ဇန်ဟဗ်ဆခုန်ယင်းပိုချီ၏ ဘဝပုံရိပ်

ဆယ့်လေးပါးမြောက် ဒလိုင်းလားမား ဆရာတော်ကြီး၏ အဓိကဆရာတစ်ဆူဖြစ်သော ဇန်ဟဗ်ဆခုန်ယင်းပိုချီသည် ဒေါက်တာဘာဇင်း၏ အဓိကဆရာတော်လည်း ဖြစ်ပါသည်။ သူ၏လက်တွေ့ကျသောပုံစံ၊ လက်တွေ့ချဉ်းကပ်မှုနှင့် ထက်မြက်သော ဟာသဉာဏ်ကြောင့် တိဘက်လူမျိုး တပည့်များသာမက အနောက်တိုင်းသား တပည့်များကပါ ချစ်ခင်နှစ်သက်ကြပါသည်။ သူသည် တိဘက် ဗုဒ္ဓဘာသာ အစဉ်အလာအားလုံးကို ကျွမ်းကျင်သည့်အတွက် ပညာတတ် ပညာရှင်တစ်ယောက်၊ ကျွမ်းကျင်ပေါက်မြောက်သော ကျင့်ကြံသူ၊ ကျွမ်းကျင်ပြီး စာနာတတ်သော ဆရာတော်တစ်ပါး စသည့် အမြင့်မားဆုံး အရည်အသွေးများကို ပိုင်ဆိုင်ထားပါသည်။ ဒေါက်တာဘာဇင်းသည် သူ၏အနီးကပ်တပည့် ဖြစ်သလို အင်္ဂလိပ်ဘာသာ စကားပြန်နှင့် အတွင်းရေးမှူးအဖြစ် ကိုးနှစ်တာ နေထိုင်ခဲ့သည့် သူ့ကိုယ်ပိုင် အမှတ်တရများကို ယခုကဲ့သို့ မျှဝေထားပါသည်။

Top