အစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာသာတို့တွင် အတ္တဗဟိုပြုမှုကို ကျော်လွှားခြင်းနှင့် မေတ္တာထားရှိခြင်း

အခြားဘာသာစကားများ
“ကိုရမ်ကျမ်း” အရ အတ္တဗဟိုပြုမှု ဆိုသည်မှာ မိမိကိုယ်ပိုင် အတ္တစိတ်အတိုင်း လိုက်နာခြင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်စွာ မိမိကိုယ်ကို အလေးထားမှု၊ တစ်ကိုယ်ကောင်းဆန်မှုနှင့် အပျက်သဘော စိတ်ခံစားချက်များက လွှမ်းမိုးထားပါသည်။ အတ္တဗဟိုပြုမှုကို ကျော်လွှားရန် နည်းလမ်းမှာ ဘုရားသခင်၏ အလိုတော်ကို လိုက်နာခြင်း၊ ဘုရားသခင်၏ ဖန်ဆင်းမှုများအား အမှုတော်ထမ်းရွက်မှုများနှင့် ဝိသေသ လက္ခဏာများတွင် ယုံကြည်မှုနှင့် ထူးချွန်ပြောင်မြောက်မှုတို့ဖြင့် ဘုရားသခင်အား ရိုးသားစွာကိုးကွယ်ခြင်း တို့မှတစ်ဆင့် ဖြစ်ပါသည်။ သတ္တဝါအားလုံးကို မေတ္တာထားမှုနှင့် ကူညီမှုတို့သည် ၎င်းတို့အား ဆင်းရဲဒုက္ခမှ ကျော်လွှားနိုင်အောင် ကူညီခြင်းဖြစ်ပြီး ဘုရားသခင်အား ကိုးကွယ်ခြင်း၊ ပြီးပြည့်စုံမှုနှင့် ပိုမိုနီးစပ်ခြင်း တို့အတွက် နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာအရ အတ္တဗဟိုပြုမှုသည် မိမိ၊ အခြားသူများနှင့် အရာအားလုံးတို့၏ တည်ရှိနေပုံကို သတိမရှိမှု (မသိမှု) ကြောင့်ဖြစ်လာပါသည်။ မှန်မှန်ကန်ကန် နားလည်မှုဖြင့် ၎င်းကို ကျော်လွှားနိုင်ပါသည်။ အားလုံးသည် ပျော်ရွှင်မှုကို ရရှိလိုခြင်း၊ ဆင်းရဲဒုက္ခကို အလိုမရှိခြင်းတို့တွင် တူညီသည်ကို သဘောပေါက်ခြင်းဖြင့် မေတ္တာတရား ပွားများနိုင်ပါသည်။ သို့သော် သတ္တဝါတို့သည် အမှန်တရားကို သတိမရှိခြင်းကြောင့် မိမိနှင့် အခြားသူများအတွက် ဆင်းရဲဒုက္ခများ ပိုမိုဖန်တီးမိပါတော့သည်။ အဆိုပါ အလွန်ခြားနားသည့် ဒဿနာဆိုင်ရာ အမြင်များ ရှိသော်လည်း အစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာသာ နှစ်ခုစလုံးကို ရိုးသားစွာ ကျင့်ကြံမှုသည် တစ်ကိုယ်ကောင်းဆန်မှုကို ကျော်လွှားရန်၊ သက်ရှိအားလုံးအတွက် မေတ္တာထားရန်၊ ၎င်းတို့၏ ဆင်းရဲဒုက္ခများကို ကြိုးစားဖယ်ရှားရန်ဆိုသည့် တူညီသော ရည်မှန်းချက်များ ဖြစ်ပေါ်စေပါသည်။
Top