ရည်မှန်းချက် – တိဘက်ဗုဒ္ဓဘာသာအစဉ်အလာတွင် ပါဝင်သည့် တရားရှုမှတ်ခြင်းအကြောင်း လေ့လာရန်။ မည်သို့တရားရှုမှတ်သည်ကို သင်ယူရန်နှင့် ကျင့်ကြံရာတွင် လမ်းညွှန်မှုရရှိစေရန်
ပရိသတ် – အဆင့်အားလုံး၊ အသက်အရွယ်အားလုံး
အစီအစဉ်
- ရှင်းလင်းချက် (ပြဿနာ၊ အကြောင်းရင်း၊ နမူနာ၊ နည်းလမ်း)
- တရားရှုမှတ်ခြင်း (အဓိကစကားလုံးများဖြင့် လမ်းညွှန်ခြင်း)
- အကျဉ်းချုပ်
ကျင့်ကြံမည့်နေရာ – တိတ်ဆိတ်၊ သန့်ရှင်းပြီး ရှုပ်ပွနေခြင်း မရှိသော မည်သည့်နေရာမဆို
ကျင့်ကြံမည့်အချိန် – တစ်နေ့တာလုပ်ငန်းများ မဆောင်ရွက်မီ မနက်ခင်း။ ထိုသို့မဖြစ်နိုင်လျှင် ညအိပ်ရာမဝင်မီ တစ်နေ့တာကုန်ဆုံးချိန်။
ထိုင်ပုံထိုင်နည်း – မမြင့်လွန်း၊ မနိမ့်လွန်း၊ မပျော့လွန်း၊ မမာလွန်းသော အောက်ခံထိုင်ခုံပေါ်တွင် ခါးကိုမတ်မတ်ထားတာ ခြေထောက်ချိတ်ထားပါ။ ထိုသို့မဖြစ်နိုင်လျှင် နောက်မှီတည့်မတ်သော ထိုင်ခုံကိုသုံးပါ။ ထိုနှစ်မျိုးစလုံးတွင် ခါးကိုမတ်မတ်ထားကာ လက်များကို ပေါင်ပေါ်တွင်ထပ်ထားပါ။ အကောင်းဆုံးမှာ မျက်စိအနည်းငယ်ဖွင့်ပြီး အနည်းငယ် အာရုံစိုက်ကာ ကြမ်းပြင်ကိုစိုက်ကြည့်ပါ။
တရားရှုမှတ်ရန် အကြိမ်ရေ – အနည်းဆုံး တစ်နေ့တစ်ကြိမ်။ ဖြစ်နိုင်လျှင် နှစ်ကြိမ် (မနက်ခင်း အလုပ်မသွားခင်နှင့် ညဘက်အိပ်ရာမဝင်ခင်)။ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အစီအစဉ်အတိုင်း လိုက်နာကာ လမ်းညွှန်တရားရှုမှတ်ခြင်း တစ်ခုစီအတွက် အနည်းဆုံး တစ်ပတ်လျှင် နေ့စဉ်နေ့တိုင်း။ မည်သည့်အချိန်တွင်မဆို လိုအပ်မည်ထင်ပါက ယခင် တရားရှုမှတ်ခြင်းတစ်ခုကို ပြန်လည်ကျင့်ကြံနိုင်ပါသည်။
နောက်ထပ်ညွှန်ကြားချက်များ ရယူလိုပါက –
[တရားရှုမှတ်နည်း] တွင်ကြည့်ပါ]