ဗုဒ္ဓဘာသာကို လေ့လာနည်း။ နာယူခြင်း၊ တွေးတောခြင်းနှင့် ရှုမှတ်ခြင်း

ကျွန်ုပ်တို့၏ ပြဿနာများမှ ရှောင်ပြေးမည့်အစား ယင်းတို့အပေါ် ဗုဒ္ဓဘာသာ တရားတော်များနှင့် တရားရှုမှတ်မှုတို့ဖြင့် ကျွန်ုပ်တို့၏ အခက်အခဲများကို နောက်တစ်ဖန် ပြန်မဖြစ်သည်အထိ ကူညီဖြေရှင်းပေးနိုင်ပါသည်။ ဗုဒ္ဓဘာသာ နည်းစနစ်မှာ အရင်ဆုံး တရားတော်များထဲမှ အထောက်အကူပြုသော အချက်ကို လေ့လာသင်ယူပြီး တွေးတောစဉ်းစားရန်၊ ထို့နောက် နားလည်သဘောပေါက် လာသောအခါ အကျိုးပြုသော အလေ့အထအဖြစ် ကျင့်သုံးနိုင်အောင် ယင်းကို တရားရှုမှတ်ရန် ဖြစ်ပါသည်။ အန္တိမရည်မှန်းချက်မှာ နေ့စဉ်ဘဝတွင် ယင်းကို ကျင့်သုံးရန် ဖြစ်ပါသည်။
Top