ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့၏ ခြားနားသော နည်းလမ်းနှင့် ဘုံရည်မှန်းချက်
ဒေါက်တာအလက်ဇင်းဒါးဘာဇင်း
သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် ကမ္ဘာကြီး ပူနွေးလာခြင်းတို့ကဲ့သို့ တူညီသော ဘုံပြဿနာများကို ဖြေရှင်းရန် လူသားတို့အား စိတ်ဓာတ်မြှင့်တင်ပေးမည့် မဟာဗျူဟာ အမျိုးမျိုး ရှိပါသည်။ တစ်ဦး၏ နည်းလမ်းကို တစ်ဦးက ပိုမိုသိရှိလာခြင်းဖြင့် ပိုမိုနားလည်မှုနှင့် အပြန်အလှန် လေးစားမှုတို့ ပေါ်ပေါက်လာပါသည်။