What is mind

စိတ်သည် စက္ကန့်မလပ် အမြဲတမ်း ပြောင်းလဲနေသော ‘‘တစ်စုံတစ်ခု’’ ကို သီးသန့် တစ်ဉီးချင်း ကြုံတွေ့မှု ဖြစ်ပါသည်။

 ‘‘စိတ်’’ ဆိုသည့် အယူအဆသည် တစ်ပုံစံတည်းမဟုတ်သလို ဘာသာစကား အမျိုးမျိုးက စိတ်ကို ပုံစံအမျိုးမျိုး ယူဆကြပါသည်။ ဗုဒ္ဓဘာသာ အယူအဆအရ စိတ်ကို သက္ကတ ဘာသာစကားတွင် စိတ္တ ဟုခေါ်ပြီး အဓိပ္ပာယ်များစွာ ရှိပါသည်။ အာရုံ သိရှိမှု၊ နှုတ်ဖြင့် ပြောဆိုမှု၊ ဒြပ်မဲ့ဖြစ်သော တွေးတောမှု၊ စိတ်ခံစားချက်များ၊ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကို ခံစားခြင်းများ၊ စူးစိုက်မှု၊ အာရုံစိုက်မှု၊ အသိဉာဏ်နှင့် အခြားအရာများ ပါဝင်ပါသည်။ ဗုဒ္ဓဘာသာအရ စိတ်ဟု ပြောသောအခါ စိတ်၏ ဆောင်ရွက်ချက် အမျိုးအစားတိုင်းကို ရည်ညွှန်းပါသည်။

အဓိကမှာ ဉီးနှောက်၊ အာရုံကြောစနစ်၊ ဟော်မုန်းများ အစရှိသည့် ရုပ်ပိုင်းဆိုင်ရာ အခြေခံ မဟုတ်သလို ဓာတုဗေဒ သို့မဟုတ် လျှပ်စစ်ဆိုင်ရာ လှုပ်ရှားမှုလည်း မပါဝင်ပါ။ ဗုဒ္ဓဘာသာက ထိုအရာများကို အမှန်ပင် တည်ရှိနေသည့်အတွက် မငြင်းပယ်ပါ။ တစ်သားတည်း ပေါင်းစပ်ပါဝင်ပါသည်။ ဉီးနှောက်တွင်ရှိပြီး ၎င်း၏ဆောင်ရွက်ချက် ဖြစ်ပေါ်စေသော ဒြပ်မဲ့ ‘‘အရာဝတ္ထု’’ အချို့ကိုလည်း စိတ်ဟု မရည်ညွှန်းပါ။ ထို့ပြင် စုစည်းထားသော မသိစိတ် သို့မဟုတ် အားလုံးနှင့်ဆိုင်သောစိတ် အကြောင်းကိုလည်း ဗုဒ္ဓဘာသာက မဟောကြားထားပါ။

စိတ်၏ ဆောင်ရွက်ချက်ဆိုတာဘာလဲ။

စိတ်နှင့် စိတ်၏ဆောင်ရွက်ချက်သည် တစ်စုံတစ်ခုကို သီးသန့် တစ်ဉီးချင်း ကြုံတွေ့မှုဆိုပါက နမူနာအားဖြင့် ဒေါသ ထွက်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုပါသလဲ။ ဤသည်မှာ ဒေါသနှင့် ယင်းကိုခံစားမှုမှ တစ်ပြိုင်နက် ပေါ်ထွက်လာပါသည်။ ထိုနှစ်ခုပေါင်းကာ တစ်စုံတစ်ခု ကြုံတွေ့မှုအစဉ်ကို အဖြစ်အပျက်တစ်ခုအနေနှင့် ဖော်ပြပါသည်။ မည်သူ၏ ကြုံတွေ့မှုနည်း။ ကျွန်ုပ် ဒေါသထွက်ပါက ကျွန်ုပ်၏ ကြုံတွေ့မှု ဖြစ်ပြီး သင်နှင့်မဆိုင်ပါ။ သို့သော် ‘‘စိတ်’’ ဆိုသည့် အပေါ်တွင် ဒေါသထွက်စေသော ခလုတ်ကိုနှိပ်ပြီး ကျွန်ုပ်နှင့် ခွဲခြားမည်ဆိုပါက မရပါ။ ကျွန်ုပ်တို့ အားလုံးသည် ကြုံတွေ့မှု အဖြစ်အပျက်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်နေပါသည်။


ဤသည်မှာ ပန်းသီးကဲ့သို့ တစ်ခုခုကို မြင်တွေ့ခြင်းနှင့် ဆင်တူပါသည်။ သိပ္ပံနားလည်မှုအရ အလင်းတန်းများသည် မျက်ကြည်လွှာမှတစ်ဆင့် မျက်လုံးထဲ ဝင်လာကာ အလင်းအာရုံခံဆဲလ်၏ အလင်းလက်ခံဆဲလ်များနှင့် တွေ့ပါသည်။ ထိုအခါ လျှပ်စစ်အချက်ပြမှုများ ပေါ်ထွက်လာပြီး ဉီးနှောက်သို့ အမြင်ဆိုင်ရာ အချက်အလက်များ ဆောင်ရွက်ရန် ပေးပို့လိုက်သည်။ ဤအတွက် တစ်ဉီးချင်း အတွေ့အကြုံမှာ ပန်းသီး၏ စိတ်ရုပ်ပုံ ပေါ်ထွက်လာခြင်းနှင့် ယင်းကို မြင်တွေ့ရခြင်း ဖြစ်ပါသည်။ သို့သော် စိတ်ဆိုသည်မှာ ဤပန်းသီးရုပ်ပုံ ပေါ်ထွက်မှုသည် ‘‘စိတ်မှာ တစ်ခုခု ရှိနေတယ်’’ ဆိုသော ဖော်ပြချက်ကဲ့သို့  ဉီးနှောက်၏ လစ်ဟာနေသော ကွက်လပ် မဟုတ်ပါ။

စိတ်၏ရုပ်ပုံများသည် အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့တို့၏ ကိုယ်စားပြုမှုများလည်း ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ စိတ်ကူးယဉ်မှု၊ အိပ်မက်ထဲတွင်ပင် ထိုသို့ဖြစ်နိုင်သည်။ စိတ်၏ရုပ်ပုံ ပေါ်ထွက်မှုကို ဉီးနှောက်၏ အခြားအစိတ်အပိုင်း အမျိုးမျိုးမှ ထုတ်လုပ်သော ဟော်မုန်းများတွင် အခြေခံကာ စိတ်ခံစားချက်များ၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု အဆင့်များ ပေါ်ထွက်လာမှုဟုလည်း ဖော်ပြကြပါသည်။ မည်သည့်အချိန်တွင်ဖြစ်စေ ကျွန်ုပ်တို့၏ စိတ်ရုပ်ပုံ အကြောင်းရပ်များသည် ရှုပ်ထွေးသော အချက်အလက်များ ဖြစ်ပါသည်။ မြင်ကွင်း၊ အတွေး၊ စိတ်ခံစားချက်အမျိုးမျိုး၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု အဆင့်ဆင့်စသည့် အရာများ ဖြစ်ပါသည်။

ဉီးနှောက်အာရုံကြောဗေဒနှင့် ဗုဒ္ဓဘာသာ

စိတ်နှင့်ဘဝဆိုင်ရာသိပ္ပံကို ၁၉၈၇ ခုနှစ်တွင် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် ချီလီလူမျိုး ဦးနှောက်အာရုံကြောပညာရှင် ဖရန်စစ္စကိုဗာရယ်လာတို့ တည်ထောင်စဉ်မှစကာ နိုင်ငံတကာ သိပ္ပံပညာရှင် အဖွဲ့များ၊ ထူးချွန်သော ဗုဒ္ဓဘာသာ ဆရာတော်များက စိတ်နှင့် ဉီးနှောက်အကြား အပြန်အလက် ဆက်သွယ်သောနေရာကို ရှာဖွေလေ့လာလျှက် ရှိပါသည်။ တရားစတင် ရှုမှတ်သူများရော အတွေ့အကြုံရှိသည့် တရားရှုမှတ်သူများကိုပါ သူတို့ ဉီးနှောက်၏ လှုပ်ရှားမှုကို ဦးနှောက်အာရုံကြောပညာရှင်များက ထောက်လှမ်းခဲ့ပါသည်။ ထိုအခါ အမြဲတရားရှုမှတ်မှုသည် ဉီးနှောက်၏ အာရုံကြောလှုပ်ရှားမှုကို သက်ရောက်မှုရှိကြောင်း၊ အာရုံကြော လမ်းကြောင်းသစ်များ ထုတ်လုပ်ကြောင်း၊ ထိုအခါ ကရုဏာကဲ့သို့ အပြုသဘော စိတ်ခံစားချက်များနှင့် အာရုံစူးစိုက်မှုတို့ကို ပိုမိုလွယ်ကူစွာ ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။

ယခုအထိဆိုလျှင် အနောက်တိုင်း သိပ္ပံပညာနှင့် ဗုဒ္ဓဘာသာ၏ တွေ့ရှိမှုများက အချင်းချင်း ပံ့ပိုးဖြည့်ဆည်းလျှက် ရှိပါသည်။ ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် ထင်ရှားသော သိပ္ပံပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုများက ဘုန်းတော်ကြီး ဒလိုင်းလားမား ဟောကြားသည့် ၂၁ ရာစု ဗုဒ္ဓဘာသာဆိုသည့် အထင်ကရအချက် ဖြစ်နေပါသည်။

ဘဝတွင် ကြုံတွေ့မှုအပေါ် စိတ်ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်သည် ဗုဒ္ဓဘာသာတွင် ‘‘စိတ်’’ ဟု ဆိုလိုသောအရာ ဖြစ်ပါသည်။ ဤဆောင်ရွက်ချက်က အခိုက်အတန့်အားလုံးကို ပြောင်းလဲကာ စိတ်၏အချက်အလက်အမျိုးမျိုးဖြင့် အမြဲတမ်း ဒွန်တွဲနေပါသည်။ ကျွန်ုပ်တို့သည် ဘဝတွင် ရင်ဆိုင်ရသမျှ အဖြစ်အပျက်တို့၏ ဒဏ်ခံရသူများ မဟုတ်ကြောင်း၊ ဘဝတွင် ကြုံတွေ့ရသော အရာနှင့် ကြုံတွေ့ရပုံများတွင် ကျွန်ုပ်တို့သည် တစ်သားတည်း အစိတ်အပိုင်း ပါဝင်ကြရကြောင်း  ဗုဒ္ဓဘာသာ ဆရာတော်များက ကျွန်ုပ်တို့ကို သင်ကြားထားပါသည်။ စိတ်ကို လေ့ကျင့်ရာမှတစ်ဆင့် ကျွန်ုပ်တို့သည် မိမိတို့အတွေ့အကြုံများကို ပိုပြီးကောင်းအောင် အခြေခံကျကျ ပြောင်းလဲနိုင်ပါသည်။ အမြဲကြိုးစားအားထုတ်မှုမှတစ်ဆင့် ဤအပြုသဘော အပြောင်းအလဲကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါလိမ့်မည်။

Top