Study buddhism tsenzhab serkong tulku 400

ဒုတိယမြောက် ဇန်ဟဗ်ဆခုန် ယင်းပိုချီ

ဒုတိယမြောက် ဇန်ဟဗ်ဆခုန် ယင်းပိုချီ (၁၉၈၄-သက်ရှိထင်ရှား) သည် ၁၄ ပါးမြောက် ဒလိုင်းလားမား၏ မကြာသေးမီက ဆုံးပါးသွားသော လက်ထောက်ဆရာတော်၏ ဓာတ်ပုံကို ဖော်ပြကာ ‘‘အဲဒါကျုပ်ကိုယ်တိုင်ပဲ’’ ဟုပြောလေသည်။ ယခင် ဇန်ဟဗ်ဆခုန် ယင်းပိုချီ ဝင်စားသူဟု သိရှိထားခြင်းခံရသော ငယ်ရွယ်သည့် ဆက်ခံသူသည် ဗုဒ္ဓဘာသာ တရားတော် သင်ကြားမှုကို အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ဂန်ဒန်ဂျန်စီကျောင်းတိုက်တွင် ဉီးစွာ သင်ကြားခဲ့သည်။ လူဝတ်ကြောင်အဖြစ် ဓမ္မကို ဆက်လက်ဆည်းပူးရန် ဆုံးဖြတ်ပြီးနောက် ဓမ္မသာလာရှိ ဗုဒ္ဓဒေသနတော်များဆိုင်ရာသိပ္ပံတွင် ပညာဆုံးခန်းတိုင်အောင် သင်ယူခဲ့သည်။ ဒလိုင်းလားမား၏ အကြံပေးချက်အရ ကနေဒါနိုင်ငံတွင် အင်္ဂလိပ်စာကို နှစ်နှစ်ကြာ အပြင်းအထန် သင်ကြားပြီးစီးကာ အဆင့်မြင့် ဗုဒ္ဓဘာသာတရားတော်များ ဆက်လက်ဆည်းပူးလျှက် ရှိပါသည်။

Top