မှန်ကန်သောအမြင်နှင့် ကြံစည်ရည်ရွယ်ချက်

အမှန်နှင့် အမှား၊ အကျိုးပြုသောအရာနှင့် အန္တရာယ်ရှိသောအရာကို ခွဲခြားသိရှိရန်အတွက် ခွဲခြားသိမြင်သောပညာ လိုအပ်ပါသည်။ ထိုအတွက် မဂ္ဂင်ရှစ်ပါးတွင် နောက်ဆုံးနှစ်ချက်ဖြစ်သည့် မှန်ကန်သော အမြင်နှင့် မှန်ကန်သော ကြံစည်ရည်ရွယ်ချက် (မှန်ကန်သော စိတ်အကြံအတွေး) တို့ ရှိရပါမည်။

မှန်ကန်သောအမြင် သည် အမှန်နှင့် အမှား၊ အကျိုးပြုသောအရာနှင့် အန္တရာယ်ရှိသောအရာကို ခွဲခြားသိရှိမှုကို အခြေခံပြီး မှန်ကန်သောအရာကို ယုံကြည်ခြင်း ဖြစ်ပါသည်။ မှန်ကန်သော စိတ်အကြံ သည် အပြုသဘော စိတ်အခြေအနေ ရရှိစေသောအရာ ဖြစ်ပါသည်။ 

Top