အိန္ဒိယနိုင်ငံ၌ ဘိက္ခုဏီ သီလရှင် သာသနာ တည်ထောင်ခြင်း
ပထမဆုံး သီလရှင် ဝတ်ခဲ့သော အမျိုးသမီးများမှာ ဗုဒ္ဓမြတ်စွာ၏ မိထွေးတော်နှင့် နောက်လိုက်နောက်ပါ ၅၀၀ တို့ဖြစ်ပါသည်။ ထိုစဉ်က လူမှုအသိုင်းအဝိုင်းထံမှ သံသယ ကင်းစေရန် ဤကျား၊ မ ရောနှောနေသည့် မေထုန်မီဝဲခြင်း မရှိသော အဖွဲ့အတွက် သံဃာများ စောင့်ထိန်းသည့် သီလအပြင် နောက်ထပ် သီလများ ပေးထားပါသည်။