ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံယုံကြည်မှု ၁၀ ချက်

10%20basic%20buddhist%20beliefs
  1. လူတိုင်းသည် ပိုမိုပျော်ရွှင်သောဘဝဖြင့် နေထိုင်လိုကြပါသည်။ သို့သော် ယင်း၏ဆိုလိုသော အဓိပ္ပာယ်နှင့် ထိုသို့ နေထိုင်ပုံတို့အကြောင်း သိရှိသူ အနည်းငယ်သာ ရှိပါသည်။
  2. ကျွန်ုပ်တို့၏ စိတ်ခံစားချက်များနှင့် သဘောထားများက ကျွန်ုပ်တို့၏ခံစားရပုံကို သက်ရောက်မှု ရှိပါသည်။ အလေ့အကျင့် ရှိပါက အပျက်သဘောထားများကို ဖယ်ရှားနိုင်ကာ ပိုမိုကျန်းမာပြီး ပိုမိုအပြုသဘောဆောင်သော သဘောထားများ ရရှိနိုင်ပါသည်။ ထိုသို့ပြုလုပ်သောအခါ ကျွန်ုပ်တို့၏ဘဝများ ပိုမိုပျော်ရွှင်ပြီး ပိုမိုစိတ်ကျေနပ်ဖွယ် ကောင်းလာပါမည်။
  3. အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များထဲတွင် ဒေါသ၊ ကြောက်ရွံ့မှုနှင့် တွယ်ငြိမှု စသည်တို့ပါဝင်ပြီး ယင်းတို့ကြောင့် စိတ်ငြိမ်းချမ်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်မှု ပျောက်ဆုံးသွားပါသည်။ အလေ့အကျင့်ရှိပါက ယင်းတို့၏ ထိန်းချုပ်မှုအောက်မှ ကျွန်ုပ်တို့ကိုယ်တိုင် လွတ်မြောက်သွားနိုင်ပါသည်။
  4. စိတ်လိုက်မာန်ပါ ပြုမူခြင်းသည် လောဘ၊ ဒေါသကြောင့် ဖြစ်တတ်ပြီး ကျွန်ုပ်တို့အတွက် ပြဿနာများ ဖန်တီးပေးရုံ သာမက ဝမ်းနည်းမှုပါ ဖြစ်စေပါသည်။ အလေ့အကျင့် ရှိပါက စိတ်တည်ငြိမ်ရန်၊ ရှင်းလင်းစွာ တွေးခေါ်ရန်နှင့် အမြော်အမြင်ရှိစွာ ပြုမူဆောင်ရွက်ရန် သင်ယူနိုင်ပါသည်။
  5. အပြုသဘော စိတ်ခံစားချက်များထဲတွင် မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းနှင့် နားလည်မှု ရှိခြင်း စသည်တို့ ပါဝင်ပြီး ကျွန်ုပ်တို့ကို တည်ငြိမ်စေသည်။ ပွင့်လင်းစေသည်။ ကြည်လင်စေသည်။ နောက်ထပ်ပျော်ရွှင်ခြင်းများ ရရှိစေပါသည်။ အလေ့အကျင့်ရှိပါက ယင်းတို့ကို ရရှိအောင် သင်ယူနိုင်ပါသည်။
  6. အတ္တဗဟိုပြုသော တစ်ကိုယ်ကောင်းဆန်သည့် စိတ်နှင့် အပြုအမူသည် ကျွန်ုပ်တို့အား အခြားသူများနှင့် ဝေးကွာစေပြီး မပျော်မရွှင် ဖြစ်စေပါသည်။ အလေ့အကျင့်ရှိပါက ယင်းတို့ကို ကျော်လွှားနိုင်ပါသည်။
  7. ကျွန်ုပ်တို့အားလုံး အပြန်အလှန် ချိတ်ဆက်နေပြီး ကျွန်ုပ်တို့၏ ရှင်သန်မှုသည် အချင်းချင်းအပေါ်တွင် မူတည်နေသည်ဟု သဘောပေါက်ခြင်းက ကျွန်ုပ်တို့၏ စိတ်နှလုံးကို ပွင့်လင်းစေပါသည်။ အခြားသူများအတွက် အလေးထားမှု ရရှိစေပါသည်။ ပို၍ပျော်ရွှင်စေပါသည်။
  8. ကျွန်ုပ်တို့ကိုယ်တိုင် သိမြင်မှု အများစုနှင့် အခြားသူများကို သိမြင်မှုအများစုတို့သည် ရှုပ်ထွေးမှုတွင် အခြေခံသည့် စိတ်ကူးယဉ် ခန့်မှန်းချက်များ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ခန့်မှန်းချက်များက အမှန်တရားနှင့် ဆိုင်နေသည်ဟု ယုံကြည်ပါက ကျွန်ုပ်တို့ကိုယ်တိုင်ရော အခြားသူများအတွက်ပါ ပြဿနာများ ဖန်တီးပေးပါသည်။
  9. မှန်ကန်စွာ နားလည်သဘောပေါက်ပါက ရှုပ်ထွေးမှုများကို ဖယ်ရှားနိုင်ပြီး အမှန်ကို သိမြင်လာနိုင်ပါသည်။ ထိုအခါ ဘဝတွင် ဖြစ်လာသမျှတိုင်းကို တည်ငြိမ်ပြီး အမြော်အမြင်ရှိစွာ ကိုင်တွယ်ဖြေရှင်းလာနိုင်ပါသည်။
  10. ကျွန်ုပ်တို့ကိုယ်တိုင် ကြိုးစားပြီး ပို၍ကောင်းမွန်သူတစ်ယောက် ဖြစ်လာအောင် နေထိုင်ခြင်းသည် ဘဝ တစ်လျှောက်လုံးအတွက် စိန်ခေါ်မှု ဖြစ်သော်လည်း ကျွန်ုပ်တို့ဘဝတွင် အဓိပ္ပာယ် အရှိဆုံး ဆောင်ရွက်နိုင်သော အရာတစ်ခု ဖြစ်ပါသည်။
Top