ဘာသာရေး ဆရာတော်များ

ဗုဒ္ဓတရားတော်များသည် ဗုဒ္ဓမြတ်စွာခေတ်ကတည်းကပင် ပေါက်မြောက်သွားသည့် ဆရာတော်များ စဉ်ဆက်မပြတ်ပေါ်ထွက်မှုကြောင့် စစ်မှန်သည်ဟု ယူဆထားပါသည်။ ဤအချက်ကို ကျွန်ုပ်တို့ ယုံကြည်သောအခါ တရားတော်အတိုင်း လိုက်နာရန် ကြိုးစားပါသည်။ ကျွန်ုပ်တို့ မှန်ကန်စွာနားလည် အသုံးချပါက သူတို့သည် ကျွန်ုပ်တို့ဆန္ဒရှိသည့် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးပါလိမ့်မည်။

စကြမုနိဗုဒ္ဓ

စကြမုနိဗုဒ္ဓသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က အိန္ဒိယနိုင်ငံတွင် ရှိခဲ့သော မဟာဆရာတစ်ဆူ ဖြစ်ပါသည်။ ဉာဏ်အလင်း ရရှိပြီးနောက် အခြားသူများလည်း အလားတူ ဆောင်ရွက်နိုင်ပုံကို ပြသခဲ့ပါသည်။

နာဂဇုန

နာဂဇုနသည် ဗုဒ္ဓ၏ အနတ္တ တရားတော်များကို ရှင်းပြခဲ့သော ဉီးဆောင်ဉီးရွက်ပြုခဲ့သည့် အိန္ဒိယဆရာတော် ဖြစ်သည်။

အာယဒေဝ

အာယဒေဝ (ခရစ်နှစ် ၂ ရာစုအလယ်-၃ ရာစုအလယ်) သည် နာဂဇုန၏ အဓိကသာဝကဖြစ်သည်။ နာဂဇုန၏ အနတ္တ တရားတော်များကို အကျယ်ချဲ့ ရှင်းလင်းဟောပြ ခဲ့ပါသည်။

ရှန်တီဒေဝ

ရှန်တီဒေဝသည် ဗောဓိသတ္တတို့၏ ကျင့်ကြံပြုမူမှုတို့ကို ရှင်းပြခဲ့သော နာမည်ကျော် အိန္ဒိယဆရာတော် ဖြစ်သည်။

အတိဿ

အတိဿသည် ဗုဒ္ဓဘာသာကို အိန္ဒိယမှ တိဘက်သို့ ရွေ့လျားမှု ယာယီ ရပ်ဆိုင်းပြီးနောက် အသစ်တစ်ဖန် ပြန်လည် ယူဆောင်လာ ပေးခဲ့သူဖြစ်သည်။

၁၄ ပါးမြောက် ဒလိုင်းလားမား

၁၄ ပါးမြောက် ဒလိုင်းလားမားသည် တိဘက်ဗုဒ္ဓဘာသာ၏ ဘာသာရေး အကြီးအကဲဖြစ်ပြီး ၁၉၈၉ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်ကာ အကြမ်းမဖက်ရေးနှင့် ကရုဏာရှိရေးအတွက် ကမ္ဘာသိသင်္ကေတ ဖြစ်ပါသည်။

ယုံဇင်လင်း ယင်းပိုချီ

ယုံဇင်လင်း ယင်းပိုချီသည် ၁၄ ပါးမြောက် ဒလိုင်းလားမား၏ ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး ၉၇ ပါးမြောက် ဂန်ဒန်ထရီပါ ဟုခေါ်ဆိုသည့် ဂယ်လုပါ အစဉ်အလာအရ ဘာသာရေးအကြီးအကဲ ဖြစ်သည်။

ဇန်ဟဗ်ဆခုန် ယင်းပိုချီ

ဇန်ဟဗ်ဆခုန် ယင်းပိုချီသည် ၁၄ ပါးမြောက် ဒလိုင်းလားမား၏ ဆရာတော်တစ်ပါး ဖြစ်ပြီး ပူးတွဲဆွေးနွေးပွဲတွင် ဉီးဆောင်ပါဝင်သူတစ်ဉီးဖြစ်သည်။ တိဘက်ဗုဒ္ဓဘာသာကို ပြည့်စုံစွာ ကျွမ်းကျင်ပိုင်နိုင်ပါသည်။

ဒုတိယမြောက် ဇန်ဟဗ်ဆခုန် ယင်းပိုချီ

ဒုတိယမြောက် ဇန်ဟဗ်ဆခုန် ယင်းပိုချီသည် ဇန်ဟဗ်ဆခုန် ယင်းပိုချီ ဝင်စားသည့် "ဆက်ခံသူ" ဖြစ်သည်။

ဂဲရှီငါဝမ် ဒါဂရဲ

ဂဲရှီငါဝမ် ဒါဂရဲသည် အိန္ဒိယနိုင်ငံ၊ ဓမ္မသာလာရှိ တိဘက်စာပေနှင့် မော်ကွန်းတိုက်များ စာကြည့်တိုက်တွင် အနောက်တိုင်းသားများအား ဗုဒ္ဓဘာသာကို ဦးစီးဉီးဆောင် သင်ကြားပေးသူ ဖြစ်ပါသည်။
Top