ဗုဒ္ဓဘာသာအရ အတ္တဗဟိုပြုမှုကို ကျော်လွှားခြင်းနှင့် မေတ္တာထားရှိခြင်း

အခြားဘာသာစကားများ

ယေဘုယျ ဟောကြားချက်များ

ဗုဒ္ဓဘာသာတွင် ဖန်ဆင်းမှု သို့မဟုတ် ဖန်ဆင်းရှင်အကြောင်း မပြောကြားထားပါ။ ခံစားချက်ရှိသော သတ္တဝါအားလုံး၏ စိတ်အစဉ်သည် အစမရှိပါ။ “ခံစားချက်ရှိသော သတ္တဝါများ” ဆိုသည်မှာ ရည်ရွယ်ချက်ဖြင့် ပြုမူဆောင်ရွက်ပြီး ပျော်ရွှင်မှု၊ မပျော်ရွှင်မှုတို့ကို ကြုံတွေ့ရသော သက်ရှိများဖြစ်ပါသည်။ သို့သော် အစ္စလာမ်ဘာသာမှ စိတ်ဝိညာဉ်ကဲ့သို့ပင် ခံစားချက်ရှိသော သတ္တဝါများ၏ စိတ်အစဉ်များသည် အဆုံးမရှိပါ။ သို့သော် အစ္စလာမ်ဘာသာနှင့် မတူသည်မှာ ၎င်းတို့သည် သက်ရှိပုံစံတစ်ခုတည်းနှင့် အမြဲဆက်စပ်နေခြင်း မရှိပါ။ တကယ်တော့ ၎င်းတို့ထံတွင် သီးခြားသက်ရှိပုံစံ တစ်ခုခုကဲ့သို့ ပင်ကိုသတ်မှတ်ချက် မရှိပါ။ စိတ်အစဉ်တိုင်းသည် အတိတ်က စိတ်လိုက်မာန်ပါ (ကံ) အပြုအမူများ၏ လွှမ်းမိုးမှုအောက်တွင် ကိုယ်နှင့် စိတ်ဖြင့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ အဆင့်နိမ့်သောနတ် သို့မဟုတ် နတ်အဖြစ် အကြိမ်ကြိမ် ပြန်လည်မွေးဖွားပါသည်။

ဗုဒ္ဓဘာသာတွင် အကဲဖြတ်ခြင်း သို့မဟုတ် အကဲဖြတ်သောနေ့ မရှိပါ။ အချိန်ကာလ အဆုံးမရှိပါ။ ထာဝရ ကောင်းကင်ဘုံ သို့မဟုတ် ထာဝရ ငရဲဘုံ မရှိပါ။ အစ္စလာမ်ဘာသာနှင့် မတူသည်မှာ ယခုလူ့ဘဝတွင်သာ အတ္တဗဟိုပြုမှုကို ကျော်လွှားနိုင်ခြင်း ဖြစ်ပါသည်။ သို့သော် အတ္တဗဟိုပြုမှုကို ကျော်လွှားရန် လမ်းကြောင်းသည် ပြန်လည်မွေးဖွားမှု အရေအတွက်များစွာ ကြာမြင့်ပြီး ယင်းတို့သည် အထက်ဖော်ပြပါ သက်ရှိအသွင်းများထဲမှ တစ်ခုခုအနေနှင့် ဖြစ်နိုင်ပါသည်။

အတ္တဗဟိုပြုမှုကို ကျော်လွှားသောအခါ ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှု (သက္ကတဘာသာဖြင့် သံသရာ) ကို ကျော်လွှားပြီး လွတ်မြောက်မှု ရရှိပါသည်။ ကောင်းကင်ဘုံတွင် ပြန်လည်မွေးဖွားမှုအနေနှင့် မဟုတ်ပါ။ လွတ်မြောက်မှု ပြီးလျှင် ဉာဏ်အလင်းရရှိသော ဘုရားဖြစ်ရန် ဆက်လက် တိုးတက်နိုင်ပါသည်။ ဘုရားရှင်သည် အရာရာဖန်တီးသော ဖန်ဆင်းရှင် မဟုတ်ဘဲ အခြားသူများ လွတ်မြောက်မှု ရရှိအောင် ကူညီရန် အပြည့်အစုံသိရှိသော မေတ္တာကြီးမားသည့် အရာရာသိရှိသူ ဆရာသမား ဖြစ်ပါသည်။

ဗုဒ္ဓဘာသာတွင် လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့သည် အစ္စလာမ်ဘာသာမှ ကောင်းကင်ဘုံနှင့် ငရဲဘုံကဲ့သို့ ထာဝရ အခြေအနေများ ဖြစ်ပါသည်။ ကောင်းကင်ဘုံမှာလိုပင် လွတ်မြောက်မှု သို့မဟုတ် ဉာဏ်အလင်းရရှိပြီးသူ အဖြစ် ထာဝရ ပျော်ရွှင်မှုကို ခံစားရပါသည်။ သို့သော် လွတ်မြောက်မှု ရရှိသူများသည် နက်နဲသော စူးစိုက်မှု အခြေအနေများတွင် နစ်မြုပ်နေသောအခါ ဘာမှမခံစားရခြင်းလည်း တစ်ခါတစ်ရံ ကြုံတွေ့ပါသည်။

လူသားအားလုံးသည် အတ္တဗဟိုပြုမှုကို ကျော်လွှားပါက ကောင်းကင်ဘုံသို့ ရောက်နိင်ကြောင်း မွတ်စလင်တို့၏ ယူဆချက် ကဲ့သို့ပင် ဗုဒ္ဓဘာသာတွင် ခံစားချက်ရှိသော သတ္တဝါများအားလုံးသည် လက်ရှိမည်သည့် အသက်ရှင်မှုပုံစံ ဖြစ်စေကာမူ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့ ရရှိနိုင်သလို အတ္တဗဟိုပြုမှုကိုလည်း ကျော်လွှားနိုင်ပါသည်။ သို့သော် ဗုဒ္ဓဘာသာတွင် ယခုလူ့သက်တမ်းအတွင်း ဤလုပ်ငန်း မဆောင်ရွက်သူတို့အတွက် ထာဝရ ငရဲရောက်သည်ဟု မပြောကြားထားပါ။ ထိုသတ္တဝါများသည် အတ္တကြီးသော အပျက်သဘော အပြုအမူများကြောင့် ငရဲဘုံတွင် ပြန်လည်မွေးဖွားလျှင်ပင် ထိုငရဲဘုံသည် နောက်ဆုံးတွင် အဆုံးသတ်ပါမည်။ ဆက်လက် ပြန်လည်မွေးဖွားမှုများတွင် သူတို့သည် လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုတို့အတွက် ကြိုးစားသွားနိုင်ပါမည်။

ဗုဒ္ဓဘာသာတွင် မိမိ၏ အတိတ်က အပျက်သဘော အပြုအမူကို အချိန်မရွေး နောင်တရနိုင်ပါသည်။ အစ္စလာမ် ဘာသာမှာလိုပင် နောင်တရခြင်းသည် အဆိုးကံကို ထပ်မံ၍ မဆောင်ရွက်ရန်နှင့် ၎င်း၏သက်ရောက်မှုကို အကောင်းကံ များဖြင့် တန်ပြန်ရန် ကတိပြုမှု ပါဝင်ပါသည်။ သို့သော် အစ္စလာမ်ဘာသာနှင့် မတူသည်မှာ စင်ကြယ်စေသော လုပ်ငန်းတွင် ဘုရားရှင်၏ ခွင့်လွှတ်မှုသည်ပင်လျှင် မပါဝင်ပါ။ ဤသည်မှာ ကျင့်ဝတ်သီလသည် အဆင့်မြင့်သူထံတွင် နာခံမှု၌ အခြေခံခြင်း မဟုတ်သလို ဗုဒ္ဓမြတ်စွာသည် ဆုပေး၊ ဒဏ်ပေး အကဲဖြတ်သူ မဟုတ်ပါ။

Top