What is compassion

ဗုဒ္ဓဘာသာတွင် ကရုဏာသည် အခြားသူများကို ဒုက္ခနှင့် ဒုက္ခ၏ အကြောင်းတရားမှ ကင်းလွတ်စေလိုသည့် ဆန္ဒ ဖြစ်ပါသည်။ အထူးသဖြင့် ကိုယ်တိုင် ထိုသို့သောဒုက္ခများ ကျော်ဖြတ်ရသောအခါ အခြားသူများ၏ ခံစားချက်ကို တန်ဖိုးထားခြင်းတွင် အခြေခံပါသည်။ သူတို့ ကျော်ဖြတ်ရသည့် အရာကို ကျွန်ုပ်တို့တစ်ခါမျှ မကြုံဖူးသည့်တိုင် သူတို့နေရာတွင် ဝင်ကြည့်ပြီး မည်မျှဆိုးရွားမည်ကို ခံစားနိုင်ပါသည်။ ထိုဒုက္ခကို ကျွန်ုပ်တို့ မည်မျှကင်းဝေးလိုကြောင်း စဉ်းစားကြည့်ကာ အခြားသူများအတွက်လည်း ခိုင်မာစွာ ဆန္ဒပြုနိုင်ပါသည်။

မေတ္တာနှင့် ကရုဏာတို့သည် ဇိမ်ခံပစ္စည်းများ မဟုတ်ဘဲ လိုအပ်ချက်များ ဖြစ်ပါသည်။ ယင်းတို့မရှိပါက လူသားထု မရှင်သန်နိုင်ပါ။ - ၁၄ ပါးမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမား


ကရုဏာသည် အခြားသူများအတွက် ကျွန်ုပ်တို့၏ စိတ်နှလုံးကို ပွင့်လင်းစေသည်။ အထီးကျန်သော ကိုယ်တိုင်ကန့်သတ် ထားသော ကိုယ့်အတွက်သာတွေးသည့် အတွေးများမှ ခွဲထွက်စေပါသည်။ ကျွန်ုပ်တို့အားလုံး ဘဝတွင် ပြဿနာများ ရင်ဆိုင်ကြရပါသည်။ အခြားသူများနှင့် ဆက်သွယ်မိသောအခါ အထီးကျန်မှုနှင့် စိုးရိမ်သောကတို့ကို ကျော်လွှားသွား ပါသည်။ ကရုဏာရှိခြင်းသည် ကျွန်ုပ်တို့ကို ပိုမိုပျော်ရွှင်ပြီး ပိုမိုလုံခြုံအောင် သိပ္ပံနည်းကျ သက်သေပြထားပါသည်။ အခြားသူများ၏ နာကျင်မှုနှင့် ဝေဒနာတို့ကို အလေးအနက် ထားကာ အကူအညီ ပေးလိုခြင်းက ကျွန်ုပ်တို့ကို စိတ်ခွန်အားနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပေးပါသည်။ ကရုဏာ ရရှိအောင် မိမိကိုယ်ကို လေ့ကျင့်ပါက ကျန်းမာစေသည့် နက်ရှိုင်းသော ရင်းမြစ်တစ်ခု အမှန်ပင် ဖြစ်လာပါသည်။

ကရုဏာသည် ကျွန်ုပ်တို့အား အခြားသူများ၏ ဝေဒနာကို တက်တက်ကြွကြွ ဖယ်ရှားပေးရန် တာဝန်ယူစေပါသည်။ ကျွန်ုပ်တို့၏ ကူညီနိုင်စွမ်းသည် အကန့်အသတ် ရှိသော်လည်း လူတို့ မပျော်ရွှင်ဘဲ နာကျင်နေစဉ်တွင် မသိကျိုးကျွန် ပြုနေ၍ မရသည့်အတွက် တတ်နိုင်သလောက် ဆောင်ရွက်ကြရပါသည်။

ကရုဏာသည် အသိပညာ၊ ဉာဏ်အမြော်အမြင်တို့နှင့် ပေါင်းစပ်သောအခါ အထိရောက်ဆုံး ဖြစ်ပါသည်။ ထိုအခါ ကျွန်ုပ်တို့ ဘာလုပ်ရမည်ကို မှန်ကန်စွာ ရွေးချယ်နိုင်စေပါသည်။ ကျွန်ုပ်တို့ မကူညီနိုင်သောအခါတွင်ဖြစ်စေ၊ ကျွန်ုပ်တို့ အကြံပြုသော အချက်က အလုပ်မဖြစ်လျှင်ဖြစ်စေ၊ ဝမ်းမနည်းရန် သို့မဟုတ် စိတ်မပျက်ရန် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ပါက ကရုဏာသည် ကျွန်ုပ်တို့၏ အားနည်းချက်များကို ကျော်လွှားကာ အစွမ်းအစကို အပြည့်အဝ ဖော်ထုတ်နိုင်ရန် အခိုင်မာဆုံး တွန်းအား ဖြစ်လာပါသည်။

Top