Study buddhism geshe ngawang dhargyey

ဂဲရှီငါဝမ် ဒါဂရဲ

ဂဲရှီငါဝမ် ဒါဂရဲ (၁၉၂၅-၁၉၉၅) သည် ကျွမ်းကျင်သော ဗုဒ္ဓဘာသာဆရာတော်တစ်ပါးဟု အဓိကသိထားကြပါသည်။ သီရဂျေကျောင်းတိုက်တွင် စာပေသင်ကြားကာ ဝင်စားသူဖြစ်သည့် လားမားကိုးပါး (ဆက်ခံသူများ) နှင့် အနောက်တိုင်းသား မြောက်မြားစွာကို သင်တန်းပေးခဲ့သည်။ ဓမ္မသာလာရှိ တိဘက်စာပေ စာကြည့်တိုက်နှင့် မော်ကွန်းတိုက်တွင် အနောက်တိုင်းသားများအတွက် ပထမဆုံး ဆရာတော်အဖြစ် ဒလိုင်းလားမားက ခန်၌အပ်ခဲ့သည်။ ထိုနေရာတွင် ၁၃ နှစ်ကြာ သင်ကြားပြသခဲ့သည်။ နိုင်ငံတကာ သင်ကြားမှု ခရီးစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ကြွချီခဲ့ပြီးနောက် နယူးဇီလန်နိုင်ငံ၊ ဒူနီဒင်းတွင် ဒါဂယေဗုဒ္ဓဘာသာစင်တာကို တည်ထောင်ပြီး လက်ကျန်ဘဝတွင် ထိုနေရာ၌ စာပေသင်ကြားခဲ့ပါသည်။

ဆက်စပ်အကြောင်းအရာ
Top