မှန်ကန်သော အားထုတ်မှု၊ နှလုံးသွင်းမှုနှင့် စူးစိုက်မှု
သုံးသပ်ချက် ကျွန်ုပ်တို့သည် လေ့ကျင့်မှု သုံးရပ်နှင့်တကွ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ကို ကျင့်သုံးမှုမှတစ်ဆင့် နေ့စဉ်ဘဝတွင် ယင်းတို့က အထောက်အကူ ပြုပုံကို ယခုလေ့လာနေပါသည်။ သင်ကြားမှု သုံးရပ်တွင် အောက်ပါတို့ ပါဝင်ပါသည်-
ကျင့်ဝတ်သီလ
စူးစိုက်မှု သမာဓိ
ခွဲခြားသိရှိသော ပညာ။
...