နေ့စဉ်ဘဝတွင် စိတ်ကိုလေ့ကျင့်ခြင်း။ ဘာမှမထူးခြားခြင်း

ကျွန်ုပ်တို့အားလုံးတွင် မနက်အိပ်ရာထချိန်မှ ညအိပ်ရာဝင်ချိန်အထိ တစ်နေ့လုံး စိတ်ခံစားချက်အမျိုးမျိုး ကြုံတွေ့ရသည့် တစ်လောကလုံး၏ ဗဟိုဖြစ်သည့် “ငါ” ဆိုသောမွေးရာပါအသိ ရှိကြပါသည်။ ဤသို့သော “ငါ” သည် ပျော်ရွှင်မှုကို အမြဲတမ်းရှာဖွေနေပြီး ပြဿနာများကို ရှောင်ရှားလိုပါသည်။ သို့သော် ဘဝဆိုသည်မှာ ဘယ်တော့မှ ကိုယ်ဖြစ်ချင်သလို မဖြစ်ပါ။ ဤ “ငါ” နှင့် ၎င်း၏ “အခြားသူများ” နှင့် ဆက်စပ်မှုကို ပြန်လည် အကဲဖြတ်လေ့လာခြင်းဖြင့် ကျွန်ုပ်တို့သည် ကြုံတွေ့လာသည့် အခက်အခဲများကို ရင်ဆိုင်ရာတွင် ပိုမို ပွင့်လင်းပြီး စိတ်အေးသက်သာကာ ပျော်ရွှင်မှုကိုပင် ရရှိလာနိုင်ပါသည်။
Top