့် သီလရှင်များ ဖြစ်ပါသည်။ သို့သော် ရဟန်းနှင့် သီလရှင်များ၏ အကောင်းဆုံး နမူနာများကို အမြဲရှာမတွေ့ပါ။ သင်္ကန်းဝတ်ထားသည့် အလွန် အနှောင့်အယှက် ပေးသူအချို့ ရှိပါသည်။ သို့တိုင် ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ကာ ကိုယ်တိုင် ရိုးသားစွာ ကြိုးစားအားထုတ်နေပါက သူတို့ကို လေးစားပြီး ထောက်ပံ့ရန် အလွန်အရေးကြီးပါသည်။ သို့သော် အချို့သော ရဟန်းနှင့် သီလရှင်များက ဘဝအခက်အခဲများမှ လွတ်ကင်းရန် သင်္ကန်းဝတ်လာပါသည်။ နေ့ဆွမ်း ရရှိရေး ဟူ၍ ကျွန်ုပ်၏မိတ်ဆွေတစ်ဦး ပြောသလိုပင် ဖြစ်နေပါသည်။

သံဃာတွင် နောက်တစ်ဆင့် ရှိပါသေးသည်။ တန္တရ ဆရာတော်များထံမှ ကျွန်ုပ်တို့ ကြားရသည်မှာ သံဃာဟူသည် တကယ်တော့ ချန်ရီဇစ်၊ တာရာ၊ မန်ဂျူသီရိစသည့် ‘‘တန္တရနတ်များ’’ ဟုခေါ်သူများ ဖြစ်ပါသည်။ ယခုအခါ မယ်တော် စိန့်တာရာကို စတင် ဆုတောင်းပါက သူက ကျွန်ုပ်တို့ကို ကယ်တင်ပါမည်။ ဤဗုဒ္ဓပုံရိပ်များ သို့မဟုတ် ကျွန်ုပ်ကခေါ်ဆိုသည့် တန္တရ နတ်များမှာ တစ်နည်းနည်းအရ တမန်တော်အဖြစ် ဗုဒ္ဓဘုရားသခင်နှင့် ကျွန်ုပ်တို့နီးစပ်အောင် ပြုလုပ်ပေးမည် မဟုတ်ပါ။

ဘုရား၊ တရား၊ သံဃာ၏ အနက်ရှိုင်းဆုံး အဓိပ္ပာယ်

ဘုရား၊ တရား၊ သံဃာ၏ အနက်ရှိုင်းဆုံး အဓိပ္ပာယ်ကို လေ့လာပါက ဓမ္မ၏ အနက်ရှိုင်းဆုံး အဓိပ္ပာယ်သည် ဤရှုပ်ထွေးမှုအားလုံး ရပ်တန့်ခြင်း၊ စိတ်ဖြစ်စဉ်ပေါ်မှ စိတ်၏ လမ်းကြောင်းများကို စစ်မှန်သော သိရှိသဘောပေါက်ခြင်း ဖြစ်သည်ဟု တွေ့ရှိရပါသည်။ ယင်းမှာ တကယ့် ဓမ္မ ဖြစ်ပါသည်။ ကျွန်ုပ်တို့ကိုယ်ပိုင် စိတ်ဖြစ်စဉ်တွင် ရရှိပါက ဆင်းရဲဒုက္ခမှ ကာကွယ်ပေးမည့်အရာ ဖြစ်ပါသည်။ ရှုပ်ထွေးမှု၊ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၊ သဘောထားနှင့် ပြဿနာများ မရှိတော့ပါက ဤအခြေအနေကို ရရှိနိုင်ပါသည်။ သိရှိသဘောပေါက်မှုအားလုံး အပြည့်အဝ ရရှိပါမည်။ ဘုရှားရှင်တို့သည် ဤအရာကို အပြည့်အဝ ရရှိထားကာ ကျွန်ုပ်တို့ကိုယ်တိုင်လည်း ရရှိအောင် ဟောကြားတော်မူပါသည်။ သံဃာဆိုသည်မှာ ‘‘အရိယာ သံဃာ’’ ဆိုသည့် စစ်မှန်သော ရပ်တန့်မှု၊ စစ်မှန်သော သိရှိသဘောပေါက်မှု အားလုံးမဟုတ်လည်း အချို့ကို ရရှိထားသည့် အဆင့်မြင့် ကျင့်ကြံသူများကို တကယ်တော့ ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ထံတွင် ရှင်းလင်းရမည့် ရှုပ်ထွေးမှု အဆင့်နှင့် အတိုင်းအတာများစွာ ရှိပြီး ယင်းတို့ကို တန်ပြန်မည့် အဆင့်ဆင့် အားကောင်းလာသော သိရှိသဘောပေါက်မှု အဆင့်များလည်း ရှိပါသည်။ အရိယာ သံဃာများသည် ယင်းတို့အားလုံး အပြည့်အဝ မဖယ်ရှားထားသော်လည်း အချို့ကို ဖယ်ရှားထားပြီး ဖြစ်ပါသည်။ ပို၍အောင်နိုင်ရန် လမ်းကြောင်းပေါ်တွင်လည်း ရှိနေပါသည်။

ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ၌ ဘုရားရှင်များနှင့် အရိယာသံဃာများ၊ အတိတ်က နာမည်ကျော် အိန္ဒိယနှင့် တိဘက် ဆရာတော်ကြီးများ၊ လက်ရှိ ဆရာတော်အချို့ စသူတို့မှာ အလွန်ပင် အားတက်ဖွယ် လှုံ့ဆော်ပေးပါသည်။ ထိုအခါ ကျွန်ုပ်တို့ကို မျှော်လင့်ချက်ကြီးစွာ ပေးပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးကဲ့သို့ စိတ်ခွန်အားပေးသူအချို့ကို ကျွန်ုပ်တို့ တွေ့ဆုံနိုင်ပါသည်။ သူယခုလို မည်ကဲ့သို့ ဖြစ်လာပါသလဲ။ ဓမ္မကြောင့် ဖြစ်လာပါသည်။ သူက ဗုဒ္ဓမြတ်စွာဟုတ်၊ မဟုတ်ဆိုသည်မှာ ထည့်ပြောနေရန် မလိုပါ။ သူ့လို ဖြစ်နိုင်လျှင် အတော်ကောင်းပါသည်။ ဓမ္မနယ်ပယ်တွင် သူက ဘာမဆို ဟောကြားနိုင်စွမ်းကို ပြောနေခြင်း မဟုတ်ပါ။ သူက ကျွမ်းကျင်သူ၊ အတတ်သိဆုံးနှင့် ဆရာအားလုံးတွင် အလေးနက်ဆုံးဟု ပြောနေခြင်း မဟုတ်ပါ။ သူ၏ အချိန်ဇယား ထားရှိမှု၊ ကမ္ဘာတစ်ဝန်း မပြတ်တမ်း သွားလာမှု၊ အခြားသူများကို သင်ကြားကူညီနေမှု အားလုံးကို ပြောနေရုံသာမကပါ။ ထိုထက်ပို၍ သူသည် တရုတ်နိုင်ငံ၏ လူသိရှင်ကြားရန်သူလည်း ဖြစ်ပါသည်။ လူသန်းပေါင်း တစ်ထောင်ကျော်က သင့်ကို နတ်ဆိုးဟုယူဆကာ သင့်နိုင်ငံသားများအတွက် ဆိုးရွားသောအရာအားလုံး ဆောင်ရွက်ပြီး သူတို့အတွက် မေတ္တာနှင့် ကရုဏာ ရှိနေသေးသည်ကို စဉ်းစားကြည့်လိုက်ပါ။ သူက ဝမ်းမနည်းပါ။ တတ်နိုင်သမျှကို ပျော်ရွှင်ငြိမ်းချမ်းသောစိတ်ဖြင့် ဆောင်ရွက်နိုင်ပါသည်။ မယုံနိုင်စရာ မဟုတ်ပါလား။ ထိုအနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ဖယ်ရှားကာ သိမြင်သဘောပေါက်မှု မရရှိထားပါက ထိုအရာတစ်ခုမျှ ကျွန်ုပ်တို့ မဆောင်ရွက်နိုင်ပါ။ မဖြစ်နိုင်ပါ။ သူက ဘုရားလောင်းဖြစ်၊ မဖြစ်ဆိုသည်မှာ ထည့်ပြောနေရန် မလိုပါ။

ဘုရားရှင်ကဲ့သို့ အရည်အသွေးအားလုံးနှင့် ဆက်စပ်၍ မရနိုင်သည့်တိုင် ဒလိုင်းလားမား ဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုး၏ အရည်အသွေးများကို အနည်းဆုံးတော့ ကျွန်ုပ်တို့ မြင်နိုင်ပါသည်။ အလွန်စိတ်အား တက်ကြွဖွယ် ဖြစ်ပါသည်။ စိတ်၏ သဘောသဘာဝ သန့်ရှင်းပြီး ဤအစွမ်းအစအားလုံး ရှိသည်ကို ကြည့်ပါက သူ့လိုပုဂ္ဂိုလ် တစ်ပါးအတွက် ဤအဆင့်ရရှိနိုင်သေးပါက ကျွန်ုပ်တို့လည်း ထိုသို့ မဆောင်ရွက်နိုင်စရာအကြောင်း မရှိပါ။ လူတိုင်း မလုပ်နိုင်စရာအကြောင်း မရှိပါ။ အလုပ်အများကြီး ကြိုးစားရမည်မှာ ရှင်းနေသော်လည်း ဖြစ်နိုင်ခြေရှိသလို ထိုလမ်းကြောင်းအတိုင်း သွားရန် အလွန်ပင် ထိုက်တန်ပါသည်။ ဒလိုင်းလားမား ဘုန်းတော်ကြီးများသည် ဗုဒ္ဓမြတ်စွာနှင့် နှိုင်းယှဉ်၍ရပါက လက်ရှိ သင်ကြားနေသော လားမားဆရာတော်ကြီးအချို့မှာ ဒလိုင်းလားမား၏ အရည်အသွေးအားလုံး မရှိနိုင်သော်လည်း သံဃာများနှင့် တစ်ထပ်တည်း ဖြစ်ပါသည်။ ထိုအရည်အသွေးအချို့ ရှိပါသည်။ ထိုအချက်ကလည်း စိတ်အား တက်ကြွဖွယ် ဖြစ်ပါသည်။

ဒလိုင်းလားမား ဘုန်းတော်ကြီးနှင့် အခြားဆရာတော်ကြီးများတွင် တူညီသောအချက်က ဘာလဲ။ လောဘ၊ ဒေါသ၊ အမုန်းတရား၊ မနာလိုစိတ် စသည့်အရာအားလုံးကို မတူညီသော အဆင့်အလိုက် ဖယ်ရှားထားကြပါသည်။ နားလည်မှု၊ ကရုဏာ၊ သည်းခံမှုစသည့် အရည်အသွေးကောင်း မြောက်မြားစွာကို ရရှိထားပါသည်။ ဤလားမားဘုန်းတော်ကြီးများတွင် ရရှိနိုင်သော အဆင့်များစွာကို တွေ့ရပါသည်။ ဗုဒ္ဓမြတ်စွာ သို့မဟုတ် မီလရီပ သို့မဟုတ် အခြားသမိုင်းဝင် နမူနာများကဲ့သို့ ဆက်စပ်ရ ခက်ခဲသူများအကြောင်းကိုသာ တွေးနေခြင်းထက် (သူတို့နှင့် နီးစပ်နေပါက) ပိုပြီး သက်ရှိထင်ရှား မြင်တွေ့နိုင်သော နမူနာကို ပြောနေခြင်း ဖြစ်ပါသည်။ သူတို့သည် ဇာတ်ကြောင်းအရ ပြော၍ကောင်းသူများဟု ကျွန်ုပ်တို့ ခံစားရနိုင်သော်လည်း ထိုသို့သော ပုဂ္ဂိုလ် တစ်ဦးဦး ရှိခဲ့သည်ကို ယုံပါသလား။ ယင်းပိုချီ ဆရာတော်ကြီးသည် ကြာပန်းမှ မွေးဖွားသည်ဟု ကျွန်ုပ်တို့ ဖတ်ရသောအခါ တကယ် ယုံနိုင်ပါသလား။ ဆက်စပ်ရ ခက်ပါသည်။ သို့သော် ထိုအပျက်သဘော အရည်အသွေးများ မရှိခြင်း၊ အပြုသဘော အရည်အသွေးများ ရှိနေခြင်းကို အာရုံစိုက်နိုင်ပါသည်။ ဒလိုင်းလားမား ဘုန်းတော်ကြီးနှင့် လက်ရှိတွင် ဘုရားနှင့် သံဃာကဲ့သို့ ဖြစ်သော ဤဆရာတော်ကြီးများ၏ နမူနာအတိုင်း ဖြစ်ပါသည်။ ထိုအတိုင်း ကျွန်ုပ်တို့လည်း ဆောင်ရွက်နိုင်သည်ကို သဘောပေါက်ပါသည်။ ဤသည်မှာ ဓမ္မဖြစ်ပြီး စစ်မှန်သော ရပ်တန့်မှုနှင့် စစ်မှန်သော စိတ်၏လမ်းကြောင်းများကို ရည်မှန်း ရရှိနိုင်ပါသည်။ ဤသို့ ကျွန်ုပ်တို့ ဆောင်ရွက်နိုင်ကာ ဘဝတွင် သတ်မှတ်ရန်အတွက် စိတ်ချရပြီး တည်ငြိမ်ကာ အဓိပ္ပာယ်ရှိသော ဦးတည်ရာကို ပေးစွမ်းပါသည်။

နေ့စဉ်ဘဝတွင် ကိုးကွယ်အားထားရာ သို့မဟုတ် စိတ်ချရသော ဦးတည်ရာ

ဘဝတွင် ဘုရား၊ တရား၊ သံဃာ လမ်းကြောင်းအတိုင်း သွားပါက လက်တွေ့အဆင့်တွင် မည်သို့ဆိုလိုပါသလဲ။ ကျွန်ုပ်တို့ ကိုယ်တိုင် အမြဲအားထုတ်ရမည်ဟု ဆိုလိုပါသည်။ ထိုသို့ ဆောင်ရွက်ရင်း ဥပမာ၊ ဝမ်းနည်းမှု၊ ဒေါသ သို့မဟုတ် တစ်ကိုယ်ကောင်းဆန်မှုတို့ ရှိလာပါက ယင်းကိုပို၍ သတိရှိလာပါသည်။ သတိထားမိပါသည်။ ထိုအခါ မိမိကိုယ်ကို အရမ်းအလေးအနက် ထားပြီး ‘‘ငါက ဒေါသ ထွက်တုန်းပဲဆိုတော့ တော်တော် ဆိုးတယ်။’’ ဟူ၍ အပြစ်ပေးရမည်ဟု မဆိုလိုပါ။ ထိုအတိုင်း မဟုတ်တာ သေချာပါသည်။ ဤသည်မှာ ပုံမှန်အနေအထားတစ်ခုဟူ၍ အခြားတစ်ဖက်မှ အစွန်းရောက်ခြင်းလည်း မဟုတ်ပါ။ ထိုသို့ဖြစ်လျှင် ‘‘ဒီတော့ ဘာဖြစ်မလဲ။ ဒီအတိုင်း ဆက်ဖြစ်နေတော့မှာပေါ့။’’ ဟု တွေးမိသည်ကို သတိထားမိပါသည်။ ထိုသို့ မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို သတိပြုမိကာ ဖယ်ရှားရမည့် အရာများဟု သဘောထားလိုက်ပါက ယင်းတို့၏အင်အား လျော့သွားပါသည်။

သို့သော် အရေးကြီးသည်မှာ နေ့စဉ်ဘဝတွင် ထိုအပျက်သဘော အချက်များ ဖြစ်ပေါ်လာပါက သတိပြုလိုက်ပြီး အကောင်းဆုံး ပြုလုပ်ရမည်မှာ ယင်းတို့ကို ကျော်လွှားရန် နည်းစနစ်အချို့ သင်ယူကြိုးစားရေး ဖြစ်ပါသည်။ ဒေါသဖြစ်လာပါက သည်းခံရမည်ကို သဘောပေါက်ရန် လိုပါသည်။ တစ်ယောက်ယောက်က မိမိကို ဆိုးရွားစွာ ပြုမူလာပါက သူတို့ အလွန် မပျော်ရွှင်သည်ကို ဖော်ပြနေပါသည်။ သူတို့ကို အနှောင့်အယှက် တစ်ခုခုပေးနေပါသည်။ ဒေါသထွက်မည့်အစား သူတို့ကို ကရုဏာအနည်းငယ် ထားလိုက်ပါ။

ရှင်းအောင်ပြောရမည်ဆိုလျှင် ဒေါသထွက်သည့်အတွက် မိမိကိုယ်ကို ဒေါသထွက်သည့် အစွန်းတစ်ဖက်တွင် ကျွန်ုပ်တို့ ရှိမနေပါ။ အခြားတစ်ဖက်တွင်လည်း မိမိကိုယ်ကို ကလေးလို ဆက်ဆံကာ ဒါကအဆင်ပြေတယ်၊ ဘာမှမဖြစ်ဘူးဟု ပြောနေခြင်း မဟုတ်ပါ။ သို့သော် ဒေါသကို ကျော်လွှားရန် အတတ်နိုင်ဆုံး ကြိုးစားပါမည်။ အကြောင်းမှာ ထိုသို့ပြုလုပ်၍ ရနိုင်ကြောင်း သိထားသည့်အတွက် ဖြစ်ပါသည်။ အလွန်လျင်မြန်စွာ ဖယ်ရှား၍ပင် ရနိုင်ပါသည်။ သေချာသည်မှာ ဒါကိုအလွန်လျင်မြန်စွာ ဖယ်ရှားနိုင်မည် မဟုတ်ပါ။ သို့သော် ဤလမ်းကြောင်းသည် ဘဝတစ်လျှောက်လုံး ကြိုးစားရမည့်ဦးတည်ရာ ဖြစ်ပါသည်။ ဤအရာကို အမှန်တကယ် ဖယ်ရှားနိုင်ကြောင်း သိထားသည့်အတွက် ထိုသို့ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဤလမ်းကြောင်းကို သွားမည်ဟု စံပြုစိတ်ကူးယဉ်ကာ အနှစ်မဲ့သော ကြိုးစားမှု မဟုတ်ရပါ။

ခက်ခဲသော အခြေအနေတစ်ခု ရင်ဆိုင်ရပြီး အနည်းငယ် သည်းခံခြင်း၊ အနည်းငယ် နားလည်ခြင်း သို့မဟုတ် အနည်းငယ် နှစ်လိုဖွယ် ခံစားချက်တို့ ရှိပါက ဒါကို တိုးပွားအောင် ဆောင်ရွက်နိုင်သည်ကို သဘောပေါက်ရန် လိုပါသည်။ ဒါကို ပို၍ခိုင်မာအောင် ပြုလုပ်နိုင်ပါသည်။ ထိုသို့ ဆောင်ရွက်ရန် ဖြစ်နိုင်ပါသည်။ အခြားသူများလည်း ထိုသို့ ဆောင်ရွက်ထားသလို ကျွန်ုပ်တို့လည်း ဆောင်ရွက်နိုင်ပါသည်။ အခြားသူများနှင့် ကျွန်ုပ်တို့မှာ ဘာမျှ ထူးထူးခြားခြား ကွဲပြားမှု မရှိပါ။ ဤသည်မှာ ကျွန်ုပ်တို့၏ ကိုးကွယ်အားထားရာ ဖြစ်သည်။ ဤသည်မှာ ဘဝတွင် ကျွန်ုပ်တို့၏ စိတ်ချရသော ဦးတည်ရာ ဖြစ်သည်။ အကြောင်းမှာ ဤလမ်းကြောင်းဖြင့် ပို၍လျှောက်လှမ်းလေ ဒုက္ခနှင့် ပြဿနာများမှနေ၍ မိမိကိုယ်ကို ပို၍ကယ်တင်နိုင်လေ ဖြစ်ပါသည်။

အကျဉ်းချုပ်

ဤစိတ်ချရသော ဦးတည်ရာဖြစ်သည့် ကိုးကွယ်အားထားရာနှင့် ဘဝတွင် ထိုသို့ချမှတ်ရသည့် အကြောင်းရင်းများ၏ အဓိပ္ပာယ်ကို ကျွန်ုပ်တို့ နားလည်ရန် လိုပါသည်။ ယင်းကို ဗုဒ္ဓဘာသာကျင့်ကြံမှုတွင် အရေးအကြီးဆုံး၊ အခြေခံ အကျဆုံးဟု သတ်မှတ်ပါသည်။ လူအများစုက ယင်းကို ပေါ့ပေါ့တန်တန် သဘောထားသည်မှာ ရှက်စဖွယ်ဖြစ်ပါသည်။ ဘဝတွင် ဤသို့သော ဦးတည်ရာ ရှိခြင်း၊ မရှိခြင်းသည် ဘဝတွင်အထင်ရှားဆုံး အပြောင်းအလဲနှင့် အကြီးမားဆုံး ကွာခြားချက်ဟု ဆိုနိုင်ပါသည်။ ကိုးကွယ်အားထားရာဆိုသည်မှာ အခမ်းအနားတစ်ခု သွားခြင်း၊ ဆံပင်အနည်းငယ် ရိတ်ဖြတ်ခြင်း၊ တိဘက်အမည် ရရှိခြင်း၊ လည်ပင်းတွင် အနီရောင်ကြိုးဝတ်ဆင်ခြင်း၊ အဖွဲ့အစည်းထဲဝင်ခြင်း တို့ကိုသာ မဆိုလိုသင့်ပါ။ ဤသည်မှာ ကိစ္စတစ်ခုလုံးကို အမှန်ပင် ပေါ့ပေါ့တန်တန် သဘောထားခြင်းဖြစ်ကာ အတော်အဓိပ္ပာယ်မဲ့သောအရာတစ်ခု ဖြစ်သွားစေပါသည်။

အားလုံး မိမိကိုယ်ကို မေးရမည့် မေးခွန်းမှာ- ‘‘ကိုးကွယ်အားထားနေသော ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနှင့် ကျွန်ုပ်သည် ဘဝတွင် ဤဦးတည်ရာကို အမှန်ပင် ချမှတ်ထားပါသလား။ အသင်းအဖွဲ့တစ်ခုထဲ ဝင်ခြင်းမျိုးမဟုတ်ဘဲ ဘဝတွင် ထင်ရှားသောအရာတစ်ခုခု ရှိလာသလား။’’ ဟူ၍ ဖြစ်ပါသည်။ ကိုးကွယ်အားထားခြင်းကြောင့် ကျွန်ုပ်တို့ဘဝတွင် ထင်ရှားသော အပြောင်းအလဲ မရှိပါက ထိုသို့ဖြစ်အောင် ကြိုးစားရပါမည်။ ဤအခြေခံမပါရှိဘဲ ပိုအဆင့်မြင့်သည့် ကျင့်ကြံမှုများ လိုက်နာကြည့်ပါက အောင်မြင်မှု ရရှိနိုင်ခြေ အတော်နည်းပါးသွားပါလိမ့်မည်။

Top